အေမရိကန္ႏိုင္ငံ၊ အိုကလာဟိုးမားျပည္နယ္ရွိ တာလ္ဆာအမည္ရွိ ျမိဳ႕သို႔ ေျပာင္းေရႊ႕ေနထိုင္လိုသည့္သူမ်ားကို ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ကန္ေဒၚလာ ၁၀၀၀၀ (ျမန္မာေငြ ၁၅၃ သိန္းဝန္းက်င္) ေထာက္ပံ့ေပးမည္

အေမရိကန္ႏိုင္ငံ၊ အိုကလာဟိုးမားျပည္နယ္ရွိ တာလ္ဆာအမည္ရွိ ျမိဳ႕သို႔ ေျပာင္းေရႊ႕ေနထိုင္လိုသည့္သူမ်ားကို ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ကန္ေဒၚလာ ၁၀၀၀၀ (ျမန္မာေငြ ၁၅၃ သိန္းဝန္းက်င္) ေထာက္ပံ့ေပးမည္ - Property News in Myanmar from iMyanmarHouse.com
10 Oct 2019 1:57 pm တွင် တင်ခဲ့သည်
1761 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္ႏိုင္ငံ၊ အိုကလာဟိုးမားျပည္နယ္တြင္ တာလ္ဆာအမည္ရွိ ျမိဳ႕ၾကီးတစ္ျမိဳ႕ တည္ရွိျပီး အာကင္ေဆာျမစ္ကမ္းတြင္ ကပ္လ်က္တည္ရွိသည္။

တာလ္ဆာျမိဳ႕ၾကီးသည္ အာ့ထ္ဒက္ကို ဗိသုကာလက္ရာ အေဆာက္အအံုမ်ား ေပါမ်ားသည့္ျမိဳ႕ၾကီးအျဖစ္လည္း နာမည္ေက်ာ္သည္။

တာလ္ဆာသည္ အိုကလာဟိုးမားျပည္နယ္တြင္ ဒုတိယအၾကီးမားဆံုးျမိဳ႕ၾကီးျဖစ္ျပီး အေမရိကန္ျပည္ေထာင္စုရွိ လူဦးေရ အထူထပ္ဆံုး ျမိဳ႕ၾကီးမ်ားစာရင္းတြင္ နံပါတ္ ၄၅ ၌ ရပ္တည္ေနသည့္ ျမိဳ႕ၾကီးျဖစ္သည္။

၂၀၁၆ ခုႏွစ္၊ ဇူလိုင္လ သန္းေကာင္စာရင္းအရ လူဦးေရ ၄၁၃၅၀၅ ေနထိုင္သည္ဟု သိရသည္။

တာလ္ဆာျမိဳ႕ကို ၁၈၂၈ ခုႏွစ္မွ ၁၈၃၆ ခုႏွစ္အၾကား ဌာနအေမရိကန္တိုင္းရင္းသားတို႔က စတင္တည္ေထာင္ခဲ့ျခင္း ျဖစ္သည္။

၂၀ ရာစုတြင္မူ တာလ္ဆာသည္ ကမၻာ့ေရနံအခ်က္အျခာဟု အမ်ားက တင္စားခဲ့ၾကျပီး အေမရိကန္ေရနံလုပ္ငန္းသမိုင္းတြင္ အေရးအပါအဆံုးေနရာတစ္ခု ျဖစ္ခဲ့သည္။

တာဆာလ္သည္ ကမၻာေက်ာ္ လူငယ္ေပါ့ပ္ဂီတအဖြဲ႔ Hanson စတင္ေပၚေပါက္ရာ ေနရာအျဖစ္လည္း လူသိမ်ားသည္။

