တရုတ္ႏိုင္ငံ၊ နန္တံုျမိဳ႕တြင္ အိမ္ျခံေျမေစ်းႏႈန္းမ်ား အလြန္အမင္းျမင့္တက္ျခင္းကို ကာကြယ္ရန္ႏွင့္ ေနအိမ္ေစ်းကစားျခင္းမ်ား တားဆီးရန္အတြက္ ေနအိမ္ဝယ္ယူျပီး ၅ ႏွစ္အတြင္း ျပန္လည္ေရာင္းခ်ခြင့္ ပိတ္ပင္

တရုတ္ႏိုင္ငံ၊ နန္တံုျမိဳ႕တြင္ အိမ္ျခံေျမေစ်းႏႈန္းမ်ား အလြန္အမင္းျမင့္တက္ျခင္းကို ကာကြယ္ရန္ႏွင့္ ေနအိမ္ေစ်းကစားျခင္းမ်ား တားဆီးရန္အတြက္ ေနအိမ္ဝယ္ယူျပီး ၅ ႏွစ္အတြင္း ျပန္လည္ေရာင္းခ်ခြင့္ ပိတ္ပင္ - Property News in Myanmar from iMyanmarHouse.com
31 Jan 2020 12:08 pm တွင် တင်ခဲ့သည်
782 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တရုတ္ႏိုင္ငံ၊ ရွန္ဟိုင္းျမိဳ႕အနီးတြင္ တည္ရွိေသာ နန္တံုျမိဳ႕တြင္ ေနအိမ္ေစ်းကစားျခင္းမ်ား တားဆီးရန္အတြက္ ေနအိမ္ဝယ္ယူျပီး ၅ ႏွစ္အတြင္း ျပန္လည္ေရာင္းခ်ခြင့္ ပိတ္ပင္လိုက္ေၾကာင္း ေဟာင္ေကာင္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

တရုတ္ျပည္အေရွ႕ပုိင္းရွိ နန္တံုျမိဳ႕သည္ လူဦးေရ ၇ သန္းေက်ာ္ ေနထိုင္ေသာျမိဳ႕တစ္ျမိဳ႕ျဖစ္သည္။

ေစ်းကြက္ေပါက္ေစ်းေအာက္ အလြန္နည္းပါးေသာ ေစ်းႏႈန္းျဖင့္ ေနအိမ္ဝယ္ယူထားသူမ်ားသည္ ၅ ႏွစ္အတြင္း အဆိုပါေနအိမ္မ်ားကို ျပန္လည္ေရာင္းခ်ခြင့္ မျပဳေၾကာင္း နန္တံုျမိဳ႕ အုပ္ခ်ဳပ္ေရးအဖြဲ႔က ေၾကညာလိုက္ျခင္း ျဖစ္သည္။

တရုတ္ျပည္တြင္ အိမ္ျခံေျမေစ်းႏႈန္းမ်ား အလြန္အမင္းျမင့္တက္ျခင္းကို ကာကြယ္ရန္အတြက္ အိမ္ျခံေျမေစ်းကစားျခင္းမ်ားကို ၂၀၁၆ ခုႏွစ္ကတည္းက စတင္ကာ ကာကြယ္တားဆီးျခင္းမ်ား ျပဳလုပ္ခဲ့သည္။

သို႔ေသာ္ တရုတ္ျပည္၏ စီးပြားေရးတိုးတက္မႈ ေႏွးေကြးေနေသာေၾကာင့္ တိုင္းျပည္စီးပြားေရး၏ ေဒါက္တိုင္တစ္ခုျဖစ္ေသာ အိမ္ျခံေျမ ေစ်းကြက္တြင္ လက္ကားေရာင္းခ်မႈက႑ ျပိဳလဲမသြားေစရန္လည္း တရုတ္အစိုးရပိုင္းက သတိထားေနရသည္။

ထို႔ေၾကာင့္ တစ္ျမိဳ႕ခ်င္းစီအလိုက္ ေဒသအေျခအေနအရ မူဝါဒမ်ား ခ်မွတ္ေရးကိုသာ တရုတ္အစိုးရက အာရံုစိုက္ခဲ့သည္။

