ဂင္းနက္စ္စံခ်ိန္မွတ္တမ္းအရ ကမၻာတစ္ဝန္းရွိ သတင္းစာမ်ားတြင္ ပုံႏွိပ္ေဖာ္ျပမႈအခံရဆံုး ကာတြန္းဆရာ၏ နယူးေယာက္ မိုးေမွ်ာ္တိုက္ခန္း ကန္ေဒၚလာ ၅ သန္းျဖင့္ ေရာင္းခ်မည္

ဂင္းနက္စ္စံခ်ိန္မွတ္တမ္းအရ ကမၻာတစ္ဝန္းရွိ သတင္းစာမ်ားတြင္ ပုံႏွိပ္ေဖာ္ျပမႈအခံရဆံုး ကာတြန္းဆရာ၏ နယူးေယာက္ မိုးေမွ်ာ္တိုက္ခန္း ကန္ေဒၚလာ ၅ သန္းျဖင့္ ေရာင္းခ်မည္ - Property News in Myanmar from iMyanmarHouse.com
17 Dec 2019 12:11 pm တွင် တင်ခဲ့သည်
827 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာတစ္ဝန္းရွိ သတင္းစာမ်ားတြင္ ပုံႏွိပ္ေဖာ္ျပမႈအခံရဆံုး ကာတြန္းဆရာအျဖစ္ ဂင္းနက္စ္ ကမၻာ့စံခ်ိန္တင္ေသာ ကာတြန္းဆရာ ရာနန္ လူရီသည္ အေမရိကန္ျပည္၊ နယူးေယာက္ျမိဳ႕မွ သူ၏ မိုးေမွ်ာ္တိုက္ခန္းကို ကန္ေဒၚလာ ၅ သန္းျဖင့္ ေရာင္းခ်ရန္ေစ်းကြက္တင္ လာေၾကာင္း နယူးေယာက္အေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ရာနန္ လူရီႏွင့္ ဇနီးတို႔က နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္အရပ္၊ Time Warner စင္တာ၊ ၆၃ ထပ္ရိွအခန္းကို ၂၀၀၆ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ရာနန္လူရီက အဆိုပါအခန္းကို သူ၏ ရံုးခန္းႏွင့္ ကာတြန္းဆြဲ စတူဒီယိုမ်ားအျဖစ္လည္း အသံုးျပဳခဲ့သည္။

Time Warner စင္တာရွိ အခန္းတြင္ အိပ္ခန္း ၂ ခန္း၊ ေရခ်ဳိးခန္း ၂ ခန္းခဲြပါဝင္ျပီး ရာနန္လူရီက ကန္ေဒၚလာ ၅ သန္းေအာက္ျဖင့္ ေစ်းေခၚထားသည္။ေစ်းကြက္တင္ေပးသည္မွာ Compass ကုမၸဏီမွ အက်ဳိးေဆာင္ ဒင္နီယယ္ လူရီ ျဖစ္သည္။

အသက္ ၈၇ ႏွစ္ရွိျပီျဖစ္ေသာ ရာနန္လူရီႏွင့္ ဇနီးျဖစ္သူ တာမာတို႔သည္ ယခုအခန္းကို ၂၀၀၆ ခုႏွစ္အတြင္း ကန္ေဒၚလာ ၃ သန္းေအာက္ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

မစၥတာလူရီသည္ ယခုအခန္းတည္ရွိရာ အေဆာက္အအံုၾကီးတြင္ပင္ရွိေသာ အျခားကြန္ဒိုခန္းတစ္ခန္းကို ဝယ္ယူရန္ ညွိႏိႈင္းလ်က္ရွိသည္။

ယခုအခန္းကို လူရီက သူ၏ အေျခစိုက္ေနထိုင္ရာေနရာအျဖစ္ ဆယ္စုႏွစ္တစ္ခုေက်ာ္ အသံုးျပဳခဲ့သည္။

“သူက စကားေျပာတတ္စ အရြယ္ေလာက္ကစျပီး ကာတြန္းေတြ ဆြဲခဲ့သူပါ။ ေနာင္အခါမွာ ကမၻာေပၚမွာ စာနယ္ဇင္းေတြရဲ႕ အေဖာ္ျပခံရဆံုး နံပါတ္ ၁ ႏိုင္ငံေရးကာတြန္းဆရာျဖစ္လာခဲ့တာ ျဖစ္ပါတယ္” ဟု သမီးျဖစ္သူ မစၥ လူရီက ေျပာၾကားသည္။

