အီတလီတြင္ ေနအိမ္မ်ားကို ၁ ေပါင္ (ျမန္မာေငြ ၁၈၉၉ က်ပ္) မွ်ျဖင့္ ေရာင္းခ်ေပးေနျပန္ျပီ

အီတလီတြင္ ေနအိမ္မ်ားကို ၁ ေပါင္ (ျမန္မာေငြ ၁၈၉၉ က်ပ္) မွ်ျဖင့္ ေရာင္းခ်ေပးေနျပန္ျပီ - Property News in Myanmar from iMyanmarHouse.com
31 Jan 2020 11:42 am တွင် တင်ခဲ့သည်
7879 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ျဗိတိန္စတာလင္ ၁ ေပါင္ (ျမန္မာေငြ ၁၈၉၉ က်ပ္) ျဖင့္ ယေန႔ေခတ္ၾကီးတြင္ မည္သည့္အရာမ်ား ဝယ္ယူရရွိႏိုင္ပါသနည္း။

အီတလီႏိုင္ငံေတာင္ပိုင္း၊ ဘဆာခ်ာ (Bisaccia ) အမည္ရွိ ျမိဳ႕ကေလးတြင္ကား ၁ ေပါင္ျဖင့္ ေနအိမ္တစ္လံုး ဝယ္ယူရရွိႏိုင္မည္ဟု ဆိုလွ်င္ သင္တို႔ အံ့ၾသသြားမည္မွာ ေသခ်ာသည္။

ဘဆာခ်ာျမိဳ႕ကေလးသည္ အီတလီႏိုင္ငံေတာင္ပိုင္း ေအဗယ္လီႏိုျပည္နယ္တြင္ တည္ရွိျပီး လူဦးေရ ၄၃၈၂ ဦးသာရွိေသာ ျမိဳ႕ကေလး ျဖစ္သည္။

ယင္းသို႔ ေနအိမ္မ်ားကို ၁ ေပါင္မွ်ျဖင့္ ေရာင္းခ်ေပးျခင္းမွာ ေဒသတြင္း အုပ္ခ်ဳပ္ေရးအဖြဲ႔၏ အစီအစဥ္တစ္ရပ္ ျဖစ္သည္။

သို႔ရာတြင္ သတိျပဳရမည့္ အခ်က္တစ္ခုကား ရွိေနသည္။

သင္ရရွိလာမည့္ေနအိမ္ကို ျပန္လည္ျပင္ဆင္မြမ္းမံရန္အတြက္ ေငြအလံုအေလာက္ရွိရန္ လိုအပ္သည္။

သို႔ေသာ္လည္း ဤမွ်သာယာလွပသည့္ေနရာတြင္ ေနထုိင္ရမည္ျဖစ္ရာ အလြန္တန္သည္ဟု ဆိုရမည္။

လြန္ခဲ့ေသာ ဆယ္စုႏွစ္ အနည္းငယ္က အဆိုပါေဒသတြင္ ငလ်င္ၾကီးတစ္ခု လႈပ္ခတ္ခဲ့ျပီးေနာက္ပိုင္း လူေပါင္းမ်ားစြာမွာ ေနအိမ္မ်ားကို စြန္႔ပစ္ခဲ့ၾကသည္။ ေနအိမ္ေပါင္း ၉၀ ဝန္းက်င္ခန္႔မွာ နည္းပါးလွေသာ ေစ်းႏႈန္းမ်ားျဖင့္ အေရာင္းေစ်းကြက္တြင္ ေရာက္ရွိေနသည္။

အနိမ့္ဆံုးေစ်းႏႈန္း ၁ ယူရိုေငြ (ျမန္မာေငြ ၁၆၀၇ က်ပ္) မွ စတင္ေသာ နည္းပါးလွသည့္ အိမ္ေစ်းမ်ားေၾကာင့္ ဝယ္လက္မ်ားကို ဆြဲေဆာင္ႏိုင္ရန္၊ ပ်က္စီးယိုယြင္းေနေသာ ေနအိမ္မ်ားကို ေရႊထီးေဆာင္းစဥ္ကာလမ်ားကအတိုင္း ျပန္လည္မြမ္းမံေပးေစရန္၊ ေဒသတြင္း စီးပြားေရးအတြက္ ရင္းႏွီးျမွဳပ္ႏွံေငြမ်ား ေဆာင္ၾကဥ္းလာၾကေစရန္ ဆြဲေဆာင္ႏိုင္မည္ဟု ေမွ်ာ္လင့္ထားသည္။ ျမိဳ႕ေကာင္စီဝင္မ်ားက ပိုမိုလိုလားသည္မွာ အုပ္စုလိုက္ အရင္းအႏွီးစုကာ ေျမကြက္မ်ားစြာ ဝယ္ယူၾကရန္ ျဖစ္သည္။

