ကြန္ဒိုခန္းသစ္မ်ား၏ ေစ်းႏႈန္းကို အစိုးရက ဝင္ေရာက္ထိန္းခ်ဳပ္ေပးရန္ စကၤာပူႏိုင္ငံသားမ်ား လိုလား

ကြန္ဒိုခန္းသစ္မ်ား၏ ေစ်းႏႈန္းကို အစိုးရက ဝင္ေရာက္ထိန္းခ်ဳပ္ေပးရန္ စကၤာပူႏိုင္ငံသားမ်ား လိုလား - Property News in Myanmar from iMyanmarHouse.com
17 Oct 2019 12:23 pm တွင် တင်ခဲ့သည်
897 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အိမ္ျခံေျမထိပ္သီး ဝက္ဘ္ဆိုက္ၾကီးတစ္ခုျဖစ္ေသာ PropertyGuru ၏ စစ္တမ္းတစ္ခုအရ ပုဂၢလိကလူေနအိမ္သစ္မ်ား၏ ေစ်းႏႈန္းကို အစိုးရမွ ဝင္ေရာက္ထိန္းညႇိေစလိုၾကသည့္ စကၤာပူႏိုင္ငံသားမ်ား ပိုမိုမ်ားျပားလာေၾကာင္း ေဖာ္ျပထားသည္ဟု စကၤာပူအေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ယခုႏွစ္ပထမႏွစ္ဝက္တြင္ အဆိုပါစစ္တမ္းတြင္ ပါဝင္ေျဖဆိုမႈ ေပးခဲ့သူ ၇၉၄ ဦးရွိခဲ့ျပီး အိမ္ျခံေျမေစ်းႏႈန္း ထိန္းခ်ဳပ္မႈမ်ားရွိသင့္ေၾကာင္း ေျဖၾကားသူ ၅၈ ရာခိုင္ႏႈန္းရွိခဲ့ရာ ယခင္ႏွစ္ ဒုတိယႏွစ္ဝက္ကာလတြင္ ၄၉ ရာခိုင္ႏႈန္းရွိခဲ့မႈႏွင့္ ႏႈိင္းယွဥ္ၾကည့္ပါက ျမင့္တက္လာျခင္းလည္း ျဖစ္သည္။

ႏွစ္ဝက္လွ်င္ တစ္ၾကိမ္ေကာက္ယူေသာ အဆိုပါစစ္တမ္းရ စင္ကာပူနိုင္ငံသားအမ်ားစု (၁၀ ဦး တြင္ ၈ ဦး ) သည္ လက္ရွိအိမ္ၿခံေျမ အေျခအေနမ်ားအေပၚ မေက်နပ္ၾကေၾကာင္း၊ အထူးသျဖင့္ပုဂၢလိက အိမ္ၿခံေျမေစ်းႏႈန္းမ်ား အလြန္အမင္းျမင့္တက္ေနျခင္းအေပၚ မေက်နပ္ၾကေၾကာင္း ေတြ႔ရသည္။

ၿမိဳ႕ျပျပန္လည္ဖြံ႔ျဖိဳးေရး အာဏာပိုင္အဖြဲ႔၏ တတိယသုံးလပတ္မွအခ်က္အလက္မ်ားအရ ပုဂၢလိကအိမ္ၿခံေျမေဈးႏႈန္းမ်ားသည္ ၿပီးခဲ့သည့္သုံးလပတ္မွစျပီး ၀ ဒသမ ၉ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည္ဟု ဆိုသည္။

၃ လပတ္ ကာလခ်င္းအလိုက္ျမင့္တက္လာမႈမွာ ၁ ဒသမ ၅ ရာခိုင္ႏႈန္း ျဖစ္သည္။

PropertyGuru က စစ္တမ္းေကာက္ယူခဲ့ရာတြင္ ေျဖဆိုသူမ်ား၏ ထက္ဝက္ခန႔္သည္ ယခုႏွစ္ဒုတိယႏွစ္ဝက္အတြင္း ပုဂၢလိက အိမ္ျခံေျမေစ်းႏႈန္းမ်ား ဆက္လက္ျမင့္တက္မည္ဟု ယံုၾကည္ထားၾကသည္။