ဂင္းနက္စ္စံခ်ိန္မွတ္တမ္းအရ မစၥတာလူရီသည္ ကမၻာ့စာနယ္ဇင္းမ်ားတြင္ အေဖာ္ျပခံရဆံုး ႏိုင္ငံေရးကာတြန္းဆရာအျဖစ္ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ ရပ္တည္ခဲ့သည္ဟု ဆိုသည္။

သူ၏ လက္ရာမ်ားကို ႏိုင္ငံတကာစာနယ္ဇင္း ၁၀၀၀ ေက်ာ္တြင္ ေဖာ္ျပျခင္းခံခဲ့ရသည္။

မစၥတာလူရီသည္ စာနယ္ဇင္းသမားတစ္ဦးအျဖစ္လည္း လုပ္ကိုင္ခဲ့ျပီး ယခုအခန္း၏ နံရံတြင္ မစၥတာလူရီ ေတြ႔ဆံုေမးျမန္းခန္းမ်ား ျပဳလုပ္ခဲ့ေသာ ကမၻာ့ေခါင္းေဆာင္တို႔၏ ဓာတ္ပံုမ်ား ၊ ကာတြန္းလက္ရာမ်ားကို ခ်ိတ္ဆြဲျပသထားသည္။

အက်ယ္အဝန္း စတုရန္းေပ ၁၄၃၃ ရွိျပီး ဧည့္ခန္းႏွင့္ အိပ္ခန္း ၂ ခန္းလံုးတြင္ ၾကမ္းျပင္မွ မ်က္ႏွာၾကက္အထိ ျမင့္မားေသာ ျပတင္းမ်ား ပါဝင္ေၾကာင္း၊ ဟတ္ဆန္ျမစ္၏ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားကာ သဘာဝ ေနအလင္းေရာင္ ေကာင္းစြာရရွိေၾကာင္း မစၥ လူရီက ေျပာၾကားသည္။

မစၥတာ လူရီတို႔ ဇနီးေမာင္ႏွံသည္ ယခုအခန္းအနီးတြင္ ေနအိမ္တစ္လံုး ပိုင္ဆိုင္ထားေသးျပီး ႏွစ္ေပါင္းမ်ားစြာ ကာလအတြင္း အဆိုပါ ေနအိမ္ ၂ ခုအၾကား လမ္းေလွ်ာက္ကူးလူးသြားလာခဲ့ေလ့ရွိသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကမ္ဘာတစ်ဝန်းရှိ သတင်းစာများတွင် ပုံနှိပ်ဖော်ပြမှုအခံရဆုံး ကာတွန်းဆရာအဖြစ် ဂင်းနက်စ် ကမ္ဘာ့စံချိန်တင်သော ကာတွန်းဆရာ ရာနန် လူရီသည် အမေရိကန်ပြည်၊ နယူးယောက်မြို့မှ သူ၏ မိုးမျှော်တိုက်ခန်းကို ကန်ဒေါ်လာ ၅ သန်းဖြင့် ရောင်းချရန်ဈေးကွက်တင် လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ရာနန် လူရီနှင့် ဇနီးတို့က နယူးယောက်မြို့၊ မန်ဟက်တန်အရပ်၊ Time Warner စင်တာ၊ ၆၃ ထပ်ရှိအခန်းကို ၂၀၀၆ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ရာနန်လူရီက အဆိုပါအခန်းကို သူ၏ ရုံးခန်းနှင့် ကာတွန်းဆွဲ စတူဒီယိုများအဖြစ်လည်း အသုံးပြုခဲ့သည်။ Time Warner စင်တာရှိ အခန်းတွင် အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၂ ခန်းခွဲပါဝင်ပြီး ရာနန်လူရီက ကန်ဒေါ်လာ ၅ သန်းအောက်ဖြင့် ဈေးခေါ်ထားသည်။

ဈေးကွက်တင်ပေးသည်မှာ Compass ကုမ္ပဏီမှ အကျိုးဆောင် ဒင်နီယယ် လူရီ ဖြစ်သည်။

အသက် ၈၇ နှစ်ရှိပြီဖြစ်သော ရာနန်လူရီနှင့် ဇနီးဖြစ်သူ တာမာတို့သည် ယခုအခန်းကို ၂၀၀၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ သန်းအောက်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

