“Expendables,” “Transporter” ႏွင့္ “Fast & Furious” ဇာတ္ကားမ်ား၏ သရုပ္ေဆာင္ ေဂ်ဆင္ စတာသမ္ႏွင့္ ခ်စ္သူတို႔က ေလာ့စ္အိန္ဂ်လိအိမ္ကို ေရာင္းခ်လိုက္ျပီ

“Expendables,” “Transporter” ႏွင့္ “Fast & Furious” ဇာတ္ကားမ်ား၏ သရုပ္ေဆာင္ ေဂ်ဆင္ စတာသမ္ႏွင့္ ခ်စ္သူတို႔က ေလာ့စ္အိန္ဂ်လိအိမ္ကို ေရာင္းခ်လိုက္ျပီ - Property News in Myanmar from iMyanmarHouse.com
24 Jan 2020 12:27 pm တွင် တင်ခဲ့သည်
1194 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေဂ်ဆင္စတာသမ္သည္ အဂၤလိပ္လူမ်ဳိး ရုပ္ရွင္သရုပ္ေဆာင္၊ ရုပ္ရွင္ထုတ္လုပ္သူတစ္ဦးျဖစ္ျပီး ၁၉၆၇ ခုႏွစ္၊ ဇူလိုင္လ ၂၆ ရက္တြင္ အဂၤလန္ႏိုင္ငံ၊ ဒါဘီ႐ႈိင္းယား၌ ေမြးဖြားသည္။

ငယ္စဥ္က ေဒသတြင္းရွိ ေစ်းဆိုင္မ်ားတြင္ အလုပ္လုပ္ရင္း ကြန္ဖူး၊ ကစ္ေဘာက္ဆင္ႏွင့္ ကရာေတးတို႔ကို သင္ယူေလ့က်င့္ခဲ့သည္။

ဇာတ္ကားေပါင္းမ်ားစြာ ပါ၀င္သ႐ုပ္ေဆာင္ခဲ့သည့္အနက္ The Transporter trilogy (2002–08)၊Italian Job (2003)၊ The Expendables (2010–2014)၊ The Fast and the Furious franchise၊ Furious 7ဇာတ္ကားတို႔မွာေက်ာ္ၾကားသည္။

ရုပ္ရွင္ေလာကတြင္ ျဖတ္သန္းခဲ့သည့္ကာလမ်ားအနက္ ၂၀၀၂ မွ ၂၀၁၇ အၾကား ရုပ္ရွင္လက္မွတ္ေရာင္းရေငြ ခန္႔မွန္းေခ် ကန္ေဒၚလာ ၁ ဒသမ ၅ ဘီလီယံခန္႔ ရရွိခဲ့ရာ ရုပ္ရွင္သမိုင္းတစ္ေလွ်ာက္ အျမတ္အစြန္းရွာေဖြေပးႏိုင္ဆံုးၾကယ္ပြင့္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္လာသည္။

ယခုအခါ ေဂ်ဆင္ စတာသမ္ႏွင့္ သူ၏ခ်စ္သူ ေမာ္ဒယ္ ရိုစီ ဟန္တင္တန္ ဝိႈက္တ္ေလတို႔သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ မာလီဘူးအရပ္ရွိ စံအိမ္ကို ကန္ေဒၚလ ၁၈ ဒသမ ၅ သန္းျဖင့္ ေရာင္းခ်လိုက္ျပီ ျဖစ္သည္။

ႏွစ္ထပ္ေနအိမ္မွာ အနက္ေရာင္ေက်ာက္စရစ္ခဲမ်ားျဖင့္ ေနအိမ္ျပင္ပကို မြမ္းမံထားျခင္းေၾကာင့္ အိမ္နီးခ်င္းမ်ားႏွင့္ ကြဲထြက္ေနသည္။

စတုရန္းေပ ၃၉၀၉ က်ယ္ဝန္းေသာ အတြင္းပိုင္းကို ျပန္လည္မြမ္းမံထားမႈမ်ားမွာ ႏူးညံ့ေပ်ာ့ေပ်ာင္း လင္းလက္ေသာ အေရာင္အေသြးတို႔ လႊမ္းေနသည့္ မ်က္ႏွာစာ၊ အျဖဴေရာင္ ဝက္သစ္ခ်ၾကမ္းျပင္မ်ားႏွင့္ အလင္းကို ေဆာင္ၾကဥ္းကာ ပင္လယ္ရႈေမွ်ာ္ခင္းမ်ား ေတြ႔ျမင္ရမည့္ မွန္သားျပတင္းမ်ား ေတြ႔ရမည္ ျဖစ္သည္။