Hanson အဖြဲ႔၏ သီခ်င္းမ်ားမွာ ျမန္မာႏိုင္ငံတြင္လည္း နာမည္ေက်ာ္ျပီး အဆိုေတာ္မ်ဳိးၾကီးက Hanson ၏ I Will Come To You အမည္ရွိ သီခ်င္းကို “ဒီကေစာင့္ေနသူ” ဟုလည္းေကာင္း၊ အဆိုေတာ္ ေဇာ္ပိုင္က Hanson ၏ Runaway Run ကို သူ၏ ျမိဳ႕အဝင္ည စီးရီးတြင္ “ပန္းပြင့္ေဟာင္းေလး” ဟုလည္းေကာင္း ျပန္လည္သီဆိုခဲ့ၾကဖူးသည္။

Hanson အဖြဲ႔သည္ လက္ရွိအခ်ိန္အထိ ကမၻာတစ္ဝန္းတြင္ ေတးအယ္လ္ဘမ္ ၁၆ သန္းေက်ာ္ ေရာင္းခ်ထားရျပီးလည္း ျဖစ္သည္။

ယခုႏွစ္အေစာပိုင္းတြင္ တာလ္ဆာျမိဳ႕၌ Tulsa Remote program ဟုေခၚေသာ အစီအစဥ္တစ္ရပ္ကို စတင္အေကာင္အထည္ေဖာ္ လာသည္။

အဆိုပါအစီအစဥ္အရ တာလ္ဆာျမိဳ႕တြင္ လာေရာက္ေနထိုင္ကာ အခ်ိန္ျပည့္အလုပ္ တစ္ခုခုလုပ္ကိုင္မည့္သူမ်ားကို လက္ခံေပးမည္ျဖစ္ျပီး အနည္းဆံုး ၁ ႏွစ္ အလုပ္လုပ္ကိုင္ရမည္ျဖစ္ကာ ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ကန္ေဒၚလာ ၁၀၀၀၀ ကူညီေထာက္ပံ့မည္ဟု ဆိုသည္။

ယခင္က အျခားေသာ ျမိဳ႕ၾကီးမ်ားတြင္လည္း ၎တို႔၏ ေဒသတြင္းစီးပြားေရးကို လႈပ္ႏႈိးႏိုင္ရန္အတြက္ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ဖြံ႔ျဖိဳးေရးလုပ္ငန္းမ်ားကို ဆြဲေဆာင္ခဲ့ဖူးသည္။

တာလ္ဆာ၏ အစီအစဥ္ကမူ အလုပ္သမားမ်ားကို ပစ္မွတ္ထားျခင္းျဖင့္ ေဒသတြင္းစီးပြားေရးကို ျမွင့္တင္ေပးႏိုင္ရန္ စီစဥ္ျခင္း ျဖစ္သည္။

ယခုအစီအစဥ္ကို တာလ္ဆာမွ George Kaiser Family Foundation က အကုန္အက်ခံစီစဥ္ခဲ့ျခင္းျဖစ္သည္။

Tulsa Remote program အစီအစဥ္ကို ေလွ်ာက္ထားသူေပါင္း ၁၀၀၀၀ ခန္႔ရွိခဲ့ျပီး စီမံကိန္း ပထမႏွစ္အတြက္ ေလွ်ာက္လႊာရွင္ ၁၀၀ ဦးကို ေရြးခ်ယ္ထားသည္ဟု သိရသည္။

ေက်းလက္ေဒသမွ အလုပ္သမားလူတန္းစားသည္ ေငြရွာႏိုင္မႈ အလားအလာၾကီးမားလာေနေသာ အုပ္စုျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုတြင္ ေက်းလက္ေဒသမွ လာေရာက္သည့္အလုပ္သမား ၄ သန္းခန္႔ရွိျပီး ႏွစ္စဥ္ဝင္ေငြမွာ ကန္ေဒၚလာ ၁၀၀၀၀၀ ေက်ာ္ရွိသည္။

