Ip Man ဇာတ္ကားျဖင့္ ကမၻာေက်ာ္သည့္ ေဟာင္ေကာင္ ကြန္ဖူးသရုပ္ေဆာင္ ဒြန္နီယန္းတို႔ ဇနီးေမာင္ႏွံ စကၤာပူတြင္ ေနအိမ္ရွာေဖြလ်က္ရွိ

Ip Man ဇာတ္ကားျဖင့္ ကမၻာေက်ာ္သည့္ ေဟာင္ေကာင္ ကြန္ဖူးသရုပ္ေဆာင္ ဒြန္နီယန္းတို႔ ဇနီးေမာင္ႏွံ စကၤာပူတြင္ ေနအိမ္ရွာေဖြလ်က္ရွိ - Property News in Myanmar from iMyanmarHouse.com
8 Oct 2019 12:20 pm တွင် တင်ခဲ့သည်
3828 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

Ip Man ဇာတ္ကားျဖင့္ ကမၻာေက်ာ္သည့္ ေဟာင္ေကာင္ ကြန္ဖူးသရုပ္ေဆာင္ ဒြန္နီယန္းတို႔ ဇနီးေမာင္ႏွံသည္ စကၤာပူတြင္ တန္ဖိုးၾကီး ဇိမ္ခံလူေနအိမ္ရွာေဖြလ်က္ရွိေၾကာင္း စကၤာပူအေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ေဟာင္ေကာင္သားမ်ားႏွင့္ ျပည္မၾကီး တရုတ္လူမ်ဳိးမ်ားစြာနည္းတူ တရုတ္ရိုးရာ Golden Week အားလပ္ရက္မတိုင္မီ စကၤာပူတြင္ ေနအိမ္မ်ားရွာေဖြလာေနၾကျခင္း ျဖစ္သည္။

ဒြန္နီယန္း၏ အမည္ရင္းမွာ ဒြန္နီယန္း က်ိဒန္ျဖစ္ျပီး ေဟာင္ေကာင္ရုပ္ရွင္သရုပ္ေဆာင္၊ ကိုယ္ခံပညာရွင္၊ ရုပ္ရွင္ဒါရိုက္တာ၊ ရုပ္ရွင္ထုတ္လုပ္သူတစ္ဦးျဖစ္သည့္အျပင္ ကမၻာ့ဝူရွဴးခ်န္ပီယံအျဖစ္ အၾကိမ္ေပါင္းမ်ားစြာ ဆုရထားသူလည္း ျဖစ္သည္။

ဒြန္နီယန္းသည္ တိုက္ခ်ိ၊ လက္ေဝွ႔၊ ကစ္ေဘာက္ဆင္၊ ဘရုစ္လီ တီထြင္ခဲ့ေသာ ဂ်ိကြန္ဒို၊ ဟက္ပ္ကီဒို၊ တိုက္ကြမ္ဒို၊ ကရာေတး၊ ေမြထိုင္း၊ နပန္း၊ ဘရာဇီး ဂ်ဴဂ်စ္ဆု၊ ဂ်ဴဒို၊ ဝန္ခၽြန္း၊ ဝူရွဴး အစရွိသည့္ ကိုယ္ခံပညာရပ္ေပါင္းမ်ားစြာ ကၽြမ္းက်င္သူျဖစ္သည္။

အာရွ၏ သရုပ္ေဆာင္ေၾကးအျမင့္မားဆံုး သရုပ္ေဆာင္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ျပီး ၂၀၁၃ တစ္ႏွစ္တည္းတြင္ပင္ ရုပ္ရွင္ ၄ ခုႏွင့္ ေၾကာ္ျငာ ၆ ခုမွ ေဟာင္ေကာင္ေဒၚလာ သန္း ၂၂၀ (ကန္ေဒၚလာ ၂၈ ဒသမ ၄ သန္း) ရရွိခဲ့သည္။

ဒြန္နီယန္းသည္ ျပီးခဲ့ေသာ ရက္သတၱပတ္က စကၤာပူသို႔ ေရာက္ရွိေနခဲ့သည္။

ယန္းႏွင့္ သူ၏ဇနီးျဖစ္သူ စစ္ဆီ ဝမ္တို႔ စကၤာပူသို႔ ေရာက္ရွိလာျခင္းမွာ ရုပ္ရွင္၊ ကိုယ္ခံပညာရပ္ဆိုင္ရာ ပြဲလမ္းမ်ားအတြက္မဟုတ္ဘဲ ေနအိမ္ဝယ္ယူရန္အတြက္ျဖစ္သည္။

ဒြန္နီယန္းသို႔ ဇနီးေမာင္ႏွံသည္ ေဒၚလာ ၅ သန္းမွ ၁၀ သန္းၾကားတန္ေၾကးရွိ ေနအိမ္ဝယ္ယူရန္ ရွာေဖြၾကေၾကာင္း အိမ္ျခံေျမအက်ဳိးေဆာင္တစ္ဦးက ေျပာၾကားသည္။

ယန္းႏွင့္ ဝမ္တို႔သည္ တန္ဖိုးၾကီး ကြန္ဒိုခန္းမ်ား ၾကည့္ရႈခဲ့ၾကရာ Balmoral လမ္းရွိ The Oliv ၊ Bishopgate အရပ္ရွိ Bishopsgate Residences ၊ အန္ဒါဆန္လမ္းေပၚမွ Nouvel 18 ႏွင့္ Beach လမ္းရွိ South Beach Residences တို႔တြင္ အခန္းမ်ား ၾကည့္ရႈခဲ့ၾကသည္။

