တိုက္ခန္းဝယ္မယ္ဆုိရင္ ေျမရွင္နဲ႕ အျငင္းပြားမႈမရွိေအာင္ သတ္မွတ္သင့္တဲ့ အခ်က္တခ်ိဳ႕

တိုက္ခန္းဝယ္မယ္ဆုိရင္ ေျမရွင္နဲ႕ အျငင္းပြားမႈမရွိေအာင္ သတ္မွတ္သင့္တဲ့ အခ်က္တခ်ိဳ႕ - Property Knowledge in Myanmar from iMyanmarHouse.com
24 Sep 2019 1:07 pm တွင် တင်ခဲ့သည်
3486 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

## Zawgyi Version ###

တိုက္ခန္းဝယ္ယူတဲ့အခါ စာခ်ဳပ္စာတမ္းခ်ဳပ္ဆိုကတည္း က ေျမရွင္ကို အမည္ေျပာင္းခနဲ႔လခကို ဘယ္ေလာက္ႏႈန္းထားဆိုတာမ်ိဳး တစ္ပါတည္းခ်ဳပ္ဆိုမွသာ ေနာက္ပိုင္း အျငင္းပြားမႈေလ်ာ့နည္းႏိုင္မယ္လို႔ သိရပါတယ္။

တိုက္ခန္းဝယ္သူတခ်ိဳ႕ၾကဳံေတြ႕ရတဲ့ ျပႆနာက တစ္ဆင့္ျပန္ေရာင္းတဲ့အခါ ေဈးႏႈန္းေသခ်ာမသတ္မွတ္ထားမိတာေၾကာင့္ အမည္ေျပာင္းခကို ေျမပိုင္ရွင္ေတာင္း သေလာက္ေပးၾကရသလို ေျမရွင္ကို ေပးေနရတဲ့ လစဥ္လခေၾကးေငြေတြေၾကာင့္လည္း အျငင္းပြားမႈေတြ ျဖစ္ေနၾကတာပါ။

အခုလိုေပးရတဲ့အေပၚ တခ်ိဳ႕က ေပးစရာမလိုဘူး။ တခ်ိဳ႕ကလည္း ေပးရတယ္ဆိုၿပီး အေပ်ာက္စနစ္ အေရာင္းအဝယ္လုပ္တဲ့အခါမွာ ေမးခြန္းတစ္ခု ျဖစ္ေနပါတယ္။

ေရွ႕ေနအသင္းဥကၠဌ ဦးေက်ာ္ေဇယ်က ‘အေပ်ာက္ခန္းအေရာင္းအဝယ္လုပ္တဲ့အခါမွာ ဘာသေဘာတူညီခ်က္မွ ေျမရွင္နဲ႔အိမ္ရွင္ၾကား လုပ္ထားတာမရွိဘူးဆို အေပ်ာက္ခန္းျပန္ေရာင္းတဲ့အခါမွာ အသိေပးစရာမလိုဘူး’ လို႔ေျပာပါတယ္။

ေျမရွင္ သေဘာတူညီမႈလိုတယ္ဆိုေပမဲ့ ကန္ထ႐ိုက္တာက သူရတဲ့အခန္းကို ဝယ္သူကို တိုက္႐ိုက္ေရာင္းတဲ့အခါ ေျမရွင္သေဘာတူညီမႈ မပါလည္းရပါတယ္။ သည္လိုမ်ိဳးအခန္းဆို ပထမဆုံးခ်ဳပ္ဆိုတဲ့ စာခ်ဳပ္က ကန္ထ႐ိုက္တာနဲ႔ ျဖစ္တာေၾကာင့္ အမည္ေျပာင္း ခေပးစရာမလိုပါဘူး။ ဒါကလည္း အမည္ေျပာင္းခကို တခ်ိဳ႕ေျမရွင္ေတြက မတန္မဆေတာင္းဆိုၾကတာေတြရွိေသာေၾကာင့္ ျဖစ္ပါတယ္။