မစ္စတာလူရီသည် ယခုအခန်းတည်ရှိရာ အဆောက်အအုံကြီးတွင်ပင်ရှိသော အခြားကွန်ဒိုခန်းတစ်ခန်းကို ဝယ်ယူရန် ညှိနှိုင်းလျက်ရှိသည်။

ယခုအခန်းကို လူရီက သူ၏ အခြေစိုက်နေထိုင်ရာနေရာအဖြစ် ဆယ်စုနှစ်တစ်ခုကျော် အသုံးပြုခဲ့သည်။

“သူက စကားပြောတတ်စ အရွယ်လောက်ကစပြီး ကာတွန်းတွေ ဆွဲခဲ့သူပါ။ နောင်အခါမှာ ကမ္ဘာပေါ်မှာ စာနယ်ဇင်းတွေရဲ့ အဖော်ပြခံရဆုံး နံပါတ် ၁ နိုင်ငံရေးကာတွန်းဆရာဖြစ်လာခဲ့တာ ဖြစ်ပါတယ်” ဟု သမီးဖြစ်သူ မစ္စ လူရီက ပြောကြားသည်။

ဂင်းနက်စ်စံချိန်မှတ်တမ်းအရ မစ္စတာလူရီသည် ကမ္ဘာ့စာနယ်ဇင်းများတွင် အဖော်ပြခံရဆုံး နိုင်ငံရေးကာတွန်းဆရာအဖြစ် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်တည်ခဲ့သည်ဟု ဆိုသည်။

သူ၏ လက်ရာများကို နိုင်ငံတကာစာနယ်ဇင်း ၁၀၀၀ ကျော်တွင် ဖော်ပြခြင်းခံခဲ့ရသည်။

မစ္စတာလူရီသည် စာနယ်ဇင်းသမားတစ်ဦးအဖြစ်လည်း လုပ်ကိုင်ခဲ့ပြီး ယခုအခန်း၏ နံရံတွင် မစ္စတာလူရီ တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်ခဲ့သော ကမ္ဘာ့ခေါင်းဆောင်တို့၏ ဓာတ်ပုံများ ၊ ကာတွန်းလက်ရာများကို ချိတ်ဆွဲပြသထားသည်။

အကျယ်အဝန်း စတုရန်းပေ ၁၄၃၃ ရှိပြီး ဧည့်ခန်းနှင့် အိပ်ခန်း ၂ ခန်းလုံးတွင် ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသော ပြတင်းများ ပါဝင်ကြောင်း၊ ဟတ်ဆန်မြစ်၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားကာ သဘာဝ နေအလင်းရောင် ကောင်းစွာရရှိကြောင်း မစ္စ လူရီက ပြောကြားသည်။

မစ္စတာ လူရီတို့ ဇနီးမောင်နှံသည် ယခုအခန်းအနီးတွင် နေအိမ်တစ်လုံး ပိုင်ဆိုင်ထားသေးပြီး နှစ်ပေါင်းများစွာ ကာလအတွင်း အဆိုပါ နေအိမ် ၂ ခုအကြား လမ်းလျှောက်ကူးလူးသွားလာခဲ့လေ့ရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက် ပြင်ဆင်ပေးရန် ရောက်ရှိချိန်တွင် အလောင်းများအားလုံးထံမှ ရယ်သံကြီး ထွက်လာသည့်ဖြစ်ရပ် လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း...
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း...
Twilight ရုပ်ရှင်ကားများတွင် Bella Swan ၏ နေအိမ်အဖြစ် အသုံးပြုခဲ့သော စံအိမ် အငှားဈေးကွက် တွင်ရှိနေပြီး အားလပ်ရက် အပန်းဖြေလိုသူများ ငှားရမ်းတည်းခိုနိုင်၊ သို့သော် Twilight အမာခံပရိသတ်များ စိတ်မကောင်းစရာ သတင်းတစ်ခုရှ...

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြောခဲ့မှုအပေါ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချ...
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြောခဲ့မှုအပေါ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချ...
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာန် ဆောက်လုပ်မည့် ဒေါ်လာ သန်း ၅၀ တန် အံ့မခန်း စံအိမ်ကြီး...
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာန် ဆောက်လုပ်မည့် ဒေါ်လာ သန်း ၅၀ တန် အံ့မခန်း စံအိမ်ကြီး...
Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
The Rich Villa
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service