Greenland Group က ရွန္ဟိုင္းရွိ ေဆာက္လုပ္ေရးစီမံကိန္းၾကီးမွ ရံုးခန္း အေဆာက္အအံုၾကီး ၃ ခုကို ယြမ္ေငြ ၇ ဒသမ ၅ ဘီလီယံျဖင့္ ေရာင္းခ်

Greenland Group က ရွန္ဟိုင္းရွိ ေဆာက္လုပ္ေရးစီမံကိန္းၾကီးမွ ရံုးခန္း အေဆာက္အအံုၾကီး ၃ ခုကို ယြမ္ေငြ ၇ ဒသမ ၅ ဘီလီယံျဖင့္ ေရာင္းခ် - Property News in Myanmar from iMyanmarHouse.com
7 Jan 2020 11:37 am တွင် တင်ခဲ့သည်
913 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တရုတ္ျပည္၊ ရွန္ဟိုင္းျမိဳ ႔တြင္ Greenland Group က အေကာင္အထည္ေဖာ္ေနသည့္ Shanghai Bund စီမံကိန္းမွ အေဆာက္အအံု ၃ ခုကို Haitong Securities က ဝယ္ယူရန္ သေဘာတူညီလိုက္သည္။

Haitong Securities သည္ အဆိုပါ ရံုးခန္း အေဆာက္အအံု ၃ ခုကို ယြမ္ေငြ ၇ ဒသမ ၅ ဘီလီယံ (ကန္ေဒၚလာ ၁ ဘီလီယံ) ျဖင့္ ဝယ္ယူရန္ သေဘာတူခဲ့ျခင္းျဖစ္ေၾကာင္း ရွန္ဟိုင္းအေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

အေရာင္းအဝယ္ျဖစ္ခဲ့ေသာ အေဆာက္အအံု ၃ လံုးမွာ ၉ ၊ ၁၁ ႏွင့္ ၁၉ ထပ္အျမင့္မ်ား ရွိၾကျပီး စတုရန္းမီတာ ၁၁၁၅၀၀ (စတုရန္းေပ ၁ ဒသမ ၂ သန္း) အက်ယ္အဝန္းရွိသည့္  ျမိဳ ႔ျပ ျပန္လည္သစ္လြင္ေရး စီမံကိန္းကို အေကာင္အထည္ေဖာ္ေနသည့္ Greenland Group အတြက္ စီမံကိန္း၏ က်န္ရွိသည့္က႑မ်ားကို ဆက္လက္လုပ္ေဆာင္ႏိုင္မည့္ ေငြသားရရွိလာေစမည္ျဖစ္သည္။

ယခုအေဆာက္အအံု ၃ ခုကို အေရာင္းအဝယ္ျဖစ္ရပ္ ၂ ၾကိမ္ျဖင့္ ေရာင္းဝယ္ခဲ့ၾကျခင္းျဖစ္ျပီး ပထမဆံုးအေရာင္းအဝယ္မွာ B1 အမည္ရွိ ရံုးခ်ဳပ္အေဆာက္အအံုကို ဝယ္ယူခဲ့ျခင္းျဖစ္သည္။ ရံုးခ်ဳပ္အေဆာက္အအံုဟု ေခၚဆိုၾကျခင္းမွာ ၾကီးမားေသာ ေကာ္ပိုေရးရွင္းၾကီးမ်ား ရံုးစိုက္ရန္ သင့္ေလ်ာ္သည့္ေနရာျဖစ္ေသာေၾကာင့္ ျဖစ္သည္။ B1 အေဆာက္အအံုကို ယြမ္ေငြ ၁ ဒသမ ၃၆ ဘီလီယံျဖင့္ အေရာင္းအဝယ္လုပ္ရႏ္ သေဘာတူခဲ့ၾကသည္။

ဒုတိယအေရာင္းအဝယ္မွာ ဟြမ္ပူျမစ္၏ အေနာက္ဘက္ကမ္းမွ B2 ႏွင့္ B3 ရံုးခ်ဳပ္အေဆာက္အအံုမ်ားကို အေရာင္းအဝယ္ျပဳလုပ္ခဲ့ျခင္းျဖစ္ျပီး ေစ်းႏႈန္းကိုမူ ထုတ္ျပန္ခဲ့ျခင္း မရွိေခ်။

B1 အေဆာက္အအံုကို ဝယ္ယူစဥ္ Haitong Securities က ထုတ္ျပန္ခဲ့သည္မွာ ရွန္ဟိုင္း၏ အေကာင္းဆံုးေနရာမ်ားမွ တစ္ခုရွိ အေဆာက္အအံုတစ္ခုခုကို ပိုင္ဆိုင္ႏိုင္ကာ တရုတ္ျပည္ရွိ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ခ်ဲ ႔ထြင္ရန္ ရည္ရြယ္ကာ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္သည္။

Haitong Securities သည္ ၉ ထပ္အျမင့္ရွိေသာ B1 ရံုးအေဆာက္အအံုကို ၁ စတုရန္းမီတာလွ်င္ ယြမ္ေငြ ၈၄၈၇၂ ေပးကာ ဝယ္ယူခဲ့ျခင္းလည္း ျဖစ္ျပီး ယင္းအေဆာက္အအံု၏ စုစုေပါင္းၾကမ္းခင္းဧရိယာမွာ စတုရန္းမီတာ ၁၆၀၂၄ ရွိသည္။