အဆင့္သတ္မွတ္ခ်က္မ်ား သုေတသနျပဳလုပ္ အစီရင္ခံေနသည့္ အဖြဲ႔တစ္ခုျဖစ္ေသာ Fitch Ratings ၏ ခန္႔မွန္းခ်က္အရ လာမည့္ ၂ ႏွစ္အတြင္း ရွန္ဟိုင္း၊ ေပက်င္း၊ ကြမ္က်ဳိးႏွင့္ ရွန္က်န္းတိုိ႔ကဲ့သို႔ေသာ ထိပ္တန္းျမိဳ႕ၾကီးမ်ားတြင္ အိမ္ျခံေျမေစ်းႏႈန္း ျမင့္တက္မႈမ်ား ရွိလာမည္ မဟုတ္ေၾကာင္း ခန္႔မွန္းထားသည္။

ရွန္က်န္းရွိ အိမ္ခန္းေပါင္း ၁၂၀၀ ပါဝင္ေသာ အိမ္ရာတစ္ခုတြင္ ေနအိမ္ေစ်းကစားျခင္းမ်ား ဆိုးရြားစြာျဖစ္ေပၚေနေသာေၾကာင့္ ေနအိမ္အားလံုးကို ေရာင္းခ်ခြင့္ ပိတ္ပင္လိုက္ျပီးေနာက္ နန္တံုျမိဳ႕တြင္လည္း ယခုကဲ့သို႔ တားျမစ္မႈ ျပဳလုပ္လုိက္ျခင္း ျဖစ္သည္။

ျပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၁၃ ရက္က WeChat တြင္ ေျပာဆိုေနၾကေသာ မက္ေဆ့တစ္ခု အင္တာနက္ သံုးစြဲသူတို႔အၾကား ျပန္႔ႏွံ႔ခဲ့သည္။

“ေနအိမ္ပိုင္ရွင္မ်ား ေကာ္မတီ” ဟု အမည္ေပးထားေသာ အုပ္စုတစ္ခုက ေနအိမ္ပိုင္ရွင္မ်ားအားလံုးကို တိုက္ခန္းမ်ား၏ ေခၚေစ်း ျမွင့္တင္ရန္၊ ၁ စတုရန္းမီတာလွ်င္ အနည္းဆံုး ယြမ္ေငြ ၅၅၀၀၀ ေတာင္းၾကရန္ ေျပာဆိုထားသည့္ မက္ေဆ့တစ္ခု ျပန္႔ႏွံ႔ခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ေသာ ေျပာဆိုမႈမ်ဳိးသည္ ဗဟိုအစိုးရ၏ လမ္းညႊန္ခ်က္ျဖစ္ေသာ “ေနအိမ္မ်ားသည္ ေနထိုင္ရန္အတြက္သာျဖစ္ျပီး ေစ်းကစားရန္ မဟုတ္” ဟူေသာ မူႏွင့္ ဆိုးရြားစြာေသြဖည္ေနေၾကာင္း အာဏာပိုင္တို႔က သတိေပးသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

### Unicode Version ###

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့အနီးတွင် တည်ရှိသော နန်တုံမြို့တွင် နေအိမ်ဈေးကစားခြင်းများ တားဆီးရန်အတွက် နေအိမ်ဝယ်ယူပြီး ၅ နှစ်အတွင်း ပြန်လည်ရောင်းချခွင့် ပိတ်ပင်လိုက်ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တရုတ်ပြည်အရှေ့ပိုင်းရှိ နန်တုံမြို့သည် လူဦးရေ ၇ သန်းကျော် နေထိုင်သောမြို့တစ်မြို့ဖြစ်သည်။

ဈေးကွက်ပေါက်ဈေးအောက် အလွန်နည်းပါးသော ဈေးနှုန်းဖြင့် နေအိမ်ဝယ်ယူထားသူများသည် ၅ နှစ်အတွင်း အဆိုပါနေအိမ်များကို ပြန်လည်ရောင်းချခွင့် မပြုကြောင်း နန်တုံမြို့ အုပ်ချုပ်ရေးအဖွဲ့က ကြေညာလိုက်ခြင်း ဖြစ်သည်။