Tulsa Remote program စီမံကိန္း၏ အေထာက္အကူရယူကာ ေရႊ႕ေျပာင္းေနထိုင္ခဲ့သူ ယာေနာ့ဗ္အမည္ရွိ အမ်ဳိးသမီးက အဆိုပါျမိဳ႕တြင္ ေနထိုင္လ်က္ရွိသည္မွာ ၃ လခြဲရွိျပီျဖစ္ျပီး ေနအိမ္တစ္လံုး ဝယ္ယူထားျပီးျဖစ္သည္။

အဆိုပါ အစီအစဥ္ျဖင့္ ေရႊ႕ေျပာင္းေနထိုင္ခဲ့သူ အသက္ ၆၄ ႏွစ္အရြယ္ရွိ ရြန္ဝါ့ဇ္သည္ Wells Fargo တြင္ IT အလုပ္၌ ဝင္ေရာက္လုပ္ကိုင္လ်က္ရွိျပီး အသက္ ၃၇ ႏွစ္အရြယ္ရွိ ကာရီ ေဟာကင္းစ္က ဒီဇိုင္နာအျဖစ္ လုပ္ကိုင္ေနသည္။

ေဟာကင္းစ္သည္ ေမာ္ေတာ္ယာဥ္ေနာက္တြဲတစ္ခုတြင္ ခင္ပြန္းျဖစ္သူ ဇက္ခ်္၊ ေခြးကေလး ကိုင္လာတို႔ႏွင့္အတူ အေမရိကရွိ ျပည္နယ္ေပါင္း ၄၈ ခုတြင္ လွည့္ပတ္ေနထိုင္ခဲ့သည္မွာ ၃ ႏွစ္ခန္႔ရွိခဲ့ျပီျဖစ္သည္။

ေနာက္ပိုင္းတြင္ Tulsa Remote စီမံကိန္းအေၾကာင္း မိတ္ေဆြမ်ားက ေျပာျပခဲ့၍ သိရွိျပီးေနာက္ပိုင္း လမ္းေပၚတြင္ ေနထိုင္ေနသည့္ဘဝကို စြန္႔လႊတ္ရန္ ဆံုးျဖတ္လိုက္ျခင္းလည္း ျဖစ္သည္။

အဆိုပါ စီမံကိန္း ပထမႏွစ္တြင္ ေရြးခ်ယ္ျခင္းခံရသူ ၁၀၀ ဦးအနက္ တစ္ဒါဇင္ခန္႔မွာ အိမ္ျခံေျမမ်ား ဝယ္ယူခဲ့ၾကျပီး ျဖစ္သည္။

တာလ္ဆာျမိဳ႕သည္ ေကာ္ဖီဆိုင္မ်ား၊ အရက္ဘားမ်ား အလြန္ေပါမ်ားသည့္အျပင္ ၂၀၁၈ ခုႏွစ္အတြင္း ေဆးေျခာက္ကို ေဆးအျဖစ္ အသံုးျပဳခြင့္ေပးလိုက္ျပီးေနာက္ပိုင္း ဖြင့္လွစ္လာေသာ ေဆးဆိုင္မ်ားလည္း မ်ားစြာရွိေနသည္။

Tulsa Remote စီမံကိန္း ဒုတိယႏွစ္အျဖစ္ ၂၀၂၀ ျပည့္ႏွစ္အတြက္ ေလွ်ာက္လႊာမ်ားကို ၂၀၁၉ ေဆာင္းတြင္းတြင္ စတင္ေလွ်ာက္ထားႏိုင္သည္ဟု သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ်တွင် တာလ်ဆာအမည်ရှိ မြို့ကြီးတစ်မြို့ တည်ရှိပြီး အာကင်ဆောမြစ်ကမ်းတွင် ကပ်လျက်တည်ရှိသည်။

တာလ်ဆာမြို့ကြီးသည် အာ့ထ်ဒက်ကို ဗိသုကာလက်ရာ အဆောက်အအုံများ ပေါများသည့်မြို့ကြီးအဖြစ်လည်း နာမည်ကျော်သည်။