အဆိုပါအေဆာက္အအံု ေျမေအာက္ ကားပါကင္ေနရာ ႏွစ္ထပ္ကိုလည္း ယြမ္ေငြ ၅၆ ဒသမ ၆ သန္း ထပ္မံေပးကာ ဝယ္ယူခဲ့ရရာ စုစုေပါင္းအားျဖင့္ ယြမ္ေငြ ၁ ဒသမ ၄၂ ဘီလီယံအထိ ကုန္က်ခဲ့သည္ဟု ဆိုရမည္ ျဖစ္သည္။

က်န္အေဆာက္အအံု ၂ ခုျဖစ္ေသာ B1 ႏွင့္ B2 တို႔အတြက္ အေရာင္းအဝယ္ျဖစ္ခဲ့သည့္ ေစ်းႏႈန္းကိုမူ မသိရေခ်။

B2 အေဆာက္အအံုသည္ ၁၉ ထပ္အျမင့္ရွိျပီး ၾကမ္းခင္းဧရိယာ ၃၂၁၀၀ စတုရန္းမီတာရွိျပီး ေစ်းကြက္တန္ဖိုးအားျဖင့္ ယြမ္ေငြ ၄ ဘီလီယံခန္႔ တန္ေၾကးရွိသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် Greenland Group က အကောင်အထည်ဖော်နေသည့် Shanghai Bund စီမံကိန်းမှ အဆောက်အအုံ ၃ ခုကို Haitong Securities က ဝယ်ယူရန် သဘောတူညီလိုက်သည်။

Haitong Securities သည် အဆိုပါ ရုံးခန်း အဆောက်အအုံ ၃ ခုကို ယွမ်ငွေ ၇ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၁ ဘီလီယံ) ဖြင့် ဝယ်ယူရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အရောင်းအဝယ်ဖြစ်ခဲ့သော အဆောက်အအုံ ၃ လုံးမှာ ၉ ၊ ၁၁ နှင့် ၁၉ ထပ်အမြင့်များ ရှိကြပြီး စတုရန်းမီတာ ၁၁၁၅၀၀ (စတုရန်းပေ ၁ ဒသမ ၂ သန်း) အကျယ်အဝန်းရှိသည့် မြို့ပြ ပြန်လည်သစ်လွင်ရေး စီမံကိန်းကို အကောင်အထည်ဖော်နေသည့် Greenland Group အတွက် စီမံကိန်း၏ ကျန်ရှိသည့်ကဏ္ဍများကို ဆက်လက်လုပ်ဆောင်နိုင်မည့် ငွေသားရရှိလာစေမည်ဖြစ်သည်။

ယခုအဆောက်အအုံ ၃ ခုကို အရောင်းအဝယ်ဖြစ်ရပ် ၂ ကြိမ်ဖြင့် ရောင်းဝယ်ခဲ့ကြခြင်းဖြစ်ပြီး ပထမဆုံးအရောင်းအဝယ်မှာ B1 အမည်ရှိ ရုံးချုပ်အဆောက်အအုံကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ရုံးချုပ်အဆောက်အအုံဟု ခေါ်ဆိုကြခြင်းမှာ ကြီးမားသော ကော်ပိုရေးရှင်းကြီးများ ရုံးစိုက်ရန် သင့်လျော်သည့်နေရာဖြစ်သောကြောင့် ဖြစ်သည်။ B1 အဆောက်အအုံကို ယွမ်ငွေ ၁ ဒသမ ၃၆ ဘီလီယံဖြင့် အရောင်းအဝယ်လုပ်ရန် သဘောတူခဲ့ကြသည်။

ဒုတိယအရောင်းအဝယ်မှာ ဟွမ်ပူမြစ်၏ အနောက်ဘက်ကမ်းမှ B2 နှင့် B3 ရုံးချုပ်အဆောက်အအုံများကို အရောင်းအဝယ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိချေ။

B1 အဆောက်အအုံကို ဝယ်ယူစဉ် Haitong Securities က ထုတ်ပြန်ခဲ့သည်မှာ ရှန်ဟိုင်း၏ အကောင်းဆုံးနေရာများမှ တစ်ခုရှိ အဆောက်အအုံတစ်ခုခုကို ပိုင်ဆိုင်နိုင်ကာ တရုတ်ပြည်ရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ချဲ့ထွင်ရန် ရည်ရွယ်ကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

Haitong Securities သည် ၉ ထပ်အမြင့်ရှိသော B1 ရုံးအဆောက်အအုံကို ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၈၄၈၇၂ ပေးကာ ဝယ်ယူခဲ့ခြင်းလည်း ဖြစ်ပြီး ယင်းအဆောက်အအုံ၏ စုစုပေါင်းကြမ်းခင်းဧရိယာမှာ စတုရန်းမီတာ ၁၆၀၂၄ ရှိသည်။

အဆိုပါအဆောက်အအုံ မြေအောက် ကားပါကင်နေရာ နှစ်ထပ်ကိုလည်း ယွမ်ငွေ ၅၆ ဒသမ ၆ သန်း ထပ်မံပေးကာ ဝယ်ယူခဲ့ရရာ စုစုပေါင်းအားဖြင့် ယွမ်ငွေ ၁ ဒသမ ၄၂ ဘီလီယံအထိ ကုန်ကျခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

ကျန်အဆောက်အအုံ ၂ ခုဖြစ်သော B1 နှင့် B2 တို့အတွက် အရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းကိုမူ မသိရချေ။

B2 အဆောက်အအုံသည် ၁၉ ထပ်အမြင့်ရှိပြီး ကြမ်းခင်းဧရိယာ ၃၂၁၀၀ စတုရန်းမီတာရှိပြီး ဈေးကွက်တန်ဖိုးအားဖြင့် ယွမ်ငွေ ၄ ဘီလီယံခန့် တန်ကြေးရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service