အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တြင္ ကိုယ္ေရးကိုယ္တာ အသံုးျပဳသည့္ အိမ္ျခံေျမမ်ားသည္ပင္လွ်င္ ကန္ေဒၚလာ ၁၂၂ သန္းေက်ာ္ဖိုး ပိုင္ဆိုင္ထားေၾကာင္း ေဖာ့ဘ္မဂၢဇင္းၾကီးက ခန္႔မွန္း

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တြင္ ကိုယ္ေရးကိုယ္တာ အသံုးျပဳသည့္ အိမ္ျခံေျမမ်ားသည္ပင္လွ်င္ ကန္ေဒၚလာ ၁၂၂ သန္းေက်ာ္ဖိုး ပိုင္ဆိုင္ထားေၾကာင္း ေဖာ့ဘ္မဂၢဇင္းၾကီးက ခန္႔မွန္း - Property News in Myanmar from iMyanmarHouse.com
20 Sep 2019 12:01 pm တွင် တင်ခဲ့သည်
909 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေဖာ့ဘ္မဂၢဇင္းၾကီး၏ ခန္႔မွန္းခ်က္အရ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ကန္ေဒၚလာ ၃ ဒသမ ၁ ဘီလီယံခန္႔ ၾကြယ္ဝျပီး ကိုယ္ေရးကုိယ္တာအတြက္ အသံုးျပဳသည့္ အိမ္ျခံေျမမ်ားသည္ပင္လွ်င္ ကန္ေဒၚလာ ၁၂၂ သန္းေက်ာ္ဖိုး ပိုင္ဆိုင္ထားေၾကာင္း ခန္႔မွန္းထားသည္။

ေဒၚနယ္ထရမ့္သည္ သမၼတမျဖစ္မီကတည္းက အိမ္ျခံေျမေပါင္းမ်ားစြာ ပိုင္ဆိုင္ထားေသာ သူေဌးၾကီးတစ္ဦး ျဖစ္သည္။

သူ၏ ကုမၸဏီသည္ နယူးေယာက္၊ ဝါရွင္တန္ဒီစီ၊ ခ်ီကာဂို၊ ဆန္ဖရန္စစၥကိုအျပင္ အျခားအေမရိကန္ျပည္၏ အထင္ကရ ျမိဳ႕ၾကီးမ်ားစြာ တြင္ အိမ္ျခံေျမေပါင္း ကန္ေဒၚလာ ၂ ဘီလီယံေက်ာ္ဖုိး ပိုင္ဆိုင္ထားျပီး ကိုယ္ေရးကိုယ္တာ အသံုးျပဳသည့္ အိမ္ျခံေျမမ်ားသည္ပင္လွ်င္ ကန္ေဒၚလာ ၁၂၂ သန္းေက်ာ္ဖုိး ပိုင္ဆိုင္ထားေၾကာင္း ေဖာ့ဘ္မဂၢဇင္းၾကီး၏ ခန္႔မွန္းခ်က္တြင္ ေဖာ္ျပသည္။

ထရမ့္သည္ ယခု ၂၀၁၉ ခုႏွစ္၊ ဇြန္လအတြင္း ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးလ္အရပ္ရွိ တူးေဒၚဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထား ကာ စတုရန္းေပ ၅၃၉၅ က်ယ္ဝန္းသည့္ ကိုယ္ေရးကိုယ္တာသံုးစံအိမ္ကို ကန္ေဒၚလာ ၁၃ ဒသမ ၅ သန္းျဖင့္ ျပန္လည္ ေရာင္းထုတ္ ထားခဲ့သည္။

(အဆိုပါသတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားတင္ျပခဲ့ျပီးျဖစ္ရာ ျပန္လည္ဖတ္ရႈလိုပါက https://www.imyanmarhouse.com/news/read/836001 အင္တာနက္လင့္ခ္တြင္ ဖတ္ရႈႏိုင္ပါသည္)အဆိုပါ ေရာင္းခ်မႈေနာက္ပိုင္း ထရမ့္၏ ကိုယ္ေရးကိုယ္တာသံုး အိမ္ျခံေျမမွာ ၈ ခုသာ က်န္ရွိျပီး ျပည္နယ္ ၃ ခုႏွင့္ ကာရစ္ဘီယံကၽြန္း တစ္ကၽြန္းေပၚတို႔တြင္ ျဖန႔္က်က္တည္ရွိသည္။

သို႔တိုင္ အဆိုပါပိုင္ဆိုင္မႈမ်ား၏ သူ၏ခန္႔မွန္းၾကြယ္ဝမႈ ကန္ေဒၚလာ ၃ ဒသမ ၁ ဘီလီယံ၏ အစြန္းထြက္မွ်သာ ရွိေသးသည္။ထရမ့္၏ အိမ္ျခံေျမမ်ားကို ေလ့လာၾကည့္ၾကပါစို႔။ အိမ္ျခံေျမတို႔၏ တန္ဖုိးမ်ားမွာ ေဖာ့ဘ္မဂၢဇင္းၾကီးက ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ ခန္႔မွန္းခဲ့ေသာ တန္ဖိုးမ်ား ျဖစ္ပါသည္။

(၁) နယူးေယာက္။ ။ အိမ္ျဖဴေတာ္သို႔ ေျပာင္းေရႊ႕ေနထိုင္ျခင္းမျပဳမီက ထရမ့္၏ အဓိကေနအိမ္မွာ နယူးေယာက္ျမိဳ႕၊ ထရမ့္တာဝါရွိ penthouse ခန္းျဖစ္သည္။ ထရမ့္က အဆိုပါအခန္း၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၃၃၀၀၀ ရွိသည္ဟု ေျပာၾကားခဲ့ေသာ္လည္း နယူးေယာက္ျမိဳ႕ အိမ္ျခံေျမမွတ္တမ္းမ်ားအရမူ စတုရန္းေပ ၁၁၀၀၀ ခန္႔သာရွိသည္ဟု ဆိုသည္။တန္ေၾကးမွာ ကန္ေဒၚလာ ၅၇ သန္းျဖစ္သည္ဟု ခန္႔မွန္းထားသည္။ အျခားခန္႔မွန္းခ်က္မ်ားတြင္မူ ကန္ေဒၚလာ သန္း ၁၀၀ ခန္႔ တန္ေၾကးရွိသည္ဟု ေဖာ္ျပၾကသည္။

(အဆိုပါအခန္းအေၾကာင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားတင္ျပခဲ့ျပီးျဖစ္ရာ ျပန္လည္ဖတ္ရႈလိုပါက https://www.imyanmarhouse.com/news/read/540058 အင္တာနက္လင့္ခ္တြင္ ဖတ္ရႈႏိုင္ပါသည္)တည္ေနရာမွာ နယူးေယာက္ျမိဳ႕၊ ပဥၥမရိပ္သာလမ္းတြင္ျဖစ္ျပီး Central Park ပန္းျခံကို စီးမိုးၾကည့္ရႈႏိုင္သည့္ အခန္းတစ္ခန္းျဖစ္သည္။

