အာဂျင်တီးနား ဘောလုံးသူရဲကောင်း မက်ဆီ၏ ဘာစီလိုနာက စံအိမ်

အာဂျင်တီးနား ဘောလုံးသူရဲကောင်း မက်ဆီ၏ ဘာစီလိုနာက စံအိမ် - Property News in Myanmar from iMyanmarHouse.com
23 Jan 2020 11:20 am တွင် တင်ခဲ့သည်
1142 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###






 





(မက်ဆီ၏ နေအိမ်)


















 

### Unicode Version ###

 

လီယိုနယ် မက်ဆီသည် ကမ္ဘာ့အားကစားသမိုင်းတွင် ထာဝရ ကျန်ရစ်မည့် ဘောလုံးကြယ်ပွင့်ဖြစ်သည်။

ဘောလုံးပရိသတ်တို့၏ သတ်မှတ်ချက်အရ မက်ဆီနှင့် စီရော်နယ်ဒိုတို့သည် သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားများအဖြစ် သတ်မှတ်ကြသည်။

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသည် ကမ္ဘာတစ်ဝန်းမှ ဘောလုံးချစ်ပရိသတ်များအား သူ၏ကျွမ်းကျင်မှုများကို ပြသခြင်းအားဖြင့် ငွေကြေးများစွာ ရရှိနေသည်။

မက်ဆီ၏ ကြွယ်ဝမှုမှာ ယူရို ၂၃၆ သန်းခန့်ရှိသည်ဟု ခန့်မှန်းရသည်။

ဖော့ဘ်မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၂ ရက်မှ စတင်ပြီး မက်ဆီ၏ နှစ်စဉ်လစာမှာ ယူရို ၆၇ သန်းရှိသည်ဟု ဆိုသည်။

သို့အတွက် မက်ဆီသည် အကောင်းဆုံးနေအိမ်များနှင့် ကမ္ဘာကျော်အမှတ်တံဆိပ် မော်တော်ကားများ ဝယ်ယူနိုင်စွမ်းရှိမည်သာ ဖြစ်သည်။

မက်ဆီသည် စပိန်နှင့် ပြင်သစ်နိုင်ငံများရှိ အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ထားသည်။

မက်ဆီတွင် နေအိမ်ပေါင်းမည်မျှ ပိုင်ဆိုင်ထားသည်ကိုမူ ၎င်းကိုယ်တိုင်မှ လွဲပြီး မည်သူမျှ အတိအကျမသိနိုင်ချေ။

သို့ရာတွင် မက်ဆီသည် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင် စံအိမ်ကြီး ၂ လုံးနှင့် သူ၏ဇာတိ အာဂျင်တီးနားတွင် စံအိမ် ၁ လုံး ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။

(မက်ဆီ၏ နေအိမ်)

မက်ဆီ၏ နေအိမ်တစ်လုံးမှာ မြေထဲပင်လယ်ကမ်းရိုးတန်းကို စီးမိုးတွေ့မြင်နေရသည့်နေရာတွင် တည်ရှိသည်။

တည်နေရာမှာ ဘာစီလိုနာမြို့၊ လူကုံထံရပ်ကွက်တစ်ခုဖြစ်သော ကက်စ်တဲလ်ဒဖဲလ်အရပ်တွင် တည်ရှိသည်။

အဆိုပါ စံအိမ်မှာ ၃ ထပ်အဆောက်အအုံဖြစ်ပြီး အတော်အတန်ကြီးမားသည့် အဆောက်အအုံတစ်ခု ဖြစ်သည်။

နေအိမ်အတွင်း လသာဆောင်များနှင့် မြင်ကွင်းကျယ်ပြတင်းပေါက်များ တွေ့ရသည်။

အခန်းများတွင် သဘာဝအလင်းကောင်းမွန်စွာ ရရှိပြီး အတွင်းပိုင်းနှင့် အပြင်ပိုင်းတို့ကို မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည်။

အတွင်းပိုင်း မျက်နှာကြက်များနှင့် နံရံများကို နို့နှစ်ရောင်ဖြင့် ဆေးသုတ်ထားပြီး ကြမ်းခင်းများမှာ အညိုရင့်ရောင်ဖြစ်ကာ သစ်ကြမ်းခင်းများ ဖြစ်ကြသည်။

ပရိဘောဂများမှာ အညိုရင့်ရောင် ဝက်သစ်ချသားများဖြစ်သည်။

မှီအုံး၊ ဆိုဖာခုံ၊ မွေ့ယာခင်းတို့မှာ နို့နှစ်ရောင်၊ အညိုရင့်ရောင်နှင့် မီးခိုးရင့်ရောင်တို့ ဖြစ်သည်။

မီးဖိုဆောင်မှာ အလွန်ခေတ်မီလှသည်။

နေအိမ်အတွင်း အားကစားလေ့ကျင့်ရေးခန်းမပါဝင်ပြီး မက်ဆီက အဆိုပါအခန်းတွင် အမြဲအားကစားလေ့ကျင့်လေ့ရှိသည်။

အတွင်းပိုင်း မွမ်းမံမှုသည်ကား ပကာသန မများလှချေ။

အတွင်းပိုင်း ပြင်ဆင်ထားမှုမှာ ရိုးစင်းလှသည်။

ပန်းဥယျာဉ်ထဲတွင် သစ်ဖြင့်ပြုလုပ်ထားသော ဟင်းလင်းပြင်လသာဆောင်ရှိပြီး အပန်းဖြေရန် အလွန်ပြီးပြည့်စုံသည့်နေရာတစ်ခု ဖြစ်သည်။

မီးလင်းဖိုတစ်ခု ပါဝင်သည့် ကျယ်ဝန်းသော သီးသန့်ခန်းကလေးတစ်ခုလည်း ပါဝင်သည်။

မက်ဆီနှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ် အိမ်ခြံမြေသတင်းတစ်ခုမှာ အကယ်၍ သင်သည် google တွင် မက်ဆီ၏ အိမ်ဟု ရိုက်ရှာလိုက်ပါက ဘောလုံးပုံသဏ္ဍာန် ဆောက်လုပ်ထားသော နေအိမ်တစ်လုံး၏ ပုံကို တွေ့ရမည်ဖြစ်သည်။

မက်ဆီ၏ ဖခင် ဂျော့မက်ဆီက ပြောကြားရာတွင် ဘောလုံးပုံသဏ္ဍာန်နေအိမ်ကို မက်ဆီ ပိုင်ဆိုင်သည်ဆိုခြင်းမှာ သတင်းတု ဖြစ်ကြောင်း၊ အဆိုပါနေအိမ်ကို ဆောက်လုပ်သူနှင့် မိမိတို့သားအဖ လုံးဝသိကျွမ်းခြင်းမရှိကြောင်း မက်ဆီ၏ ဖခင်က ထုတ်ပြန်ထားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။) Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service