အက်ိဳးေဆာင္ ေရွ႕ေန ဦးေမာင္ေမာင္က ‘ အမ်ားစုက ပထမစာခ်ဳပ္မွာ ေျမရွင္နဲ႔သေဘာတူညီခ်က္ေတြ ပါေနတာရွိတယ္၊ ဒါေပမဲ့ စာခ်ဳပ္မွာပါတဲ့ တန္ဖိုးအတိုင္းေပးတာလက္မခံရင္ေတာ့ ဝယ္သူက ပ်က္ကြက္တာ မဟုတ္ေတာ့ဘူး၊ တခ်ိဳ႕စာခ်ဳပ္မွာႏႈန္းထားတစ္ခါတည္းထည့္မခ်ဳပ္တဲ့အခါမွာ ျပႆနာရွိတယ္။ ေျမရွင္ေတာင္းသေလာက္ေပးရတာမ်ိဳးေတြ ရွိလာတယ္’ လို႔ေျပာပါတယ္။

တခ်ိဳ႕ဆို အေရာင္းအဝယ္ျဖစ္ၿပီးခါမွ စရန္ခ်ၿပီးမွ ေျမရွင္ကိုေပးရတဲ့ အမည္ေျပာင္းခအတြက္ ညႇိႏႈိင္းမရလို႔ပြဲပ်က္သြားတာမ်ိဳးလည္း ရွိတယ္လို႔သိရတယ္။

သည္ေနာက္ပိုင္းမွာေတာ့ တခ်ိဳ႕နားလည္သူေတြက အမည္ေျပာင္းခကို ဘယ္ေလာက္ဆိုတာ မ်ိဳးထည့္ခ်ဳပ္ဆိုၾကတယ္။

လစဥ္ေျမရွင္ကို လာေပးရတာကလည္း ထုံးတမ္းစဥ္လာတစ္ခုလို ျဖစ္ေနၿပီး ဒါေတြက အေပ်ာက္စနစ္နဲ႔ဝယ္ထားတာ ဆိုေပမဲ့ အိမ္ငွားအမ်ိဳးအစားထဲမွာ ပါတာေၾကာင့္လို႔သိရတယ္။

လႈိင္ၿမိဳ႕နယ္ေနထိုင္သူ အိမ္ရွင္မတစ္ဦးက ‘ တခ်ိဳ႕က လစဥ္ေပးရသလို တခ်ိဳ႕က ႏွစ္ခ်ဳပ္နဲ႔ေပးထားရတယ္၊ တစ္လကို ၃၀၀၀ ေလာက္ေပးရတာ ျပႆနာမဟုတ္ေပမယ့္ အႏၲရာယ္ရွိ အေဆာက္အအုံျဖစ္လို႔ ၿဖိဳၿပီးရင္ ေျမပိုင္ရွင္က ေျမပိုင္ၿပီး သူေပးတဲ့အခန္းကို ျပန္ယူရမယ္ဆိုတာမ်ိဳးေတြက် မျဖစ္သင့္ဘူး၊ ဥပေဒလိုအပ္မယ္လို႔ေတာ့ထင္တယ္ ’ လို႔ေျပာပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: The Kumudra

 

### Unicode Version ###

တိုက်ခန်းဝယ်ယူတဲ့အခါ စာချုပ်စာတမ်းချုပ်ဆိုကတည်း က မြေရှင်ကို အမည်ပြောင်းခနဲ့လခကို ဘယ်လောက်နှုန်းထားဆိုတာမျိုး တစ်ပါတည်းချုပ်ဆိုမှ သာ နောက်ပိုင်း အငြင်းပွားမှုလျော့နည်းနိုင်မယ်လို့သိရပါတယ်။

တိုက်ခန်းဝယ်သူတချို.ကြုံတွေ့ရတဲ့ ပြဿနာက တစ်ဆင့်ပြန်ရောင်းတဲ့အခါ ဈေးနှုန်းသေချာမသတ်မှတ်ထားမိတာကြောင့် အမည်ပြောင်းခကို မြေပိုင်ရှင်တောင်း သလောက်ပေးကြရသလို မြေရှင်ကို ပေးနေရတဲ့ လစဉ်လခကြေးငွေတွေကြောင့်လည်း အငြင်းပွားမှုတွေ ဖြစ်နေကြတာပါ။

အခုလိုပေးရတဲ့အပေါ် တချို့က ပေးစရာမလိုဘူး။ တချို့ကလည်း ပေးရတယ်ဆိုပြီး အပျောက်စနစ် အရောင်းအဝယ်လုပ်တဲ့အခါမှာ မေးခွန်းတစ်ခု ဖြစ်နေပါတယ်။