(၂) ဘက္ဖို႔ဒ္ျမိဳ႕မွ စမ္း ၇ သြယ္ စံအိမ္။ ။ ထရမ့္သည္ ျမိဳ႕ျပလူေနမႈဘဝမွ ရုန္းထြက္လိုပါက နယူးေယာက္ျပည္နယ္၊ ဘက္ဖို႔ဒ္ျမိဳ႕ကေလးတြင္ စမ္း ၇ သြယ္အမည္ရွိေသာ စတုရန္းေပ ၃၉၀၀၀ က်ယ္ဝန္းေသာ စံအိမ္တစ္လံုးတြင္လည္း သြားေရာက္ေနထိုင္ေလ့ရွိသည္။ တည္ေနရာမွာ နယူးေယာက္ျမိဳ႕ေျမာက္ဘက္ ၄၅ မိုင္ခန္႔အကြာတြင္ တည္ရွိသည္။ ျခံဝန္းအက်ယ္မွာ ၂၁၃ ဧကရွိျပီး စက်င္ေက်ာက္မ်ားျဖင့္ ေဆာက္လုပ္ထားသည့္ အိမ္တြင္းေရကူးကန္၊ အခန္းေပါင္း ၆၀၊ ေရခ်ဳိးခန္း ၁၂ ခန္း၊ ဝန္ထမ္းအိမ္ရာ ၂ ခု၊ ဘိုးလင္းကစားရန္ေနရာတို႔ ပါဝင္သည္ဟု ဆိုသည္။ကာလတန္ေၾကးမွာ ကန္ေဒၚလာ ၂၄ သန္းခန္႔ ျဖစ္သည္။

(၃) ဗာဂ်ီးနီးယားျပည္နယ္မွ စံအိမ္မ်ား။ ။ ထရမ့္သည္ ဗာဂ်ီးနီးယားျပည္နယ္၊ စတာလင္ျမိဳ႕တြင္ စံအိမ္ ၂ လံုးပိုင္ဆိုင္ထားျပီး ဝါရွင္တန္ ဒီစီျမိဳ႕ေတာ္အနီးမွ Trump National Golf Club အနီးတြင္ တည္ရွိကာ စုစုေပါင္းတန္ေၾကးအားျဖင့္ ကန္ေဒၚလာ ၁ ဒသမ ၅ သန္း တန္ေၾကးွရိွသည္။

(၄) ဖေလာ္ရီဒါ။ ။ ထရမ့္သည္ ဖေလာ္ရီဒါျပည္နယ္၊ ပမ္ဘိခ်္တြင္လည္း တစ္ကိုယ္ေရေနထိုင္ရန္ စံအိမ္မ်ားပိုင္ဆိုင္ထားျပီး စုစုေပါင္းတန္ေၾကးအားျဖင့္ ကန္ေဒၚလာ ၂၅ သန္းခန္႔ရွိသည္။ထရမ့္သည္ အဆိုပါအိမ္ျခံေျမမ်ားအတြက္ ေၾကြးျမီ ကန္ေဒၚလာ ၁၁ သန္းခန္႔ရွိရာ အမွန္စင္စစ္တန္ေၾကးမွာ ကန္ေဒၚလာ ၃၆ သန္းခန္႔ ျဖစ္သည္ဟု ဆိုႏိုင္သည္။ အဆိုပါစံအိမ္မ်ားသည္ Trump Organization က ပိုင္ဆိုင္ထားေသာ မာရာလာဂို ဇိမ္ခံအပန္းေျဖစခန္းၾကီးအနီးတြင္ တည္ရွိသည္။ဧကေပါင္း ၂၀ က်ယ္ဝန္းသည့္ မာရာလာဂိုကို ေဆာင္းရာသီအိမ္ျဖဴေတာ္ဟုလည္း တင္စားၾကသည္။သမၼတအျဖစ္ တင္ေျမွာက္ခံရျပီးေနာက္ ထရမ့္က မာရာလာဂိုအပန္းေျဖကလပ္၏ အသင္းဝင္ေၾကးကို ကန္ေဒၚလာ ၁၀၀၀၀၀ မွ ၂၀၀၀၀၀ သို႔ တိုးျမွင့္ခဲ့သည္။(မာရာလာဂိုစံအိမ္ၾကီးႏွင့္ စပ္လ်ဥ္းေသာ သတင္းမ်ားကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ (၁) https://www.imyanmarhouse.com/news/read/642904 (၂) https://www.imyanmarhouse.com/news/read/732886 (၃) https://www.imyanmarhouse.com/news/read/667859 အင္တာနက္လင့္ခ္မ်ားတြင္ ျပန္လည္ဖတ္ရႈႏိုင္ပါသည္)

