မႏၱေလးတြင္ နံပတ္စဥ္ႏွင့္အမည္ေပးထားသည့္ လမ္းညႊန္ဆိုင္းဘုတ္မ်ား စတင္တပ္ဆင္ေတာ့မည္

မႏၱေလးတြင္ နံပတ္စဥ္ႏွင့္အမည္ေပးထားသည့္ လမ္းညႊန္ဆိုင္းဘုတ္မ်ား စတင္တပ္ဆင္ေတာ့မည္ - Property News in Myanmar from iMyanmarHouse.com
20 Nov 2019 11:16 am တွင် တင်ခဲ့သည်
1287 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

မႏၱေလး တြင္ နံပတ္စဥ္ႏွင့္အမည္ေပးထားသည့္ လမ္းညႊန္ဆိုင္းဘုတ္မ်ား စတင္တပ္ဆင္ေတာ့မည္ျဖစ္ေၾကာင္း မႏၱေလးၿမိဳ႕ေတာ္ဝန္ ဦးရဲလြင္က သူ၏ေဖ့စ္ဘြတ္တြင္ေရးသာထားသည္။

မႏၱေလးၿမိဳ႕ေတာ္ဝန္က “ အိမ္လိပ္စာနဲ႔ ေနရာရွာရလြယ္ကူေအာင္ လမ္းနံပတ္၊ အိမ္နံပတ္ နဲ႔ Zip Code ေတြကို စနစ္တက်ျဖစ္ဖို႔ ရပ္ကြက္ ၉၆ ရပ္ကြက္မွာကြင္းဆင္း ေလ့လာစစ္ေဆးမႈေတြကို Urban Planning Unit က ၂၀၁၈ ခုႏွစ္ ဇူလိုင္နဲ႔ၾသဂုတ္လမွာ ျပဳလုပ္ခဲ့ပါတယ္။” ဟုေျပာသည္။

အဆိုပါေတြ႔ရွိခ်က္ေပၚမူတည္ ၿပီး အႀကိမ္ႀကိမ္ေဆြးေႏြးၿပီး အတည္ျပဳခဲ့ရေၾကာင္း၊မိမိတို႔ေနထိုင္ရာလမ္းေတြကို ရပ္ကြက္သားေတြကပဲ အမည္ေပးခဲ့ၾကသျဖင့္ စနစ္မက်ခဲ့ပဲ အမည္တူလမ္းေတြ အမ်ားႀကီးရွိေနေၾကာင္း၊ေနရာရွာေဖြရာတြင္ အခက္အခဲမ်ား ေတြ႕ၾကဳံခဲ့ၾကရ ေၾကာင္း၊ရတနာလမ္းမွာ အမည္တူလမ္း၂၀ ရွိေၾကာင္း၊သစၥာလမ္း ၁၄ လမ္းရွိၿပီး ေမတၱာလမ္း ၁၃ လမ္းရွိေၾကာင္းေျပာသည္။

လမ္းတစ္လမ္းထဲမွာပင္ အမည္ ၂ မ်ိဳး ၃ မ်ိဳးျဖစ္ေနသည့္ လမ္းမ်ားလည္း အမ်ားႀကီးျဖစ္ေၾကာင္း၊ ဗႏၶဳလလမ္း၊ ေအလမ္း၊ ပိေတာက္လမ္းႏွင့္ ေရႊႏွင္းဆီလမ္းသည္ လမ္းတစ္လမ္းထဲကိုေပးထားသည့္ အမည္မ်ားျဖစ္ေၾကာင္းေျပာသည္။

ပထမဆုံးအေနျဖင့္ အရႈပ္ေထြးဆုံးျဖစ္သည့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ လမ္းညႊန္ဆိုင္းဘုတ္မ်ား စတင္စိုက္ထူမည္ျဖစ္ၿပီး တစ္လ ေလာက္အၾကာတြင္ က်န္တဲ့ၿမိဳ့နယ္မ်ားပါ ဆက္လက္လုပ္ေဆာင္ေပးသြားမွာျဖစ္ေၾကာင္း သိရသည္။

လမ္းညႊန္ဆိုင္းဘုတ္မ်ား စိုက္ထူရာတြင္ ပိုမိုခိုင္ခန္႔ေအာင္ 14 Gauge ၂ လက္မ GI pipe ၉ေပအရွည္ကို သုံးမွာျဖစ္ေၾကာင္း၊ Top cap ပါမွာျဖစ္၍ မိုးေရမဝင္နိုင္ေၾကာင္း၊foot cap ပါ၍ မိုးေရေၾကာင့္ ဝက္အူမေဆြးနိုင္ေၾကာင္းေျပာထားသည္။

