စင်္ကာပူရှိ နိုင်ငံတကာပုံနှိပ် အဆောက်အအုံကြီး ဒေါ်လာ သန်း ၃၀ ဖြင့် ရောင်းချမည်

စင်္ကာပူရှိ နိုင်ငံတကာပုံနှိပ် အဆောက်အအုံကြီး ဒေါ်လာ သန်း ၃၀ ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
24 Oct 2019 11:07 am တွင် တင်ခဲ့သည်
729 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###













### Unicode Version ###

စင်္ကာပူနိုင်ငံ၊ Kallang ရိပ်သာလမ်း၊ အမှတ် ၂၆ တွင် တည်ရှိသော နိုင်ငံတကာ ပုံနှိပ်အဆောက်အအုံကြီးကို စင်္ကာပူဒေါ်လာ သန်း ၃၀ ဖြင့် ရောင်းချမည်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ Savills Singapore က ထုတ်ပြန်ကြေညာထားသည်ဟု စထရိတ်တိုင်းမ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

စင်္ကာပူ၏ အလယ်ဗဟိုဒေသတွင် တည်ရှိသော ပုံနှိပ်အဆောက်အအုံကြီးမှာ ၆ ထပ်အဆောက်အအုံဖြစ်ပြီး ခြံဝန်းဧရိယာမှာ စတုရန်းပေ ၅၄၀၀၀ အထိ ကျယ်ဝန်းသည်။

ကြမ်းခင်းဧရိယာ ၁၃၄၀၀၀ စတုရန်းပေရှိပြီး ၁၉၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်မှ စတင်ကာ နှစ် ၆၀ ဂရမ်သက်တမ်းဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံကြီးဖြစ်ရာ မြေငှားသက်တမ်း ၃၁ နှစ် ကျန်ရှိသေးသည်။

အဆိုပါ အဆောက်အအုံကြီးတွင် လက်ရှိ အငှားချထားမှုမရှိဘဲ အဆောက်အအုံလွတ်အနေဖြင့် ဈေးကွက်တင်လာခြင်း ဖြစ်သည်။

Savills Singapore မှ business space ဆိုင်ရာ မန်နေးဂျင်း ဒါရိုက်တာ ရှာရွန်တီယိုက ပြောကြားရာတွင် “စင်္ကာပူရဲ့ အချက်အခြာနေရာမှာရှိပြီး MRT ဘူတာရုံနဲ့ တခြား amenities နေရာတွေကို အလွယ်တကူ သွားရောက်နိုင်မယ့် အပေါ့စားစက်မှုလုပ်ငန်းနေရာ (Business 1-use site) တစ်ခုကို ပိုင်ဆိုင်ရမယ့် ရှားပါးတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်”ဟု ပြောကြားသည်။

“ဒီနေရာရဲ့ ထင်ရှားကျော်ကြားမှု၊ မိန်းလမ်းမကြီးဖြစ်တဲ့ Kallang Road ကနေ အပိတ်အကွယ်မရှိ တိုက်ရိုက်တွေ့မြင်နေရတဲ့ အနေအထားရှိမှုတွေကြောင့် ဝယ်ယူမယ့်သူအတွက် အမှတ်တံဆိပ်တည်ရှိမှုကို ခိုင်ခိုင်မာမာ ပြသနိုင်မယ့် အကျိုးကျေးဇူး ရရှိမှာ ဖြစ်ပါတယ်”ဟု မစ္စက် တီယိုက ဖြည့်စွက်ပြောကြားသည်။

အနီးဝန်းကျင်တွင် စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် လူနေဆိုင်ရာ အဆောက်အအုံများစွာတည်ရှိပြီး Aperia အဆောက်အအုံ၊ V Hotel Lavender ၊ Jalan Besar အားကစားစင်တာနှင့် ကွန်ဒိုမီနီယံများစွာ တည်ရှိသည်။

လမ်းလျှောက်သွားနိုင်သည့် အကွာအဝေးအတွင်း Aperia ဈေးဝယ်စင်တာ၊ fast food အရောင်းဆိုင်များ၊ စူပါမာ့ကက်များ၊ ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်တန်းများနှင့် ကော်ဖီဆိုင်များ တည်ရှိသည်။

Lavender လမ်းပေါ်တွင် အများပြည်သူသုံး ပို့ဆောင်ရေးလိုင်းရှိပြီး ၉ မိနစ်ခန့် လမ်းလျှောက်လျှင် ရောက်ရှိနိုင်သည့်နေရာတွင် Lavender နှင့် Bendemeer MRT ဘူတာရုံများတည်ရှိသည်။

အဆိုပါ အဆောက်အအုံကြီးသို့ Nicoll အဝေးပြေးလမ်းမ၊ Central အမြန်လမ်းမနှင့် East Coast Parkway တို့မှ ရောက်ရှိနိုင်သည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service