တာလ်ဆာသည် အိုကလာဟိုးမားပြည်နယ်တွင် ဒုတိယအကြီးမားဆုံးမြို့ကြီးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရှိ လူဦးရေ အထူထပ်ဆုံး မြို့ကြီးများစာရင်းတွင် နံပါတ် ၄၅ ၌ ရပ်တည်နေသည့် မြို့ကြီးဖြစ်သည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ သန်းကောင်စာရင်းအရ လူဦးရေ ၄၁၃၅၀၅ နေထိုင်သည်ဟု သိရသည်။

တာလ်ဆာမြို့ကို ၁၈၂၈ ခုနှစ်မှ ၁၈၃၆ ခုနှစ်အကြား ဌာနအမေရိကန်တိုင်းရင်းသားတို့က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

၂၀ ရာစုတွင်မူ တာလ်ဆာသည် ကမ္ဘာ့ရေနံအချက်အခြာဟု အများက တင်စားခဲ့ကြပြီး အမေရိကန်ရေနံလုပ်ငန်းသမိုင်းတွင် အရေးအပါအဆုံးနေရာတစ်ခု ဖြစ်ခဲ့သည်။

တာဆာလ်သည် ကမ္ဘာကျော် လူငယ်ပေါ့ပ်ဂီတအဖွဲ့ Hanson စတင်ပေါ်ပေါက်ရာ နေရာအဖြစ်လည်း လူသိများသည်။

Hanson အဖွဲ့၏ သီချင်းများမှာ မြန်မာနိုင်ငံတွင်လည်း နာမည်ကျော်ပြီး အဆိုတော်မျိုးကြီးက Hanson ၏ I Will Come To You အမည်ရှိ သီချင်းကို “ဒီကစောင့်နေသူ” ဟုလည်းကောင်း၊ အဆိုတော် ဇော်ပိုင်က Hanson ၏ Runaway Run ကို သူ၏ မြို့အဝင်ည စီးရီးတွင် “ပန်းပွင့်ဟောင်းလေး” ဟုလည်းကောင်း ပြန်လည်သီဆိုခဲ့ကြဖူးသည်။

Hanson အဖွဲ့သည် လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ် ၁၆ သန်းကျော် ရောင်းချထားရပြီးလည်း ဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် တာလ်ဆာမြို့၌ Tulsa Remote program ဟုခေါ်သော အစီအစဉ်တစ်ရပ်ကို စတင်အကောင်အထည်ဖော် လာသည်။

အဆိုပါအစီအစဉ်အရ တာလ်ဆာမြို့တွင် လာရောက်နေထိုင်ကာ အချိန်ပြည့်အလုပ် တစ်ခုခုလုပ်ကိုင်မည့်သူများကို လက်ခံပေးမည်ဖြစ်ပြီး အနည်းဆုံး ၁ နှစ် အလုပ်လုပ်ကိုင်ရမည်ဖြစ်ကာ မြို့အုပ်ချုပ်ရေးအဖွဲ့က ကန်ဒေါ်လာ ၁၀၀၀၀ ကူညီထောက်ပံ့မည်ဟု ဆိုသည်။

ယခင်က အခြားသော မြို့ကြီးများတွင်လည်း ၎င်းတို့၏ ဒေသတွင်းစီးပွားရေးကို လှုပ်နှိုးနိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွဲဆောင်ခဲ့ဖူးသည်။

တာလ်ဆာ၏ အစီအစဉ်ကမူ အလုပ်သမားများကို ပစ်မှတ်ထားခြင်းဖြင့် ဒေသတွင်းစီးပွားရေးကို မြှင့်တင်ပေးနိုင်ရန် စီစဉ်ခြင်း ဖြစ်သည်။

ယခုအစီအစဉ်ကို တာလ်ဆာမှ George Kaiser Family Foundation က အကုန်အကျခံစီစဉ်ခဲ့ခြင်းဖြစ်သည်။