လမ္းညႊန္ဆိုင္းဘုတ္ႏွင့္ ေၾကာ္ျငာအရြယ္တူကို g bond aluminium composite with bracket အရည္အေသြးေကာင္းသည့္ ပစၥည္းမ်ား သာသုံးမွာျဖစ္ေၾကာင္း၊ခိုင္ခန္႔မႈအတြက္ Precast footing with bolt and nuts ၁ ေပ ၄ လက္မအရြယ္ သုံးမွာျဖစ္ေၾကာင္း၊ စာသားမ်ား ကို UV print ႏွင့္ထုတ္မွာျဖစ္၍ ေသသပ္ လွပမႈရွိမည္ျဖစ္ေၾကာင္းေျပာထားသည္။

တိုင္၊ လမ္းညႊန္၊ ေၾကာ္ျငာႏွင့္ footing အပါအဝင္ ေျမက်င္းတူးခႏွင့္ တိုင္တစ္တိုင္စိုက္ထူၿပီးစီးခ ၆ ေသာင္း ကုန္က်မွာျဖစ္ေၾကာင္းသိရ သည္။

ဆိုင္းဘုတ္တိုင္ စိုက္ထူမႈကို စည္ပင္ကႀကီးၾကပ္ၿပီး စိုက္ထူမွာျဖစ္ေၾကာင္း၊ လုပ္ငန္းအတြက္ေၾကာ္ျငာလိုသူမ်ား ေၾကာ္ျငာခကို ၂ ႏွစ္တိတိ အခမဲ့ေပးမွာျဖစ္ေၾကာင္း၊ဒီဇိုင္းအတြက္ soft copy ပဲေပးရမွာျဖစ္ေၾကာင္း၊ရပ္ကြက္မွ မိမိအစီအစဥ္ႏွင့္ လုပ္ခ်င္လွ်င္လည္း တိုင္တစ္တိုင္ ၆ ေသာင္း ေထာင့္တစ္ေထာင့္၂ တိုင္ႏႈန္းႏွင့္စည္ပင္ကိုလႉလို႔ရပါေၾကာင္း ၿမိဳ့ေတာ္ဖြံၿဖိဳးတိုးတက္ေရးအတြက္အလႉရွင္မ်ားႏွင့္ေၾကာ္ျငာရွင္မ်ားကို ေႏြးေထြးစြာဖိတ္ေခၚပါေၾကာင္း ၊ မႏၱေလးၿမိဳ႕ေတာ္သူၿမိဳ႕ေတာ္သားမ်ားပူးေပါင္းပါဝင္ကူညီလွ်င္ ၆လအတြင္းၿပီးစီးမွာျဖစ္ေၾကာင္းေရးသားထားသည္။

ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မန္တလေးတွင် နံပတ်စဉ်နှင့်အမည်ပေးထားသည့် လမ်းညွှန်ဆိုင်းဘုတ်များ စတင်တပ်ဆင်တော့မည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဦးရဲလွင်က သူ၏ဖေ့စ်ဘွတ်တွင်ရေးသာထားသည်။

မန္တလေးမြို့တော်ဝန်က “ အိမ်လိပ်စာနဲ့ နေရာရှာရလွယ်ကူအောင် လမ်းနံပတ်၊ အိမ်နံပတ် နဲ့ Zip Code တွေကို စနစ်တကျဖြစ်ဖို့ ရပ်ကွက် ၉၆ ရပ်ကွက်မှာကွင်းဆင်း လေ့လာစစ်ဆေးမှုတွေကို Urban Planning Unit က ၂၀၁၈ ခုနှစ် ဇူလိုင်နဲ့သြဂုတ်လမှာ ပြုလုပ်ခဲ့ပါတယ်။” ဟုပြောသည်။