ရင္းႏွီးျမွဳပ္ႏွံသူမ်ားအေနျဖင့္ ေစ်းသက္သာသည္ဟုဆိုကာ ေနအိမ္မ်ားရယူျပီး ျပဳျပင္မြမ္းမံကာ ျပန္လည္ေရာင္းခ်ကာ ေဒသမွ ျပန္လည္ထြက္ခြာသြားၾကမည္ကို မလိုလားေခ်။ ျမိဳ႕ကေလးရွိ ပ်က္စီးေနေသာ ေနအိမ္မ်ားအတြက္သာမက လူမႈအသိုက္အဝန္းတစ္ခုလံုး ရွင္သန္လာေစရန္ ရည္ရြယ္ျခင္း ျဖစ္သည္။

“ဒီေနရာမွာ ကၽြန္ေတာ္တို႔ဟာ အေျခအေနတစ္မ်ဳိးနဲ႔ ရင္ဆိုင္ေနရပါတယ္။ ေရွးေဟာင္းအက်ဆံုးေနရာေတြမွာ စြန္႔ပစ္ထားျပီး လူမေနေတာ့တဲ့ေနရာေတြ မ်ားျပားေနတယ္။ စြန္႔ပစ္ထားတဲ့ေနအိမ္ေတြဟာ အစုအေဝးလိုက္ျဖစ္ေနတယ္။ တစ္လမ္းထဲမွာ ေဘးခ်င္းကပ္ေတြ ဆက္တိုက္တည္ရွိေနပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔အေနနဲ႔ တစုတစည္းထဲ ေနထုိင္ၾကမယ့္ မိသားစုေတြ၊ မိတ္ေဆြသူငယ္ခ်င္းေတြ၊ ေဆြမ်ဳိးသားခ်င္းေတြ၊ အခ်င္းခ်င္းသိကၽြမ္းၾကတဲ့ ရင္းႏွီးျမွဳပ္ႏွံသူေတြကို ဖိတ္ေခၚပါတယ္။ ေနအိမ္ တစ္လံုးဆိုတာထက္ မ်ားမ်ားဝယ္ယူၾကျပီး ဘဝသစ္တစ္ခုကို စတင္ၾကဖို႔ အားေပးပါတယ္” ဟု ျမိဳ႕ကေလး၏ လက္ေထာက္ ျမိဳ႕ေတာ္ဝန္ ဖရန္ဆက္စ္ကို တာတာဂလီယာက ေျပာၾကားသည္။

ဘဆာခ်ာဟူသည္မွာ ေဖာ္ေရြေသာျမိဳ႕ဟု အဓိပၸာယ္ရသည္။ ျမိဳ႕ကေလး၏ အေျခအေနမွာ က်ပ္တည္းစြာရုန္းကန္ရသည့္ အေျခအေနမ်ဳိးရွိသည့္တိုင္ ျမိဳ႕ခံမ်ားမွာ ေဖာ္ေရြၾက၏၊ အလုပ္ၾကိဳးစားၾက၏၊ ခက္ခဲေသာ အေျခအေနမ်ားမွ အလ်င္အျမန္ ရုန္းထႏိုင္ၾက၏။

ယခင္က အီတလီတြင္ ေနအိမ္မ်ားကို ၁ ေဒၚလာျဖင့္ ေရာင္းခ်ေပးခဲ့ျခင္းမ်ားရွိခဲ့ေသာ္လည္း ထိုေနရာမ်ားတြင္ ဝယ္လက္အေနျဖင့္ ျပဳျပင္မြမ္းမံရာတြင္ ေငြမည္မွ်သံုးစြဲရမည္ဟူေသာ သတ္မွတ္ခ်က္မ်ားရွိသည္။

