ႏိုင္ငံျခားသားမ်ား ျမန္မာႏိုင္ငံတြင္ တရား၀င္ ေျမ၀ယ္ယူခြင့္ရွိသလား?

ႏိုင္ငံျခားသားမ်ား ျမန္မာႏိုင္ငံတြင္ တရား၀င္ ေျမ၀ယ္ယူခြင့္ရွိသလား? - Property Knowledge in Myanmar from iMyanmarHouse.com
2 Dec 2019 1:00 pm တွင် တင်ခဲ့သည်
6448 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Zawgyi Version ###

၁၉၈၇ခုႏွစ္၊ မေရႊ႕မေျပာင္းႏိုင္သည့္ပစၥည္း လႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ဥပေဒအရ ႏိုင္ငံျခားသားမ်ားအား မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းႏွင့္ပတ္သက္၍ ေရာင္းခ်ျခင္း၊ ၀ယ္ယူျခင္း၊ ေပးကမ္းျခင္း၊ ေပးကမ္းသည္ကို လက္ခံျခင္း၊ ေပါင္ႏွံျခင္း၊ ေပါင္ႏံွသည္ကိုလက္ခံျခင္း၊ လဲလွယ္ျခင္း (သို႔) အျခားနည္းတစ္ရပ္ျဖင့္ လႊဲေျပာင္း ျခင္း၊ လႊဲေျပာင္းသည္ကို လက္ခံျခင္း မျပဳရ။ ထိုသို႔ျပဳလုပ္ပါက ေထာင္ဒဏ္(၃)ႏွစ္မွ (၅)ႏွစ္က်ခံရမည့္အျပင္ အခ်င္းျဖစ္ပစၥည္းကို ႏိုင္ငံ့ဘ႑ာအျဖစ္ သိမ္းဆည္းျခင္းခံရမည္ျဖစ္ပါသည္။ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံ တြင္ ႏိုင္ငံျခားသားတစ္ဦးအမည္ျဖင့္ မေရႊ႕မေျပာင္းႏိုုင္ေသာပစၥည္းျဖစ္သည့္ ေျမႏွင့္အိမ္ကို ၀ယ္ယူခြင့္မရွိပါဘူး။

အကယ္၍ ျမန္မာႏိုင္ငံသားတစ္ဦးအမည္ျဖင့္ ၀ယ္ယူပါက ေနာက္တစ္ခ်ိန္တြင္ ျပသာနာတစ္စံုတစ္ရာျဖစ္လာႏိုင္ၿပီး ထိုသို႔ျဖစ္လာျခင္းအေပၚ အေရးယူေဆာင္ရြက္ရန္မွာလည္း အထက္ပါအတိုင္း အေရးယူခံရႏိုင္သည့္အတြက္ မလြယ္ကူလွပါ။ အမည္ခံ၀ယ္ယူသည့္ ျမန္မာႏိုင္ငံသားမွသာ ထိုအိမ္ႏွင့္ေျမကိုပိုင္ဆိုင္သည့္ အေနအထားျဖစ္ပါသည္။

၂၀၁၆ခုႏွစ္တြင္ စုေပါင္းပိုင္အေဆာက္အအံုဆိုင္ရာဥပေဒကို ျပဌာန္းၿပီးေနာက္ပိုင္းတြင္ေတာ့ ဤဥပေဒ အရ ႏိုင္ငံျခားသားမ်ားသည္ စုေပါင္းပိုင္အေဆာက္အအံု(Condo)မ်ားကို ၀ယ္ယူခြင့္ရရွိၿပီျဖစ္ပါသည္။ စုေပါင္းပိုင္အေဆာက္အအံုဆိုင္ရာဥပေဒအရ စုေပါင္းပိုင္အေဆာက္အအံု၏ ၄၀% ထက္မပိုေသာ အိမ္ခန္းမ်ားကို ႏိုင္ငံျခားသားမ်ားအား ေရာင္းခ်ႏုိင္ခြင့္ရွိသည္။ အိမ္ခန္း၀ယ္ယူသူ ႏုိင္ငံျခားသားသည္ စုေပါင္းပိုင္အေဆာက္အအံု၏ သက္တမ္းကာလအတြင္း ပိုင္ဆုိင္ခြင့္ရွိမွာျဖစ္ပါသည္။