(၅) စိန္႔မာတင္ ။ ။ ထရမ့္သည္ အေမရိကန္ျပည္ေထာင္စုတြင္သာ ကိုယ္ေရးကိုယ္တာသံုးစံအိမ္မ်ား ပိုင္ဆိုင္ထားသည္မဟုတ္။ ေတာင္အေမရိကတိုက္၏ ေျမာက္ဘက္၊ ေျမာက္အတၱလႏၱိတ္ သမုဒၵရာအတြင္းတြင္တည္ရွိေသာ စိန္႔မာတင္ကၽြန္းေပၚတြင္လည္း ကမ္းေျခစံအိမ္ၾကီးတစ္လံုး ပိုင္ဆိုင္ထားသည္။ ထရမ့္က အဆိုပါစံအိမ္ကို ၂၀၁၃ ခုႏွစ္အတြင္း စီးပြားေရးလုပ္ငန္းရွင္ မိတ္ေဆြတစ္ဦးထံမွ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ေစ်းႏႈန္းကိုမူ ထုတ္ျပန္ခဲ့ျခင္းမရွိေၾကာင္း ေဖာ့ဘ္မဂၢဇင္းၾကီးတြင္ ေဖာ္ျပခဲ့ဖူးသည္။ စံအိမ္အတြင္း အိပ္ခန္း ၉ ခန္း၊ ေရခ်ဳိးခန္း ၁၂ ခန္း၊ ေရပူကန္၊ အားစကားေလ့က်င့္ေရးခန္းမ၊ တင္းနစ္ကြင္း၊ ဟင္းလင္းျပင္ အရက္ဘားတို႔ ပါဝင္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

ဖော့ဘ်မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံခန့် ကြွယ်ဝပြီး ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုသည့် အိမ်ခြံမြေများသည်ပင်လျှင် ကန်ဒေါ်လာ ၁၂၂ သန်းကျော်ဖိုး ပိုင်ဆိုင်ထားကြောင်း ခန့်မှန်းထားသည်။

ဒေါ်နယ်ထရမ့်သည် သမ္မတမဖြစ်မီကတည်းက အိမ်ခြံမြေပေါင်းများစွာ ပိုင်ဆိုင်ထားသော သူဌေးကြီးတစ်ဦး ဖြစ်သည်။

သူ၏ ကုမ္ပဏီသည် နယူးယောက်၊ ဝါရှင်တန်ဒီစီ၊ ချီကာဂို၊ ဆန်ဖရန်စစ္စကိုအပြင် အခြားအမေရိကန်ပြည်၏ အထင်ကရ မြို့ကြီးများစွာ တွင် အိမ်ခြံမြေပေါင်း ကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖိုး ပိုင်ဆိုင်ထားပြီး ကိုယ်ရေးကိုယ်တာ အသုံးပြုသည့် အိမ်ခြံမြေများသည်ပင်လျှင် ကန်ဒေါ်လာ ၁၂၂ သန်းကျော်ဖိုး ပိုင်ဆိုင်ထားကြောင်း ဖော့ဘ်မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်တွင် ဖော်ပြသည်။

ထရမ့်သည် ယခု ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ တူးဒေါ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထား ကာ စတုရန်းပေ ၅၃၉၅ ကျယ်ဝန်းသည့် ကိုယ်ရေးကိုယ်တာသုံးစံအိမ်ကို ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့် ပြန်လည် ရောင်းထုတ် ထားခဲ့သည်။

(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/836001 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်) အဆိုပါ ရောင်းချမှုနောက်ပိုင်း ထရမ့်၏ ကိုယ်ရေးကိုယ်တာသုံး အိမ်ခြံမြေမှာ ၈ ခုသာ ကျန်ရှိပြီး ပြည်နယ် ၃ ခုနှင့် ကာရစ်ဘီယံကျွန်း တစ်ကျွန်းပေါ်တို့တွင် ဖြန့်ကျက်တည်ရှိသည်။

