စင်္ကာပူခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုက ဟိုတယ်ရင်းနှီးမြှုပ်နှံမှုကြီးများဆီသို့ ဦးတည်
စင်္ကာပူခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုက ဟိုတယ်ရင်းနှီးမြှုပ်နှံမှုကြီးများဆီသို့ ဦးတည် - Property News in Myanmar from iMyanmarHouse.com
16 Dec 2019 12:49 pm တွင် တင်ခဲ့သည်
663 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
စင်္ကာပူတွင် နိုဝင်ဘာလကုန်အထိ ၁၁ လတာအတွင်း ဟိုတယ်အရောင်းအဝယ်များသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလျံ ရှိခဲ့ပြီး ယင်းကာလမတိုင်မီတစ်နှစ်ကထက် ငါးဆထက်မနည်း ပိုမိုများပြားကာ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း အမြင့်မားဆုံးဖြစ်ခဲ့ကြောင်း The Straits Times သတင်းစာက Colliers International အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ၏ အချက်အလက်များကို ကိုးကား၍ အစီရင်ခံခဲ့သည်။
ထို့အပြင် စင်္ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ကလည်း စင်္ကာပူသည် တတိယသုံးလပတ်အတွင်း သမိုင်းတစ်လျှောက်အများဆုံးအဖြစ် ခရီးသွားငါးသန်း (တရုတ်ပြည်မကြီးမှအများဆုံး) ကို လက်ခံခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။ သို့ဖြစ်ရာ တစ်နှစ်တာလုံးတွင် စင်္ကာပူသို့ခရီးသွားဝင်ရောက်မှု ၁၅ ဒသမ ၈ သန်းခန့် ရှိနိုင်ပေသည်။
စင်္ကာပူသည် ဟောင်ကောင်၏ နိုင်ငံရေးမတည်ငြိမ်မှုနှင့်ရင်ဆိုင်နေရဆဲအခြေအနေကြောင့် အမြတ်ထွက်အကျိုးရှိနိုင်ကြောင်း Colliers ၏ အတိုင်ပင်ခံနှင့် ရာဖြတ်ဝန်ဆောင်မှုရေးရာ အမှုဆောင်ဒါရိုက်တာ ဂိုဗင်ဒါဆင်၏က ပြောကြားချက်အရ သိရသည်။
Colliers ၏ စင်္ကာပူနိုင်ငံဆိုင်ရာသုတေသနခေါင်းဆောင် ထရစ်ရှာဆုန်ကလည်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီချင်းပူးပေါင်းမှုများက အရောင်းအဝယ်ပမာဏကို ပိုမိုမြင့်တက်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်၏ အကြီးဆုံးအရောင်းအဝယ်မှာ OUE Hospitality Trust နှင့် OUE Commercial Reit တု့ိပူးပေါင်းပြီးနောက် ပြုလုပ်ခဲ့သည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံတန် Mandarin Orchard ဟိုတယ်အရောင်းအဝယ်ဖြစ်သည်။ တတိယအကြီးဆုံးအရောင်းအဝယ်ဖြစ်သည့် ချန်ဂီလေဆိပ်ရှိ အမေရိကန်ဒေါ်လာ ၄၈၆ သန်းတန် Crowne Plaza Hotel ဟိုတယ်အရောင်းအဝယ်ဆိုင်ရာ တာဝန်ရှိသူများမှာလည်း ထိုကုမ္ပဏီများပင်ဖြစ်သည်။
စင်္ကာပူစီးပွားရေးအခြေအနေမည်သို့ပင်ရှိစေ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍက ရေတိုနှင့် ရေလတ်အလားအလာအတွက် အတော်လေးကောင်းကြောင်း Cushman & Wakefield အိမ်ခြံမြေကုမ္ပဏီ၏ စင်္ကာပူနှင့် အရှေ့တောင်အာရှဆိုင်ရာ သုတေသနခေါင်းဆောင် ခရစ္စတင်းလီက ပြောကြားခဲ့သည်။
၂၀၂၀ တွင် စင်္ကာပူ၌ ကျင်းပမည့် ပြပွဲများနှင့် အခမ်းအနားများကလည်း စင်္ကာပူအတွက် နောက်ထပ်အားရလောက်အောင်ထူးထူးကဲကဲများသောနှစ်တစ်နှစ် ထပ်မံရရှိရန် ပံ့ပိုးပေးမည်ဖြစ်သည်ဟုလည်း သူမက ပြောကြားခဲ့ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
mya-villa
platinum-garden
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service