တရုတ်ပြည်တွင် အိမ်ခြံမြေဈေးနှုန်းများ အလွန်အမင်းမြင့်တက်ခြင်းကို ကာကွယ်ရန်အတွက် အိမ်ခြံမြေဈေးကစားခြင်းများကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ကာ ကာကွယ်တားဆီးခြင်းများ ပြုလုပ်ခဲ့သည်။

သို့သော် တရုတ်ပြည်၏ စီးပွားရေးတိုးတက်မှု နှေးကွေးနေသောကြောင့် တိုင်းပြည်စီးပွားရေး၏ ဒေါက်တိုင်တစ်ခုဖြစ်သော အိမ်ခြံမြေ ဈေးကွက်တွင် လက်ကားရောင်းချမှုကဏ္ဍ ပြိုလဲမသွားစေရန်လည်း တရုတ်အစိုးရပိုင်းက သတိထားနေရသည်။

ထို့ကြောင့် တစ်မြို့ချင်းစီအလိုက် ဒေသအခြေအနေအရ မူဝါဒများ ချမှတ်ရေးကိုသာ တရုတ်အစိုးရက အာရုံစိုက်ခဲ့သည်။

အဆင့်သတ်မှတ်ချက်များ သုတေသနပြုလုပ် အစီရင်ခံနေသည့် အဖွဲ့တစ်ခုဖြစ်သော Fitch Ratings ၏ ခန့်မှန်းချက်အရ လာမည့် ၂ နှစ်အတွင်း ရှန်ဟိုင်း၊ ပေကျင်း၊ ကွမ်ကျိုးနှင့် ရှန်ကျန်းတို့ကဲ့သို့သော ထိပ်တန်းမြို့ကြီးများတွင် အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုများ ရှိလာမည် မဟုတ်ကြောင်း ခန့်မှန်းထားသည်။

ရှန်ကျန်းရှိ အိမ်ခန်းပေါင်း ၁၂၀၀ ပါဝင်သော အိမ်ရာတစ်ခုတွင် နေအိမ်ဈေးကစားခြင်းများ ဆိုးရွားစွာဖြစ်ပေါ်နေသောကြောင့် နေအိမ်အားလုံးကို ရောင်းချခွင့် ပိတ်ပင်လိုက်ပြီးနောက် နန်တုံမြို့တွင်လည်း ယခုကဲ့သို့ တားမြစ်မှု ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်က WeChat တွင် ပြောဆိုနေကြသော မက်ဆေ့တစ်ခု အင်တာနက် သုံးစွဲသူတို့အကြား ပြန့်နှံ့ခဲ့သည်။

“နေအိမ်ပိုင်ရှင်များ ကော်မတီ” ဟု အမည်ပေးထားသော အုပ်စုတစ်ခုက နေအိမ်ပိုင်ရှင်များအားလုံးကို တိုက်ခန်းများ၏ ခေါ်ဈေး မြှင့်တင်ရန်၊ ၁ စတုရန်းမီတာလျှင် အနည်းဆုံး ယွမ်ငွေ ၅၅၀၀၀ တောင်းကြရန် ပြောဆိုထားသည့် မက်ဆေ့တစ်ခု ပြန့်နှံ့ခဲ့ခြင်း ဖြစ်သည်။