သို့တိုင် အဆိုပါပိုင်ဆိုင်မှုများ၏ သူ၏ခန့်မှန်းကြွယ်ဝမှု ကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ၏ အစွန်းထွက်မျှသာ ရှိသေးသည်။ ထရမ့်၏ အိမ်ခြံမြေများကို လေ့လာကြည့်ကြပါစို့။ အိမ်ခြံမြေတို့၏ တန်ဖိုးများမှာ ဖော့ဘ်မဂ္ဂဇင်းကြီးက ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ခန့်မှန်းခဲ့သော တန်ဖိုးများ ဖြစ်ပါသည်။

(၁) နယူးယောက်။ ။ အိမ်ဖြူတော်သို့ ပြောင်းရွှေ့နေထိုင်ခြင်းမပြုမီက ထရမ့်၏ အဓိကနေအိမ်မှာ နယူးယောက်မြို့၊ ထရမ့်တာဝါရှိ penthouse ခန်းဖြစ်သည်။ ထရမ့်က အဆိုပါအခန်း၏ အကျယ်အဝန်းမှာ စတုရန်းပေ ၃၃၀၀၀ ရှိသည်ဟု ပြောကြားခဲ့သော်လည်း နယူးယောက်မြို့ အိမ်ခြံမြေမှတ်တမ်းများအရမူ စတုရန်းပေ ၁၁၀၀၀ ခန့်သာရှိသည်ဟု ဆိုသည်။ တန်ကြေးမှာ ကန်ဒေါ်လာ ၅၇ သန်းဖြစ်သည်ဟု ခန့်မှန်းထားသည်။ အခြားခန့်မှန်းချက်များတွင်မူ ကန်ဒေါ်လာ သန်း ၁၀၀ ခန့် တန်ကြေးရှိသည်ဟု ဖော်ပြကြသည်။ (အဆိုပါအခန်းအကြောင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/540058 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်) တည်နေရာမှာ နယူးယောက်မြို့၊ ပဉ္စမရိပ်သာလမ်းတွင်ဖြစ်ပြီး Central Park ပန်းခြံကို စီးမိုးကြည့်ရှုနိုင်သည့် အခန်းတစ်ခန်းဖြစ်သည်။

(၂) ဘက်ဖို့ဒ်မြို့မှ စမ်း ၇ သွယ် စံအိမ်။ ။ ထရမ့်သည် မြို့ပြလူနေမှုဘဝမှ ရုန်းထွက်လိုပါက နယူးယောက်ပြည်နယ်၊ ဘက်ဖို့ဒ်မြို့ကလေးတွင် စမ်း ၇ သွယ်အမည်ရှိသော စတုရန်းပေ ၃၉၀၀၀ ကျယ်ဝန်းသော စံအိမ်တစ်လုံးတွင်လည်း သွားရောက်နေထိုင်လေ့ရှိသည်။ တည်နေရာမှာ နယူးယောက်မြို့မြောက်ဘက် ၄၅ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ခြံဝန်းအကျယ်မှာ ၂၁၃ ဧကရှိပြီး စကျင်ကျောက်များဖြင့် ဆောက်လုပ်ထားသည့် အိမ်တွင်းရေကူးကန်၊ အခန်းပေါင်း ၆၀၊ ရေချိုးခန်း ၁၂ ခန်း၊ ဝန်ထမ်းအိမ်ရာ ၂ ခု၊ ဘိုးလင်းကစားရန်နေရာတို့ ပါဝင်သည်ဟု ဆိုသည်။ ကာလတန်ကြေးမှာ ကန်ဒေါ်လာ ၂၄ သန်းခန့် ဖြစ်သည်။

