အရှေ့တောင်အာရှ၏ အမြင့်ဆုံးမိုးမျှော်တိုက် မလေးရှားတွင် ဖွင့်လှစ်တော့မည်
အရှေ့တောင်အာရှ၏ အမြင့်ဆုံးမိုးမျှော်တိုက် မလေးရှားတွင် ဖွင့်လှစ်တော့မည် - Property News in Myanmar from iMyanmarHouse.com
29 Oct 2019 10:46 am တွင် တင်ခဲ့သည်
1590 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
အရှေ့တောင်အာရှ၏ အမြင့်ဆုံးအဆောက်အအုံ Exchange 106 သည် ရုံးခန်းနေရာ စုစုပေါင်း စတုရန်းမီတာ ၄၆,၄၅၂ မီတာဝန်းကျင်ကို ရယူထားသော ပထမဆုံးငှားရမ်းသူများအတွက် ၎င်း၏တံခါးများကို ဒီဇင်ဘာတွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း Channel News Asia သတင်းဌာနက အစီရင်ခံခဲ့သည်။
၁၀၆ ထပ်မြင့်ပြီး သံမဏိနှင့် မှန်တို့ဖြင့် ဆောက်လုပ်ထားသော ၎င်းတာဝါသည် မြို့တော်ကွာလာလမ်ပူရှိ ဘဏ္ဍာရေးခရိုင်သစ်ဖြစ်သော Tun Razak Exchange (TRX) တွင် အများပြည်သူသို့ ဖွင့်လှစ်ပြသရန်အတွက် ပထမဆုံးအသင့်ဖြစ်သည့် ဖော်ဆောင်မှုစီမံကိန်းဖြစ်သည်။
မလေးရှားအစိုးရပိုင်ကုမ္ပဏီ 1Malaysia Development Berhad (1MDB) က အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ဝန်းကျင် အကုန်အကျခံ၍ ထိုစီမံကိန်းကို စတင်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ယင်းနိုင်ငံတော်ဘဏ္ဍာသည် အလွဲသုံးစားခံရကြောင်းကို အစိုးရရှေ့နေများက စစ်ဆေးတွေ့ရှိခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ အိမ်ခြံမြေ developer Mulia Group က 1MDB ၏ ထိုဖြစ်ရပ်သည် ပြီးဆုံးသွားပြီဟု ယူဆကာ ယခုအခါ ၄၉၂ မီတာ မြင့်သော အဆိုပါတာဝါကို တည်ဆောက်ပြီးစီးသွားပြီဖြစ်ပြီး ထို့အတွက် လိုအပ်သောအထောက်အပံ့များကို မဟာသီယာမိုဟာမက်ဦးဆောင်သည့် အစိုးရသစ်ထံမှ ရယူခဲ့ကြောင်း သိရသည်။
အစိုးရသစ်မှ ပခုံးထမ်းခဲ့ရသော အခွင့်အလမ်းကုန်ကျစရိတ်များနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ဘဏ္ဍာရေးဝန်ကြီး လင်မ်ဂွမ်အန်က သူတို့သည် ၎င်းစရိတ်များကို ပြန်လည်ဆယ်ယူနိုင်မည်ဖြစ်ကြောင်း အကောင်းဘက်မှပြောကြားခဲ့သည်။
Muilia မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ပတ်ထရစ်ဟိုနန်က ကွာလမ်လမ်ပူ၏ ရင်သပ်ရှုမောဖွယ်မြင်ကွင်းများကို ကြည့်ရှုခံစားနိုင်မည့် ယင်းမိုးမျှော်တိုက်သည် ၎င်းရှိ အငှားချစရာနေရာ ၂၄၁,၅၄၈ စတုရန်းမီတာ၏ ငါးပုံတစ်ပုံကို အငှားချထားပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ငှားရမ်းမှုတွေဟာ လာမယ့်နှစ်မကုန်မီမှာ စတုရန်းမီတာ ၁၂၀,၇၇၄ အထိ ရှိလာမယ်လို့ ကျွန်တော်တို့ ခန့်မှန်းရပါတယ်” ဟုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။
အလားအလာရှိသော ဆိုင်ခန်းငှားမည့်သူများတွင် အီးကောမာ့စ်လုပ်ငန်းများ၊ ဝန်ဆောင်မှုနှင့် ပူးတွဲလုပ်ဆောင်မှုကုန်အမှတ်တံဆိပ်တစ်ခု၊ ဟောင်ကောင်အခြေစိုက် တစ်ကိုယ်ရည်ပြုစုစောင့်ရှောက်မှုကုန်အမှတ်တံဆိပ်တစ်ခုနှင့် Fortune 500 စာရင်းဝင် ကမ္ဘာ့အတိုင်ပင်ခံလုပ်ငန်းတို့ ပါဝင်ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service