ဘဆာခ်ာတြင္မူ အဆိုပါသတ္မွတ္ခ်က္မ်ဳိး မရွိေခ်။

ထို႔အျပင္ ေနအိမ္မြမ္းမံျခင္းကို အခ်ိန္ကာလ မည္မွ်အတြင္း အျပီးအေကာင္အထည္ေဖာ္ရမည္ဟူေသာ အခ်ိန္ကာလ သတ္မွတ္ခ်က္မ်ဳိးလည္း မရွိ။ “ေနအိမ္ေတြ လဲႊေျပာင္းတဲ့ လုပ္ငန္းစဥ္ဟာ လ်င္ျမန္ေခ်ာေမြ႔ေစရမယ္လို႔ အာမခံပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ မူလပိုင္ရွင္ေတြရဲ႕ မ်ဳိးဆက္ေတြဆီ ေျခရာလိုက္ခံေနဖို႔ မလိုပါဘူး”ဟု တာတာဂလီယာက ေျပာၾကားသည္။

ဘဆာခ်ာျမိဳ႕ကေလး၏ ေနရာတိုင္းတြင္ သာယာလွပေသာ ရႈခင္းမ်ား ပိုင္ဆိုင္ထားျပီး ျမိဳ႕ငယ္ေလး၏ ေလထန္ေသာ လမ္းမ်ားေပၚတြင္ ရင္သပ္ရႈေမာဖြယ္ ဘာရုတ္ဗိသုကာဟန္ အေဆာက္အအံုမ်ား ျပည့္ႏွက္ေနသည္။

(ဆက္စပ္သတင္းမ်ား)

(၁) ေနအိမ္မ်ား အခမဲ့ေပးျခင္း၊ ၁ ေဒၚလာျဖင့္ ေရာင္းခ်ျခင္းမ်ား အဆက္မျပတ္ျပဳလုပ္ေနေသာ အီတလီႏိုင္ငံတြင္ ယခုအခါ စစၥလီကၽြန္း၊ ဘီဗိုနာျမိဳ႕တြင္လည္း ေနအိမ္မ်ားကို ၁ ေဒၚလာျဖင့္ ေရာင္းခ်ေပးေနျပီ

https://www.imyanmarhouse.com/news/read/874147

(၂) အေမရိကန္ျပည္၊ ေဂ်ာ္ဂ်ီယာျပည္နယ္တြင္ ေနအိမ္တစ္လံုးကို ၁ ေဒၚလာ (ျမန္မာေငြ ၁၅၃၃ က်ပ္) မွ်ျဖင့္ အမွန္တကယ္ ဝယ္ယူရရွိႏိုင္ျပီ

https://www.imyanmarhouse.com/news/read/864551

(၃) နယူးေယာက္ျမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးအဖြဲ႔က ၂၀၁၈ ခုႏွစ္အတြင္း ေျမကြက္လြတ္မ်ားကို တစ္ကြက္လွ်င္ ၁ ေဒၚလာျဖင့္ ေရာင္းခ်ေပးခဲ့

https://www.imyanmarhouse.com/news/read/807486

(၄) အီတလီတြင္ ေနအိမ္မ်ားကို ၁ ေဒၚလာျဖင့္ ဝယ္ယူရရွိႏိုင္ျပီ

https://www.imyanmarhouse.com/news/read/770392

(၅) အေမရိကန္ျပည္၊ အိုကလာဟိုးမားျပည္နယ္တြင္ ၂ ဧကက်ယ္ဝန္းသည့္ ျခံဝန္းႏွင့္ စတုရန္းေပ ၄၀၀၀ က်ယ္ဝန္းေသာ ေနအိမ္ၾကီး ၁ ေဒၚလာျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

https://www.imyanmarhouse.com/news/read/732497

(၆) အီတလီတြင္ ေနအိမ္ေပါင္း အလံုး ၂၀၀ ကို ၁ ေဒၚလာေက်ာ္ေက်ာ္မွ်ျဖင့္ ေရာင္းခ်ေပးေနျပီ

https://www.imyanmarhouse.com/news/read/723874

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။) Credit: iMyanmarHouse.com

### Unicode Version ###

ဗြိတိန်စတာလင် ၁ ပေါင် (မြန်မာငွေ ၁၈၉၉ ကျပ်) ဖြင့် ယနေ့ခေတ်ကြီးတွင် မည်သည့်အရာများ ဝယ်ယူရရှိနိုင်ပါသနည်း။

အီတလီနိုင်ငံတောင်ပိုင်း၊ ဘဆာချာ (Bisaccia ) အမည်ရှိ မြို့ကလေးတွင်ကား ၁ ပေါင်ဖြင့် နေအိမ်တစ်လုံး ဝယ်ယူရရှိနိုင်မည်ဟု ဆိုလျှင် သင်တို့ အံ့သြသွားမည်မှာ သေချာသည်။