ႏႈိင္းယွဥ္ၾကည့္မည္ဆိုလွ်င္ စစ္တမ္းေျဖဆိုသူမ်ား၏ သုံးပုံတစ္ပုံခန႔္ကသာ အိမ္ရာႏွင့္ဖြ႔ံျဖိဳးေရးဘုတ္အဖြဲ႕ (HDB) က ေဆာက္လုပ္ေသာ တိုက္ခန္းမ်ား၏ ေစ်းႏႈန္းမ်ား ျမင့္တက္လိမ့္မည္ဟု ယူဆၾကသည္။

စကၤာပူ အိမ္ၿခံေျမေစ်းႏႈန္းမ်ားႏွင့္စပ္လ်ဥ္းျပီး PropertyGuru ၏ စကၤာပူဆိုင္ရာ အၾကီးအကဲ ေဒါက္တာ တန္တီခြန္က သံုးသပ္ရာတြင္ စကၤာပူ အိမ္ၿခံေျမေဈးကြက္သည္ ေဒသတြင္းရွိ အျခားေစ်းကြက္မ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ အျပဳသေဘာ ကြဲျပားေနဆဲျဖစ္ၿပီး စကၤာပူသည္ ႏိုင္ငံေရး တည္ၿငိမ္မႈႏွင့္ ေကာင္းမြန္ေသာအုပ္ခ်ဳပ္မႈရွိသည့္ ေနရာတစ္ခုျဖစ္ေၾကာင္း သံုးသပ္သည္။

PropertyGuru ၏စစ္တမ္းအရ အိမ္ၿခံေျမဝယ္ယူရာတြင္ စကၤာပူႏိုင္ငံသားမ်ားသည္ ပိုမိုသတိၾကီးၾကီး ထားတတ္ၾကသည္ဟု ဆိုသည္။

The Property Purchase Intent အမည္ရွိ ညႊန္းကိန္းသည္ စကၤာပူတြင္ ၆ လအတြင္း အိမ္ျခံေျမ ဝယ္ယူမည့္ အလားအလာ ရွိ၊ မရွိ စစ္တမ္းတစ္ခုျဖစ္ျပီး စတင္ေကာက္ယူခဲ့သည္မွာ ၉ ႏွစ္ခန္႔ ရွိျပီျဖစ္ကာ လက္ရွိကာလမွာ ၆ လအတြင္း အိမ္ျခံေျမဝယ္ယူမည့္သူ အနည္းဆံုးကာလအျဖစ္ ရပ္တည္ေနသည္။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အိမ်ခြံမြေထိပ်သီး ဝက်ဘ်ဆိုက်ကြီးတစ်ခုဖြစ်သော PropertyGuru ၏ စစ်တမ်းတစ်ခုအရ ပုဂ္ဂလိက လူနေအိမ်သစ်များ၏ ဈေးနှုန်းကို အစိုးရမှ ဝင်ရောက်ထိန်းညှိစေလိုကြသည့် စင်္ကာပူနိုင်ငံသားများ ပိုမိုများပြားလာကြောင်း ဖော်ပြထားသည်ဟု စင်္ကာပူအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယခုနှစ်ပထမနှစ်ဝက်တွင် အဆိုပါစစ်တမ်းတွင် ပါဝင်ဖြေဆိုမှု ပေးခဲ့သူ ၇၉၄ ဦးရှိခဲ့ပြီး အိမ်ခြံမြေဈေးနှုန်း ထိန်းချုပ်မှုများ ရှိသင့်ကြောင်း ဖြေကြားသူ ၅၈ ရာခိုင်နှုန်းရှိခဲ့ရာ ယခင်နှစ် ဒုတိယနှစ်ဝက်ကာလတွင် ၄၉ ရာခိုင်နှုန်းရှိခဲ့မှုနှင့် နှိုင်းယှဉ်ကြည့်ပါက မြင့်တက်လာခြင်းလည်း ဖြစ်သည်။