Tulsa Remote program အစီအစဉ်ကို လျှောက်ထားသူပေါင်း ၁၀၀၀၀ ခန့်ရှိခဲ့ပြီး စီမံကိန်း ပထမနှစ်အတွက် လျှောက်လွှာရှင် ၁၀၀ ဦးကို ရွေးချယ်ထားသည်ဟု သိရသည်။

ကျေးလက်ဒေသမှ အလုပ်သမားလူတန်းစားသည် ငွေရှာနိုင်မှု အလားအလာကြီးမားလာနေသော အုပ်စုဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ကျေးလက်ဒေသမှ လာရောက်သည့်အလုပ်သမား ၄ သန်းခန့်ရှိပြီး နှစ်စဉ်ဝင်ငွေမှာ ကန်ဒေါ်လာ ၁၀၀၀၀၀ ကျော်ရှိသည်။

Tulsa Remote program စီမံကိန်း၏ အထောက်အကူရယူကာ ရွှေ့ပြောင်းနေထိုင်ခဲ့သူ ယာနော့ဗ်အမည်ရှိ အမျိုးသမီးက အဆိုပါမြို့တွင် နေထိုင်လျက်ရှိသည်မှာ ၃ လခွဲရှိပြီဖြစ်ပြီး နေအိမ်တစ်လုံး ဝယ်ယူထားပြီးဖြစ်သည်။

အဆိုပါ အစီအစဉ်ဖြင့် ရွှေ့ပြောင်းနေထိုင်ခဲ့သူ အသက် ၆၄ နှစ်အရွယ်ရှိ ရွန်ဝါ့ဇ်သည် Wells Fargo တွင် IT အလုပ်၌ ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး အသက် ၃၇ နှစ်အရွယ်ရှိ ကာရီ ဟောကင်းစ်က ဒီဇိုင်နာအဖြစ် လုပ်ကိုင်နေသည်။

ဟောကင်းစ်သည် မော်တော်ယာဉ်နောက်တွဲတစ်ခုတွင် ခင်ပွန်းဖြစ်သူ ဇက်ချ်၊ ခွေးကလေး ကိုင်လာတို့နှင့်အတူ အမေရိကရှိ ပြည်နယ်ပေါင်း ၄၈ ခုတွင် လှည့်ပတ်နေထိုင်ခဲ့သည်မှာ ၃ နှစ်ခန့်ရှိခဲ့ပြီဖြစ်သည်။

နောက်ပိုင်းတွင် Tulsa Remote စီမံကိန်းအကြောင်း မိတ်ဆွေများက ပြောပြခဲ့၍ သိရှိပြီးနောက်ပိုင်း လမ်းပေါ်တွင် နေထိုင်နေသည့်ဘဝကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါ စီမံကိန်း ပထမနှစ်တွင် ရွေးချယ်ခြင်းခံရသူ ၁၀၀ ဦးအနက် တစ်ဒါဇင်ခန့်မှာ အိမ်ခြံမြေများ ဝယ်ယူခဲ့ကြပြီး ဖြစ်သည်။

တာလ်ဆာမြို့သည် ကော်ဖီဆိုင်များ၊ အရက်ဘားများ အလွန်ပေါများသည့်အပြင် ၂၀၁၈ ခုနှစ်အတွင်း ဆေးခြောက်ကို ဆေးအဖြစ် အသုံးပြုခွင့်ပေးလိုက်ပြီးနောက်ပိုင်း ဖွင့်လှစ်လာသော ဆေးဆိုင်များလည်း များစွာရှိနေသည်။

Tulsa Remote စီမံကိန်း ဒုတိယနှစ်အဖြစ် ၂၀၂၀ ပြည့်နှစ်အတွက် လျှောက်လွှာများကို ၂၀၁၉ ဆောင်းတွင်းတွင် စတင်လျှောက်ထားနိုင်သည်ဟု သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service