ရှေ့နေအသင်းဥက္ကဌ ဦးကျော်ဇေယျက ‘အပျောက်ခန်းအရောင်းအဝယ်လုပ်တဲ့အခါမှာ ဘာသဘောတူညီချက်မှ မြေရှင်နဲ့အိမ်ရှင်ကြား လုပ်ထားတာမရှိဘူးဆို အပျောက်ခန်းပြန်ရောင်းတဲ့အခါမှာ အသိပေးစရာမလိုဘူး’ လို့ပြောပါတယ်။

မြေရှင် သဘောတူညီမှုလိုတယ်ဆိုပေမဲ့ ကန်ထရိုက်တာက သူရတဲ့အခန်းကို ဝယ်သူကို တိုက်ရိုက်ရောင်းတဲ့အခါ မြေရှင်သဘောတူညီမှု မပါလည်းရပါတယ်။ သည်လိုမျိုးအခန်းဆို ပထမဆုံးချုပ်ဆိုတဲ့ စာချုပ်က ကန်ထရိုက်တာနဲ့ ဖြစ်တာကြောင့် အမည်ပြောင်း ခပေးစရာမလိုပါဘူး။ ဒါကလည်း အမည်ပြောင်းခကို တချို့မြေရှင်တွေက မတန်မဆတောင်းဆိုကြတာတွေရှိသောကြောင့် ဖြစ်ပါတယ်။

အကျိုးဆောင် ရှေ့နေ ဦးမောင်မောင်က ‘ အများစုက ပထမစာချုပ်မှာ မြေရှင်နဲ့သဘောတူညီချက်တွေ ပါနေတာရှိတယ်၊ ဒါပေမဲ့ စာချုပ်မှာပါတဲ့ တန်ဖိုးအတိုင်း ပေးတာလက်မခံရင်တော့ ဝယ်သူက ပျက်ကွက်တာ မဟုတ်တော့ဘူး၊ တချို့စာချုပ်မှာနှုန်းထားတစ်ခါတည်းထည့်မချုပ်တဲ့အခါမှာ ပြဿနာရှိတယ်။ မြေရှင်တောင်းသလောက်ပေးရတာမျိုးတွေ ရှိလာတယ်’ လို့ပြောပါတယ်။

တချို့ဆို အရောင်းအဝယ်ဖြစ်ပြီးခါမှ စရန်ချပြီးမှ မြေရှင်ကိုပေးရတဲ့ အမည်ပြောင်းခအတွက် ညှိနှိုင်းမရလို့ပွဲပျက်သွားတာမျိုးလည်း ရှိတယ်လို့သိရတယ်။

သည်နောက်ပိုင်းမှာတော့ တချို့နားလည်သူတွေက အမည်ပြောင်းခကို ဘယ်လောက်ဆိုတာ မျိုးထည့်ချုပ်ဆိုကြတယ်။

လစဉ်မြေရှင်ကို လာပေးရတာကလည်း ထုံးတမ်းစဉ်လာ တစ်ခုလို ဖြစ်နေပြီး ဒါတွေက အပျောက်စနစ်နဲ့ဝယ်ထားတာ ဆိုပေမဲ့ အိမ်ငှားအမျိုးအစားထဲမှာ ပါတာကြောင့်လို့သိရတယ်။

လှိုင်မြို့နယ်နေထိုင်သူ အိမ်ရှင်မတစ်ဦးက ‘ တချို့က လစဉ်ပေးရသလို တချို့က နှစ်ချုပ်နဲ့ပေးထားရတယ်၊ တစ်လကို ၃၀၀၀ လောက်ပေးရတာ ပြဿနာမဟုတ်ပေမယ့် အန္တရာယ်ရှိ အဆောက်အအုံဖြစ်လို့ ဖြိုပြီးရင် မြေပိုင်ရှင်က မြေပိုင်ပြီး သူပေးတဲ့အခန်းကို ပြန်ယူရမယ်ဆိုတာမျိုးတွေကျ မဖြစ်သင့်ဘူး၊ ဥပဒေလိုအပ်မယ်လို့တော့ထင်တယ် ’ လို့ပြောပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service