ထိုသို့သော ပြောဆိုမှုမျိုးသည် ဗဟိုအစိုးရ၏ လမ်းညွှန်ချက်ဖြစ်သော “နေအိမ်များသည် နေထိုင်ရန်အတွက်သာဖြစ်ပြီး ဈေးကစားရန် မဟုတ်” ဟူသော မူနှင့် ဆိုးရွားစွာသွေဖည်နေကြောင်း အာဏာပိုင်တို့က သတိပေးသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေါ်လာ ၁၇၅၀၀၀ ဒဏ်ငွေချမှတ်ခံရ...
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေါ်လာ ၁၇၅၀၀၀ ဒဏ်ငွေချမှတ်ခံရ...
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆ နှစ်ကြာ ငုတ်တုတ်အိပ်ခဲ့ရသော အမျိုးသမီး...
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆ နှစ်ကြာ ငုတ်တုတ်အိပ်ခဲ့ရသော အမျိုးသမီး...
သရဲတစ္ဆေကို မယုံကြည်သူတိုင်း သွားရောက်စမ်းသပ်ခံစားသင့်သည့် နာမည်ကျော်ပုဏ္ဏကတိုက်သည့် ဖြစ်ရပ်ဆန်းများနဲ့ Conjuring House...
သရဲတစ္ဆေကို မယုံကြည်သူတိုင်း သွားရောက်စမ်းသပ်ခံစားသင့်သည့် နာမည်ကျော်ပုဏ္ဏကတိုက်သည့် ဖြစ်ရပ်ဆန်းများနဲ့ Conjuring House...
အင်္ဂလန်ရုပ်ရှင်မင်းသမီးကြီး ဂျိန်းစီမောပိုင်ဆိုင်ခဲ့ဖူးပြီး Radiohead နှင့် the Cure တို့ကဲ့သို့ ရော့ခ်ဂီတ ဝိုင်းကြီးများကို အငှားချထားခဲ့ဖူးသော နှစ်ပေါင်း ၄၀၀ သက်တမ်းရှိ စံအိမ်ကြီး ပေါင် ၁၂ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

လော့စ်အိန်ဂျလိမှ အိမ်ရှင်အမျိုးသမီးက သူ၏ ဒေါ်လာ ၁ ဒသမ ၆ သန်းတန် အိမ်ကို အငှားချထားရာ ငှားရမ်းသည့်သူက အင်္ဂလန်သို့ ပြောင်းရွှေ့သွားပြီးနောက် လော့စ်အိန်ဂျလိမှ အခန်းကို အချိန်ပိုင်းတရားမဝင် ပြန်လည်အငှားချ...

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်က အိမ်ရာမဲ့များအတွက် အိမ်ငယ်လေးပေါင်း ၁၂၀၀ ဆောက်လုပ်မည်ဟု လွန်ခဲ့သောနှစ်က ကတိပြုခဲ့သော်လည်း ယခုတိုင် အိမ်ရာမဲ့တစ်ဦးမှ လက်ခံခြင်း မရှိသေး...
ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်က အိမ်ရာမဲ့များအတွက် အိမ်ငယ်လေးပေါင်း ၁၂၀၀ ဆောက်လုပ်မည်ဟု လွန်ခဲ့သောနှစ်က ကတိပြုခဲ့သော်လည်း ယခုတိုင် အိမ်ရာမဲ့တစ်ဦးမှ လက်ခံခြင်း မရှိသေး...
ဂျင်မ်ကာရေးက လော့စ်အိန်ဂျလိစံအိမ်ကို အဆက်မပြတ် ဈေးလျှော့ပေးနေသော်လည်း ရောင်းမထွက်‌သောကြောင့် တတိယအကြိမ် ဈေးလျှော့ပေးလာပြန်...
ဂျင်မ်ကာရေးက လော့စ်အိန်ဂျလိစံအိမ်ကို အဆက်မပြတ် ဈေးလျှော့ပေးနေသော်လည်း ရောင်းမထွက်‌သောကြောင့် တတိယအကြိမ် ဈေးလျှော့ပေးလာပြန်...
အင်္ဂလန်တွင် ကိုယ်ပိုင်ရထားလမ်းပါသော အံ့ဖွယ်စံအိမ်တစ်လုံး ပေါင် ၁ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ကိုယ်ပိုင်ရထားလမ်းပါသော အံ့ဖွယ်စံအိမ်တစ်လုံး ပေါင် ၁ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ...
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ...
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ်ကြီး လက်ဆောင်ပေး...
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ်ကြီး လက်ဆောင်ပေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service