ဂျကာတာအနီး စမတ်စီးတီးတစ်ခုဖော်ဆောင်ရန် SoftBank နှင့် အင်ဒိုနီးရှားအိမ်ခြံမြေ developer တို့ပူးပေါင်း
ဂျကာတာအနီး စမတ်စီးတီးတစ်ခုဖော်ဆောင်ရန် SoftBank နှင့် အင်ဒိုနီးရှားအိမ်ခြံမြေ developer တို့ပူးပေါင်း - Property News in Myanmar from iMyanmarHouse.com
5 Dec 2019 12:16 pm တွင် တင်ခဲ့သည်
784 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ထိုစမတ်စီးတီးအား အရှေ့တောင်အာရှတွင် နည်းပညာဗဟိုချက်ဖြစ်လာရန် စီစဉ်ထားကြောင်း သိရသည်။
နိုင်ငံစုံမှစီးပွားရေးလုပ်ငန်းများစွာပူးပေါင်းထားသော ဂျပန်ကော်ပိုရေးရှင်းကြီးဖြစ်သည့် SoftBank Group Corp သည် အရှေ့တောင်အာရှတွင် နည်းပညာအသုံးချမှုများနှင့် သုတေသနဗဟိုချက်ကို တည်ဆောက်ရန် အင်ဒိုနီးရှားအိမ်ခြံမြေ developer (မြေယာဝယ်ယူ၍အဆောက်အအုံဆောက်လုပ်ရောင်းချသည့်ကုမ္ပဏီ) Lippo Karawaci နှင့် မဟာဗျူဟာမြောက်ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း SmartCitiesWorld ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ဤပူးပေါင်းမှုအရ ၎င်းကုမ္ပဏီနှစ်ခုသည် အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာအနီး Lippo Village စမတ်စီးတီးတွင် အသိဉာဏ်တု ခေါ် AI နှင့် Internet of Things (IoT) နည်းပညာများကို တပ်ဆင်ပေးမည်ဖြစ်သည်။ SoftBank က သူတို့သည် ကုန်သွယ်ရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် Lippo Village ဧရိယာတို့သို့ နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာများ မိတ်ဆက်ပေးနိုင်ရန် သူတို့၏နည်းပညာကျွမ်းကျင်မှုကို မြှင့်တင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Lippo Village တွင် စမတ်အမှိုက်စီမံခန့်ခွဲမှုနှင့် စမတ်ယာဉ်ကြေပိတ်ဆို့မှုစီမံခန့်ခွဲရေးတို့အတွက် IoT နည်းပညာကို ပေါင်းစပ်အသုံးချမည့်အစီအစဉ်ကိုလည်း Lippo Karawaci ၏ စီအီးအို (အမှုဆောင်အရာရှိချုပ်) ဂျွန်ရေဒီက အသိပေးကြေညာခဲ့သည်။
စမတ်ယာဉ်ကြောပိတ်ဆို့မှုစီမံခန့်ခွဲရေးအတွက် သူတို့က ကုန်တင်ကား၊ ဘတ်စ်ကား၊ ဆိုင်ကယ်၊ ကား ကဲ့သို့သော ယာဉ်မျိုးစုံကို သိရှိစေရန်နှင့် စမတ်စီးစီးထဲသို့ ဝင်လာသည့်ယာဉ်အရေအတွက်ကို တွက်ချက်ရန် စီစီတီဗွီများအား အသုံးပြုမည်ဖြစ်သည်။
စမတ်အမှိုက်စီမံခန့်ခွဲမှုအတွက်မူ သူတို့က ယာဉ်တစ်စီးစီအတွင်း မောင်းနှင်စီးနင်းလိုက်ပါလာသူများကို ခွဲခြားသိရှိပြီး လိုင်စင်ပြားပေါ်မှနံပါတ်များကို မှတ်တမ်းတင်နိုင်သည့် facial recognition ဆော့ဖ်ဝဲသုံး နောက်ဆုံးပေါ်ကင်မရာများအား အသုံးပြုမည်ဖြစ်သည်။
SoftBank နှင့် Lippo Karawaci တို့သည် စားသုံးသူများအား SoftBank ၏ မောလ်ကွန်ရက်တစ်ခုလုံးတွင် ပေးသော အထူးဆုခံစားခွင့်များနှင့်ချိတ်ဆက်ပေးရန်အလို့ငှာလည်း platform တစ်ခုကိုမိတ်ဆက်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
maha
platinum-garden
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service