ထို႔ေၾကာင့္ ႏိုင္ငံျခားသားမ်ားအေနျဖင့္ စုေပါင္းပိုင္အေဆာက္အအံု(Condo)ကိုသာ တရား၀င္၀ယ္ယူ ပိုင္ဆိုင္ႏိုင္မွာျဖစ္ၿပီး အျခားမေရႊ႕မေျပာင္းႏိုင္ေသာ အိမ္ျခံေျမမ်ားကို ၀ယ္ယူခြင့္မရွိေၾကာင္း ရွင္းလင္းအၾကံျပဳအပ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအရ နိုင်ငံခြားသားများအား မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့်ပတ်သက်၍ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ပေးကမ်းခြင်း၊ ပေးကမ်းသည်ကို လက်ခံခြင်း၊ ပေါင်နှံခြင်း၊ ပေါင်နံှသည်ကိုလက်ခံခြင်း၊ လဲလှယ်ခြင်း (သို့) အခြားနည်းတစ်ရပ်ဖြင့် လွှဲပြောင်း ခြင်း၊ လွှဲပြောင်းသည်ကို လက်ခံခြင်း မပြုရ။ ထိုသို့ပြုလုပ်ပါက ထောင်ဒဏ်(၃)နှစ်မှ (၅)နှစ်ကျခံရ မည့်အပြင် အချင်းဖြစ်ပစ္စည်းကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ တွင် နိုင်ငံခြားသားတစ်ဦးအမည်ဖြင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းဖြစ်သည့် မြေနှင့်အိမ်ကို ဝယ်ယူခွင့်မရှိပါဘူး။

အကယ်၍ မြန်မာနိုင်ငံသားတစ်ဦးအမည်ဖြင့် ဝယ်ယူပါက နောက်တစ်ချိန်တွင် ပြသာနာတစ်စုံတစ်ရာဖြစ်လာနိုင်ပြီး ထိုသို့ဖြစ်လာခြင်းအပေါ် အရေးယူဆောင်ရွက်ရန်မှာလည်း အထက်ပါအတိုင်း အရေးယူခံရနိုင်သည့်အတွက် မလွယ်ကူလှပါ။ အမည်ခံဝယ်ယူသည့် မြန်မာနိုင်ငံသားမှသာ ထိုအိမ်နှင့်မြေကိုပိုင်ဆိုင်သည့် အနေအထားဖြစ်ပါသည်။

၂၀၁၆ခုနှစ်တွင် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေကို ပြဌာန်းပြီးနောက်ပိုင်းတွင်တော့ ဤဥပဒေ အရ နိုင်ငံခြားသားများသည် စုပေါင်းပိုင်အဆောက်အအုံ(Condo)များကို ဝယ်ယူခွင့်ရရှိပြီဖြစ်ပါသည်။ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေအရ စုပေါင်းပိုင်အဆောက်အအုံ၏ ၄၀% ထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများအား ရောင်းချနိုင်ခွင့်ရှိသည်။ အိမ်ခန်းဝယ်ယူသူ နိုင်ငံခြားသားသည် စုပေါင်းပိုင်အဆောက်အအုံ၏ သက်တမ်းကာလအတွင်း ပိုင်ဆိုင်ခွင့်ရှိမှာဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံခြားသားများအနေဖြင့် စုပေါင်းပိုင်အဆောက်အအုံ(Condo)ကိုသာ တရားဝင်ဝယ်ယူ ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး အခြားမရွှေ့မပြောင်းနိုင်သော အိမ်ခြံမြေများကို ဝယ်ယူခွင့်မရှိကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service