ဘဆာချာမြို့ကလေးသည် အီတလီနိုင်ငံတောင်ပိုင်း အေဗယ်လီနိုပြည်နယ်တွင် တည်ရှိပြီး လူဦးရေ ၄၃၈၂ ဦးသာရှိသော မြို့ကလေး ဖြစ်သည်။

ယင်းသို့ နေအိမ်များကို ၁ ပေါင်မျှဖြင့် ရောင်းချပေးခြင်းမှာ ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်တစ်ရပ် ဖြစ်သည်။

သို့ရာတွင် သတိပြုရမည့် အချက်တစ်ခုကား ရှိနေသည်။

သင်ရရှိလာမည့်နေအိမ်ကို ပြန်လည်ပြင်ဆင်မွမ်းမံရန်အတွက် ငွေအလုံအလောက်ရှိရန် လိုအပ်သည်။

သို့သော်လည်း ဤမျှသာယာလှပသည့်နေရာတွင် နေထိုင်ရမည်ဖြစ်ရာ အလွန်တန်သည်ဟု ဆိုရမည်။

လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်က အဆိုပါဒေသတွင် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း လူပေါင်းများစွာမှာ နေအိမ်များကို စွန့်ပစ်ခဲ့ကြသည်။ နေအိမ်ပေါင်း ၉၀ ဝန်းကျင်ခန့်မှာ နည်းပါးလှသော ဈေးနှုန်းများဖြင့် အရောင်းဈေးကွက်တွင် ရောက်ရှိနေသည်။

အနိမ့်ဆုံးဈေးနှုန်း ၁ ယူရိုငွေ (မြန်မာငွေ ၁၆၀၇ ကျပ်) မှ စတင်သော နည်းပါးလှသည့် အိမ်ဈေးများကြောင့် ဝယ်လက်များကို ဆွဲဆောင်နိုင်ရန်၊ ပျက်စီးယိုယွင်းနေသော နေအိမ်များကို ရွှေထီးဆောင်းစဉ်ကာလများကအတိုင်း ပြန်လည်မွမ်းမံပေးစေရန်၊ ဒေသတွင်း စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံငွေများ ဆောင်ကြဉ်းလာကြစေရန် ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ထားသည်။ မြို့ကောင်စီဝင်များက ပိုမိုလိုလားသည်မှာ အုပ်စုလိုက် အရင်းအနှီးစုကာ မြေကွက်များစွာ ဝယ်ယူကြရန် ဖြစ်သည်။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဈေးသက်သာသည်ဟုဆိုကာ နေအိမ်များရယူပြီး ပြုပြင်မွမ်းမံကာ ပြန်လည်ရောင်းချကာ ဒေသမှ ပြန်လည်ထွက်ခွာသွားကြမည်ကို မလိုလားချေ။ မြို့ကလေးရှိ ပျက်စီးနေသော နေအိမ်များအတွက်သာမက လူမှုအသိုက်အဝန်းတစ်ခုလုံး ရှင်သန်လာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

“ဒီနေရာမှာ ကျွန်တော်တို့ဟာ အခြေအနေတစ်မျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ရှေးဟောင်းအကျဆုံးနေရာတွေမှာ စွန့်ပစ်ထားပြီး လူမနေတော့တဲ့နေရာတွေ များပြားနေတယ်။ စွန့်ပစ်ထားတဲ့နေအိမ်တွေဟာ အစုအဝေးလိုက်ဖြစ်နေတယ်။ တစ်လမ်းထဲမှာ ဘေးချင်းကပ်တွေ ဆက်တိုက်တည်ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တစုတစည်းထဲ နေထိုင်ကြမယ့် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေ၊ အချင်းချင်းသိကျွမ်းကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ပါတယ်။ နေအိမ် တစ်လုံးဆိုတာထက် များများဝယ်ယူကြပြီး ဘဝသစ်တစ်ခုကို စတင်ကြဖို့ အားပေးပါတယ်” ဟု မြို့ကလေး၏ လက်ထောက် မြို့တော်ဝန် ဖရန်ဆက်စ်ကို တာတာဂလီယာက ပြောကြားသည်။

