ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ(ဂျေဆင် စတာသမ်) - Property News in Myanmar from iMyanmarHouse.com
1737 Views

ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ(ဂျေဆင် စတာသမ်)

ကမ္ဘာကျော်သရုပ်ဆောင် ဂျေဆင်စတာသမ်သည် အင်္ဂလန်နိုင်ငံ၊ ဒါဘီရှိုင်းယားတွင် ဖွားမြင်သူဖြစ်သည်။

ဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် The Transporter trilogy (2002–08)၊Italian Job (2003)၊ The Expendables (2010–2014)၊ The Fast and the Furious franchise၊ Furious 7ဇာတ်ကားတို့မှာကျော်ကြားသည်။

ဂျေဆင်စတာသမ်တွင် နေအိမ်ကောင်းကောင်းကို ကြည့်တတ်မြင်တတ်သည့်မျက်စိရှိသည်ဟုဆိုရမည် ဖြစ်သည်။ ဟောလိဝုဒ်ဟေးလ်ရှိ နေအိမ်ကိုကန်ဒေါ်လာ ၂ ဒသမ ၇ သန်းဖြင့် ရောင်းချလိုက်ပြီးနောက်ပိုင်းပိုမိုကောင်းမွန်သည့် နေအိမ်ရှာဖွေခဲ့သည်။ ထိုအခါ ဟာသ သရုပ်ဆောင် ဘင်စတေလာ၏ နေအိမ်ကို မျက်စိကျခဲ့ပြီး ကန်ဒေါ်လာ၁၁ ဒသမ ၅ သန်းဖြင့် ၀ယ်ယူလိုက်သည်။

ယင်းနေအိမ်မှာလည်း ဟောလိဝုဒ်ဟေးလ်တွင်ပင် တည်ရှိသည်။ ယခုလက်ရှိအားဖြင့် ဂျေဆင်စတာသမ်သည် ရိုစီဟန်တင်တန် ၀ှစ်တ်လေအမည်ရှိ မိန်းကလေးတစ်ဦးနှင့် girlfriend ဖြစ်လျက်ရှိရာသူမကိုဧည့်ခံရန် နေအိမ်ကောင်းရှာဖွေခြင်းလည်း ဖြစ်သည်။

ယခင်နေအိမ်ဟောင်းမှာသေးငယ်ကျဉ်းမြောင်းလှသည့်အပြင် ခေတ်မီလှပခြင်းလည်းမရှိသောကြောင့် ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦး၏ ပုံရိပ်ကိုထင်ဟပ်နိုင်ခြင်းမရှိချေ။

ယခုနေအိမ်သစ်မှာမူဂျေဆင်စတာသမ်၏ လိုအပ်ချက် အားလုံး ပြီးပြည့်စုံစွာ ပါဝင်ပြီးဖြစ်သည်ဟုဆိုသည်။ ဘင်စတေလာ၏ နေအိမ်က The Expendables သရုပ်ဆောင်အားညှို့ ယူဖမ်းစားနိုင်ခဲ့သည် ဟုဆိုရမည် ဖြစ်သည်။ ဘင်စတေလာက ယင်းနေအိမ်ကို ၁၉၉၉ ခုနှစ်တွင် ၀ယ်ယူခဲ့ခြင်း ဖြစ်ပြီးမြေထဲပင်လယ် ရီဗိုက်ဗယ်လ်ဟန် ပြန်လည်မွမ်းမံပြင်ဆင်ခဲ့သည်။

ဂျေဆင်စတာသမ်ကအဆိုပါနေအိမ်ကိုဘင်စတေလာထံမှ ၂၀၁၁ ခုနှစ်တွင် ပြန်လည်ဝယ်ယူခဲ့ခြင်းဖြစ်သည်။ အိပ်ခန်း ၁၀ ခန်း၊ ရေချိုးခန်း ၁၁ ခန်း ပါဝင်ပြီးဧည့်ခန်းမှာ ၅၃၃၄ စတုရန်းပေရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ(ဂျေဆင် စတာသမ်) - Property News in Myanmar from iMyanmarHouse.com
ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ(ဂျေဆင် စတာသမ်) - Property News in Myanmar from iMyanmarHouse.com
ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ(ဂျေဆင် စတာသမ်) - Property News in Myanmar from iMyanmarHouse.com
ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ(ဂျေဆင် စတာသမ်) - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service