အုတ္မီးလင္းဖိုတစ္ခု ပါဝင္ေသာ ဧည့္ခန္း၊ ညစာစားေနရာ၊ မိသားစုနားေနခန္းတို႔အျပင္ ဧည့္ေဂဟာအိမ္တစ္လံုးလည္း ပါဝင္သည္။

မီးဖိုေဆာင္ ၂ ခုပါဝင္ျပီး ဧည့္ေဂဟာေဆာင္ရွိ တစ္ခုအပါအဝင္ျဖစ္သည္။

အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၄ ခန္းအျပင္ ျပင္သစ္တံခါးမ်ားသည္ တန္ဖုိးၾကီး နားေန ေနရာႏွင့္ လသာေဆာင္တို႔သို႔ ေရာက္ရွိမည္ျဖစ္ျပီး အဆိုပါလသာေဆာင္မွတဆင့္ ကမ္းေျခသို႔ ေရာက္ရွိမည္ ျဖစ္သည္။

ျပီးခဲ့ေသာ ေအာက္တိုဘာလအတြင္း ကန္ေဒၚလာ ၁၉ ဒသမ ၉၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္ခဲ့ဖူးသည္။

အိမ္ျခံေျမ မွတ္တမ္းမ်ားအရ လြန္ခဲ့ေသာ ဆယ္စုႏွစ္ ၁ ခုခန္႔က ေနာက္ဆံုးအေရာင္းအဝယ္ျဖစ္ခဲ့ဖူးျပီး ကန္ေဒၚလာ ၁၀ ဒသမ ၆၂၅ သန္းျဖင့္ ျဖစ္သည္။

ေဂ်ဆင္စတာသမ္မွာ အသက္ ၅၂ ႏွစ္ရွိျပီျဖစ္ျပီး သူ၏ခ်စ္သူ ဟန္တင္တန္ ဝိႈက္တ္ေလမွာ ၃၂ ႏွစ္အရြယ္ျဖစ္သည္။

ဝိႈက္တ္ေလသည္ Victoria’s Secret ႏွင့္ ျဗိတိသွ် ဖက္ရွင္ကုမၸဏီ Burberry တို႔၏ ေမာ္ဒယ္အျဖစ္ နာမည္ေက်ာ္သည္။

အေရာင္းေစ်းကြက္တင္ေပးသူမွာ Hilton & Hyland မွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ ဘရန္ဒန္ ဝီလ်ံစ္ႏွင့္ ေရနီ ဝီလ်ံစ္တို႔ ျဖစ္ၾကသည္။

(ဆက္စပ္သတင္း)

ထင္ေပၚေက်ာ္ၾကားသူတို႔၏ ေနအိမ္မ်ား(ေဂ်ဆင္ စတာသမ္)

https://www.imyanmarhouse.com/news/read/463646

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

### Unicode Version ###

ဂျေဆင်စတာသမ်သည် အင်္ဂလိပ်လူမျိုး ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဖြစ်ပြီး ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်တွင် အင်္ဂလန်နိုင်ငံ၊ ဒါဘီရှိုင်းယား၌ မွေးဖွားသည်။

ငယ်စဉ်က ဒေသတွင်းရှိ ဈေးဆိုင်များတွင် အလုပ်လုပ်ရင်း ကွန်ဖူး၊ ကစ်ဘောက်ဆင်နှင့် ကရာတေးတို့ကို သင်ယူလေ့ကျင့်ခဲ့သည်။

ဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် The Transporter trilogy (2002–08)၊Italian Job (2003)၊ The Expendables (2010–2014)၊ The Fast and the Furious franchise၊ Furious 7ဇာတ်ကားတို့မှာကျော်ကြားသည်။