ဘဆာချာဟူသည်မှာ ဖော်ရွေသောမြို့ဟု အဓိပ္ပာယ်ရသည်။ မြို့ကလေး၏ အခြေအနေမှာ ကျပ်တည်းစွာရုန်းကန်ရသည့် အခြေအနေမျိုးရှိသည့်တိုင် မြို့ခံများမှာ ဖော်ရွေကြ၏၊ အလုပ်ကြိုးစားကြ၏၊ ခက်ခဲသော အခြေအနေများမှ အလျင်အမြန် ရုန်းထနိုင်ကြ၏။

ယခင်က အီတလီတွင် နေအိမ်များကို ၁ ဒေါ်လာဖြင့် ရောင်းချပေးခဲ့ခြင်းများရှိခဲ့သော်လည်း ထိုနေရာများတွင် ဝယ်လက်အနေဖြင့် ပြုပြင်မွမ်းမံရာတွင် ငွေမည်မျှသုံးစွဲရမည်ဟူသော သတ်မှတ်ချက်များရှိသည်။

ဘဆာချာတွင်မူ အဆိုပါသတ်မှတ်ချက်မျိုး မရှိချေ။

ထို့အပြင် နေအိမ်မွမ်းမံခြင်းကို အချိန်ကာလ မည်မျှအတွင်း အပြီးအကောင်အထည်ဖော်ရမည်ဟူသော အချိန်ကာလ သတ်မှတ်ချက်မျိုးလည်း မရှိ။ “နေအိမ်တွေ လွဲှပြောင်းတဲ့ လုပ်ငန်းစဉ်ဟာ လျင်မြန်ချောမွေ့စေရမယ်လို့ အာမခံပါတယ်။ ကျွန်တော်တို့အနေနဲ့ မူလပိုင်ရှင်တွေရဲ့ မျိုးဆက်တွေဆီ ခြေရာလိုက်ခံနေဖို့ မလိုပါဘူး”ဟု တာတာဂလီယာက ပြောကြားသည်။

ဘဆာချာမြို့ကလေး၏ နေရာတိုင်းတွင် သာယာလှပသော ရှုခင်းများ ပိုင်ဆိုင်ထားပြီး မြို့ငယ်လေး၏ လေထန်သော လမ်းများပေါ်တွင် ရင်သပ်ရှုမောဖွယ် ဘာရုတ်ဗိသုကာဟန် အဆောက်အအုံများ ပြည့်နှက်နေသည်။

(ဆက်စပ်သတင်းများ)

(၁) နေအိမ်များ အခမဲ့ပေးခြင်း၊ ၁ ဒေါ်လာဖြင့် ရောင်းချခြင်းများ အဆက်မပြတ်ပြုလုပ်နေသော အီတလီနိုင်ငံတွင် ယခုအခါ စစ္စလီကျွန်း၊ ဘီဗိုနာမြို့တွင်လည်း နေအိမ်များကို ၁ ဒေါ်လာဖြင့် ရောင်းချပေးနေပြီ

https://www.imyanmarhouse.com/news/read/874147

(၂) အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် နေအိမ်တစ်လုံးကို ၁ ဒေါ်လာ (မြန်မာငွေ ၁၅၃၃ ကျပ်) မျှဖြင့် အမှန်တကယ် ဝယ်ယူရရှိနိုင်ပြီ

https://www.imyanmarhouse.com/news/read/864551

(၃) နယူးယောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ၂၀၁၈ ခုနှစ်အတွင်း မြေကွက်လွတ်များကို တစ်ကွက်လျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးခဲ့

https://www.imyanmarhouse.com/news/read/807486

(၄) အီတလီတွင် နေအိမ်များကို ၁ ဒေါ်လာဖြင့် ဝယ်ယူရရှိနိုင်ပြီ

https://www.imyanmarhouse.com/news/read/770392

(၅) အမေရိကန်ပြည်၊ အိုကလာဟိုးမားပြည်နယ်တွင် ၂ ဧကကျယ်ဝန်းသည့် ခြံဝန်းနှင့် စတုရန်းပေ ၄၀၀၀ ကျယ်ဝန်းသော နေအိမ်ကြီး ၁ ဒေါ်လာဖြင့် အရောင်းဈေးကွက်ဝင်လာ

https://www.imyanmarhouse.com/news/read/732497

(၆) အီတလီတွင် နေအိမ်ပေါင်း အလုံး ၂၀၀ ကို ၁ ဒေါ်လာကျော်ကျော်မျှဖြင့် ရောင်းချပေးနေပြီ

https://www.imyanmarhouse.com/news/read/723874

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။) Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service