နှစ်ဝက်လျှင် တစ်ကြိမ်ကောက်ယူသော အဆိုပါစစ်တမ်းရ စင်ကာပူနိုင်ငံသားအများစု (၁၀ ဦး တွင် ၈ ဦး ) သည် လက်ရှိအိမ်ခြံမြေ အခြေအနေများအပေါ် မကျေနပ်ကြကြောင်း၊ အထူးသဖြင့်ပုဂ္ဂလိက အိမ်ခြံမြေဈေးနှုန်းများ အလွန်အမင်းမြင့်တက်နေခြင်းအပေါ် မကျေနပ်ကြကြောင်း တွေ့ရသည်။

မြို့ပြပြန်လည်ဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့၏ တတိယသုံးလပတ်မှအချက်အလက်များအရ ပုဂ္ဂလိကအိမ်ခြံမြေဈေးနှုန်းများသည် ပြီးခဲ့သည့်သုံးလပတ်မှစပြီး ၀ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ဆိုသည်။

၃ လပတ် ကာလချင်းအလိုက် မြင့်တက်လာမှုမှာ ၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။

PropertyGuru က စစ်တမ်းကောက်ယူခဲ့ရာတွင် ဖြေဆိုသူများ၏ ထက်ဝက်ခန့်သည် ယခုနှစ်ဒုတိယနှစ်ဝက်အတွင်း ပုဂ္ဂလိက အိမ်ခြံမြေဈေးနှုန်းများ ဆက်လက်မြင့်တက်မည်ဟု ယုံကြည်ထားကြသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် စစ်တမ်းဖြေဆိုသူများ၏ သုံးပုံတစ်ပုံခန့်ကသာ အိမ်ရာနှင့်ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (HDB) က ဆောက်လုပ်သော တိုက်ခန်းများ၏ ဈေးနှုန်းများ မြင့်တက်လိမ့်မည်ဟု ယူဆကြသည်။

စင်္ကာပူ အိမ်ခြံမြေဈေးနှုန်းများနှင့်စပ်လျဉ်းပြီး PropertyGuru ၏ စင်္ကာပူဆိုင်ရာ အကြီးအကဲ ဒေါက်တာ တန်တီခွန်က သုံးသပ်ရာတွင် စင်္ကာပူ အိမ်ခြံမြေဈေးကွက်သည် ဒေသတွင်းရှိ အခြားဈေးကွက်များနှင့် နှိုင်းယှဉ်လျှင် အပြုသဘော ကွဲပြားနေဆဲဖြစ်ပြီး စင်္ကာပူသည် နိုင်ငံရေး တည်ငြိမ်မှုနှင့် ကောင်းမွန်သောအုပ်ချုပ်မှုရှိသည့် နေရာတစ်ခုဖြစ်ကြောင်း သုံးသပ်သည်။

PropertyGuru ၏စစ်တမ်းအရ အိမ်ခြံမြေဝယ်ယူရာတွင် စင်္ကာပူနိုင်ငံသားများသည် ပိုမိုသတိကြီးကြီး ထားတတ်ကြသည်ဟု ဆိုသည်။

The Property Purchase Intent အမည်ရှိ ညွှန်းကိန်းသည် စင်္ကာပူတွင် ၆ လအတွင်း အိမ်ခြံမြေ ဝယ်ယူမည့် အလားအလာ ရှိ၊ မရှိ စစ်တမ်းတစ်ခုဖြစ်ပြီး စတင်ကောက်ယူခဲ့သည်မှာ ၉ နှစ်ခန့် ရှိပြီဖြစ်ကာ လက်ရှိကာလမှာ ၆ လအတွင်း အိမ်ခြံမြေဝယ်ယူမည့်သူ အနည်းဆုံးကာလအဖြစ် ရပ်တည်နေသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service