အဆိုပါတွေ့ရှိချက်ပေါ်မူတည် ပြီး အကြိမ်ကြိမ်ဆွေးနွေးပြီး အတည်ပြုခဲ့ရကြောင်း၊မိမိတို့နေထိုင်ရာလမ်းတွေကို ရပ်ကွက်သားတွေကပဲ အမည်ပေးခဲ့ကြသဖြင့် စနစ်မကျခဲ့ပဲ အမည်တူလမ်းတွေ အများကြီးရှိနေကြောင်း၊နေရာရှာဖွေရာတွင် အခက်အခဲများ တွေ့ကြုံခဲ့ကြရ ကြောင်း၊ရတနာလမ်းမှာ အမည်တူလမ်း၂၀ ရှိကြောင်း၊သစ္စာလမ်း ၁၄ လမ်းရှိပြီး မေတ္တာလမ်း ၁၃ လမ်းရှိကြောင်းပြောသည်။

လမ်းတစ်လမ်းထဲမှာပင် အမည် ၂ မျိုး ၃ မျိုးဖြစ်နေသည့် လမ်းများလည်း အများကြီးဖြစ်ကြောင်း၊ဗန္ဓုလလမ်း၊ အေလမ်း၊ ပိတောက်လမ်းနှင့် ရွှေနှင်းဆီလမ်းသည် လမ်းတစ်လမ်းထဲကိုပေးထားသည့် အမည်များဖြစ်ကြောင်းပြောသည်။

ပထမဆုံးအနေဖြင့် အရှုပ်ထွေးဆုံးဖြစ်သည့် ချမ်းမြသာစည်မြို့နယ်တွင် လမ်းညွှန်ဆိုင်းဘုတ်များ စတင်စိုက်ထူမည်ဖြစ်ပြီး တစ်လ လောက်အကြာတွင် ကျန်တဲ့မြို့နယ်များပါ ဆက်လက်လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူရာတွင် ပိုမိုခိုင်ခန့်အောင် 14 Gauge ၂ လက်မ GI pipe ၉ပေအရှည်ကို သုံးမှာဖြစ်ကြောင်း၊ Top cap ပါမှာဖြစ်၍ မိုးရေမဝင်နိုင်ကြောင်း၊foot cap ပါ၍ မိုးရေကြောင့် ဝက်အူမဆွေးနိုင်ကြောင်းပြောထားသည်။

လမ်းညွှန်ဆိုင်းဘုတ်နှင့် ကြော်ငြာအရွယ်တူကို g bond aluminium composite with bracket အရည်အသွေးကောင်းသည့် ပစ္စည်းများ သာသုံးမှာဖြစ်ကြောင်း၊ခိုင်ခန့်မှုအတွက် Precast footing with bolt and nuts ၁ ပေ ၄ လက်မအရွယ် သုံးမှာဖြစ်ကြောင်း၊ စာသားများ ကို UV print နှင့်ထုတ်မှာဖြစ်၍ သေသပ် လှပမှုရှိမည်ဖြစ်ကြောင်းပြောထားသည်။

တိုင်၊ လမ်းညွှန်၊ ကြော်ငြာနှင့် footing အပါအဝင် မြေကျင်းတူးခနှင့် တိုင်တစ်တိုင်စိုက်ထူပြီးစီးခ ၆ သောင်း ကုန်ကျမှာဖြစ်ကြောင်းသိရ သည်။

ဆိုင်ဘုတ်တိုင် စိုက်ထူမှုကို စည်ပင်ကကြီးကြပ်ပြီး စိုက်ထူမှာဖြစ်ကြောင်း၊ လုပ်ငန်းအတွက်ကြော်ငြာလိုသူများ ကြော်ငြာခကို ၂ နှစ်တိတိ အခမဲ့ပေးမှာဖြစ်ကြောင်း၊ဒီဇိုင်းအတွက် soft copy ပဲပေးရမှာဖြစ်ကြောင်း၊ရပ်ကွက်မှ မိမိအစီအစဉ်နှင့် လုပ်ချင်လျှင်လည်း တိုင်တစ်တိုင် ၆ သောင်း ထောင့်တစ်ထောင့်၂ တိုင်နှုန်းနှင့်စည်ပင်ကိုလှူလို့ရပါကြောင်း မြို့တော်ဖွံဖြိုးတိုးတက်ရေးအတွက်အလှူရှင်များနှင့်ကြော်ငြာရှင်များကို နွေးထွေးစွာဖိတ်ခေါ်ပါကြောင်း ၊ မန္တလေးမြို့တော်သူမြို့တော်သားများပူးပေါင်းပါဝင်ကူညီလျှင် ၆လအတွင်းပြီးစီးမှာဖြစ်ကြောင်းရေးသားထားသည်။

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service