လာမည့္ ေအာက္တိုဘာလ ၁ ရက္မွ စတင္ကာ ၇ ရက္ၾကာ အားလပ္ရက္ရရွိမည့္ ကာလအတြင္း တရုတ္ဝယ္လက္မ်ားစြာ စကၤာပူသို႔ ထပ္မံ ေရာက္ရွိလာၾကဦးမည္ျဖစ္သည္။

အဆိုပါအားလပ္ရက္သည္ တရုတ္အမ်ဳိးသားေန႔ႏွင့္ တရုတ္ျပည္သူ႔သမၼတႏိုင္ငံ တည္ေထာင္ျခင္း ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္ကာလလည္း ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

Ip Man ဇာတ်ကားဖြင့် ကမ္ဘာကျော်သည့် ဟောင်ကောင် ကွန်ဖူးသရုပ်ဆောင် ဒွန်နီယန်းတို့ ဇနီးမောင်နှံသည် စင်္ကာပူတွင် တန်ဖိုးကြီး ဇိမ်ခံလူနေအိမ်ရှာဖွေလျက်ရှိကြောင်း စင်္ကာပူအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဟောင်ကောင်သားများနှင့် ပြည်မကြီး တရုတ်လူမျိုးများစွာနည်းတူ တရုတ်ရိုးရာ Golden Week အားလပ်ရက်မတိုင်မီ စင်္ကာပူတွင် နေအိမ်များရှာဖွေလာနေကြခြင်း ဖြစ်သည်။

ဒွန်နီယန်း၏ အမည်ရင်းမှာ ဒွန်နီယန်း ကျိဒန်ဖြစ်ပြီး ဟောင်ကောင်ရုပ်ရှင်သရုပ်ဆောင်၊ ကိုယ်ခံပညာရှင်၊ ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဖြစ်သည့်အပြင် ကမ္ဘာ့ဝူရှူးချန်ပီယံအဖြစ် အကြိမ်ပေါင်းများစွာ ဆုရထားသူလည်း ဖြစ်သည်။

ဒွန်နီယန်းသည် တိုက်ချိ၊ လက်ဝှေ့၊ ကစ်ဘောက်ဆင်၊ ဘရုစ်လီ တီထွင်ခဲ့သော ဂျိကွန်ဒို၊ ဟက်ပ်ကီဒို၊ တိုက်ကွမ်ဒို၊ ကရာတေး၊ မွေထိုင်း၊ နပန်း၊ ဘရာဇီး ဂျူဂျစ်ဆု၊ ဂျူဒို၊ ဝန်ချွန်း၊ ဝူရှူး အစရှိသည့် ကိုယ်ခံပညာရပ်ပေါင်းများစွာ ကျွမ်းကျင်သူဖြစ်သည်။

အာရှ၏ သရုပ်ဆောင်ကြေးအမြင့်မားဆုံး သရုပ်ဆောင်များတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ၂၀၁၃ တစ်နှစ်တည်းတွင်ပင် ရုပ်ရှင် ၄ ခုနှင့် ကြော်ငြာ ၆ ခုမှ ဟောင်ကောင်ဒေါ်လာ သန်း ၂၂၀ (ကန်ဒေါ်လာ ၂၈ ဒသမ ၄ သန်း) ရရှိခဲ့သည်။

ဒွန်နီယန်းသည် ပြီးခဲ့သော ရက်သတ္တပတ်က စင်္ကာပူသို့ ရောက်ရှိနေခဲ့သည်။

ယန်းနှင့် သူ၏ဇနီးဖြစ်သူ စစ်ဆီ ဝမ်တို့ စင်္ကာပူသို့ ရောက်ရှိလာခြင်းမှာ ရုပ်ရှင်၊ ကိုယ်ခံပညာရပ်ဆိုင်ရာ ပွဲလမ်းများအတွက်မဟုတ်ဘဲ နေအိမ်ဝယ်ယူရန်အတွက်ဖြစ်သည်။

ဒွန်နီယန်းသို့ ဇနီးမောင်နှံသည် ဒေါ်လာ ၅ သန်းမှ ၁၀ သန်းကြားတန်ကြေးရှိ နေအိမ်ဝယ်ယူရန် ရှာဖွေကြကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောကြားသည်။

ယန်းနှင့် ဝမ်တို့သည် တန်ဖိုးကြီး ကွန်ဒိုခန်းများ ကြည့်ရှုခဲ့ကြရာ Balmoral လမ်းရှိ The Oliv ၊ Bishopgate အရပ်ရှိ Bishopsgate Residences ၊ အန်ဒါဆန်လမ်းပေါ်မှ Nouvel 18 နှင့် Beach ရှိ South Beach Residences တို့တွင် အခန်းများ ကြည့်ရှုခဲ့ကြသည်။

လာမည့် အောက်တိုဘာလ ၁ ရက်မှ စတင်ကာ ၇ ရက်ကြာ အားလပ်ရက်ရရှိမည့် ကာလအတွင်း တရုတ်ဝယ်လက်များစွာ စင်္ကာပူသို့ ထပ်မံ ရောက်ရှိလာကြဦးမည်ဖြစ်သည်။

အဆိုပါအားလပ်ရက်သည် တရုတ်အမျိုးသားနေ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကာလလည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
mya-nandar
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service