ရုပ်ရှင်လောကတွင် ဖြတ်သန်းခဲ့သည့်ကာလများအနက် ၂၀၀၂ မှ ၂၀၁၇ အကြား ရုပ်ရှင်လက်မှတ်ရောင်းရငွေ ခန့်မှန်းချေ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့် ရရှိခဲ့ရာ ရုပ်ရှင်သမိုင်းတစ်လျှောက် အမြတ်အစွန်းရှာဖွေပေးနိုင်ဆုံးကြယ်ပွင့်များတွင် တစ်ဦးအပါအဝင် ဖြစ်လာသည်။ ယခုအခါ ဂျေဆင် စတာသမ်နှင့် သူ၏ချစ်သူ မော်ဒယ် ရိုစီ ဟန်တင်တန် ဝှိုက်တ်လေတို့သည် လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်ရှိ စံအိမ်ကို ကန်ဒေါ်လ ၁၈ ဒသမ ၅ သန်းဖြင့် ရောင်းချလိုက်ပြီ ဖြစ်သည်။

နှစ်ထပ်နေအိမ်မှာ အနက်ရောင်ကျောက်စရစ်ခဲများဖြင့် နေအိမ်ပြင်ပကို မွမ်းမံထားခြင်းကြောင့် အိမ်နီးချင်းများနှင့် ကွဲထွက်နေသည်။

စတုရန်းပေ ၃၉၀၉ ကျယ်ဝန်းသော အတွင်းပိုင်းကို ပြန်လည်မွမ်းမံထားမှုများမှာ နူးညံ့ပျော့ပျောင်း လင်းလက်သော အရောင်အသွေးတို့ လွှမ်းနေသည့် မျက်နှာစာ၊ အဖြူရောင် ဝက်သစ်ချကြမ်းပြင်များနှင့် အလင်းကို ဆောင်ကြဉ်းကာ ပင်လယ်ရှုမျှော်ခင်းများ တွေ့မြင်ရမည့် မှန်သားပြတင်းများ တွေ့ရမည် ဖြစ်သည်။

အုတ်မီးလင်းဖိုတစ်ခု ပါဝင်သော ဧည့်ခန်း၊ ညစာစားနေရာ၊ မိသားစုနားနေခန်းတို့အပြင် ဧည့်ဂေဟာအိမ်တစ်လုံးလည်း ပါဝင်သည်။

မီးဖိုဆောင် ၂ ခုပါဝင်ပြီး ဧည့်ဂေဟာဆောင်ရှိ တစ်ခုအပါအဝင်ဖြစ်သည်။

အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်းအပြင် ပြင်သစ်တံခါးများသည် တန်ဖိုးကြီး နားနေ နေရာနှင့် လသာဆောင်တို့သို့ ရောက်ရှိမည်ဖြစ်ပြီး အဆိုပါလသာဆောင်မှတဆင့် ကမ်းခြေသို့ ရောက်ရှိမည် ဖြစ်သည်။

ပြီးခဲ့သော အောက်တိုဘာလအတွင်း ကန်ဒေါ်လာ ၁၉ ဒသမ ၉၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်ခဲ့ဖူးသည်။

အိမ်ခြံမြေ မှတ်တမ်းများအရ လွန်ခဲ့သော ဆယ်စုနှစ် ၁ ခုခန့်က နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့ဖူးပြီး ကန်ဒေါ်လာ ၁၀ ဒသမ ၆၂၅ သန်းဖြင့် ဖြစ်သည်။

ဂျေဆင်စတာသမ်မှာ အသက် ၅၂ နှစ်ရှိပြီဖြစ်ပြီး သူ၏ချစ်သူ ဟန်တင်တန် ဝှိုက်တ်လေမှာ ၃၂ နှစ်အရွယ်ဖြစ်သည်။

ဝှိုက်တ်လေသည် Victoria’s Secret နှင့် ဗြိတိသျှ ဖက်ရှင်ကုမ္ပဏီ Burberry တို့၏ မော်ဒယ်အဖြစ် နာမည်ကျော်သည်။

အရောင်းဈေးကွက်တင်ပေးသူမှာ Hilton & Hyland မှ အကျိုးဆောင်များဖြစ်သော ဘရန်ဒန် ဝီလျံစ်နှင့် ရေနီ ဝီလျံစ်တို့ ဖြစ်ကြသည်။

(ဆက်စပ်သတင်း)

ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ(ဂျေဆင် စတာသမ်)

https://www.imyanmarhouse.com/news/read/463646

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service