(၃) ဗာဂျီးနီးယားပြည်နယ်မှ စံအိမ်များ။ ။ ထရမ့်သည် ဗာဂျီးနီးယားပြည်နယ်၊ စတာလင်မြို့တွင် စံအိမ် ၂ လုံးပိုင်ဆိုင်ထားပြီး ဝါရှင်တန် ဒီစီမြို့တော်အနီးမှ Trump National Golf Club အနီးတွင် တည်ရှိကာ စုစုပေါင်းတန်ကြေးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်း တန်ကြေးှရှိသည်။ (၄) ဖလော်ရီဒါ။ ။ ထရမ့်သည် ဖလော်ရီဒါပြည်နယ်၊ ပမ်ဘိချ်တွင်လည်း တစ်ကိုယ်ရေနေထိုင်ရန် စံအိမ်များပိုင်ဆိုင်ထားပြီး စုစုပေါင်းတန်ကြေးအားဖြင့် ကန်ဒေါ်လာ ၂၅ သန်းခန့်ရှိသည်။ ထရမ့်သည် အဆိုပါအိမ်ခြံမြေများအတွက် ကြွေးမြီ ကန်ဒေါ်လာ ၁၁ သန်းခန့်ရှိရာ အမှန်စင်စစ်တန်ကြေးမှာ ကန်ဒေါ်လာ ၃၆ သန်းခန့် ဖြစ်သည်ဟု ဆိုနိုင်သည်။ အဆိုပါစံအိမ်များသည် Trump Organization က ပိုင်ဆိုင်ထားသော မာရာလာဂို ဇိမ်ခံအပန်းဖြေစခန်းကြီးအနီးတွင် တည်ရှိသည်။ ဧကပေါင်း ၂၀ ကျယ်ဝန်းသည့် မာရာလာဂိုကို ဆောင်းရာသီအိမ်ဖြူတော်ဟုလည်း တင်စားကြသည်။ သမ္မတအဖြစ် တင်မြှောက်ခံရပြီးနောက် ထရမ့်က မာရာလာဂိုအပန်းဖြေကလပ်၏ အသင်းဝင်ကြေးကို ကန်ဒေါ်လာ ၁၀၀၀၀၀ မှ ၂၀၀၀၀၀ သို့ တိုးမြှင့်ခဲ့သည်။ (မာရာလာဂိုစံအိမ်ကြီးနှင့် စပ်လျဉ်းသော သတင်းများကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် (၁) https://www.imyanmarhouse.com/news/read/642904 (၂) https://www.imyanmarhouse.com/news/read/732886 (၃) https://www.imyanmarhouse.com/news/read/667859 အင်တာနက်လင့်ခ်များတွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်)

(၅) စိန့်မာတင် ။ ။ ထရမ့်သည် အမေရိကန်ပြည်ထောင်စုတွင်သာ ကိုယ်ရေးကိုယ်တာသုံးစံအိမ်များ ပိုင်ဆိုင်ထားသည်မဟုတ်။ တောင်အမေရိကတိုက်၏ မြောက်ဘက်၊ မြောက်အတ္တလန္တိတ် သမုဒ္ဒရာအတွင်းတွင်တည်ရှိသော စိန့်မာတင်ကျွန်းပေါ်တွင်လည်း ကမ်းခြေစံအိမ်ကြီးတစ်လုံး ပိုင်ဆိုင်ထားသည်။ ထရမ့်က အဆိုပါစံအိမ်ကို ၂၀၁၃ ခုနှစ်အတွင်း စီးပွားရေးလုပ်ငန်းရှင် မိတ်ဆွေတစ်ဦးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း ဖော့ဘ်မဂ္ဂဇင်းကြီးတွင် ဖော်ပြခဲ့ဖူးသည်။ စံအိမ်အတွင်း အိပ်ခန်း ၉ ခန်း၊ ရေချိုးခန်း ၁၂ ခန်း၊ ရေပူကန်၊ အားစကားလေ့ကျင့်ရေးခန်းမ၊ တင်းနစ်ကွင်း၊ ဟင်းလင်းပြင် အရက်ဘားတို့ ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service