အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လော့စ်အိန်ဂျလိရှိ စံအိမ်ကို အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်းရှင်ထံ လျှို့ဝှက်ရောင်းချ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လော့စ်အိန်ဂျလိရှိ စံအိမ်ကို အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်းရှင်ထံ လျှို့ဝှက်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
21 Jun 2019 11:44 am တွင် တင်ခဲ့သည်
969 ကြိမ် ကြည့်ရှု့ပြီး

ရောင်းချသူ- The Trump Organization

တည်နေရာ- ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်

ဈေးနှုန်း-ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်း

အကျယ်အဝန်း- စတုရန်းပေ ၅၃၉၅၊ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်တွင် ကာလကြာရှည်စွာ ပိုင်ဆိုင်ထားခဲ့သော စံအိမ်ကို အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်းရှင်ထံ လျှို့ဝှက်ရောင်းချလိုက်ကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

အဆိုပါစံအိမ်သည် အနောက်ဘက်ကမ်းရိုးတန်းတွင် ထရမ့်ပိုင်ဆိုင်ထားသည့် နောက်ဆုံးစံအိမ်ဖြစ်ပြီး ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထရမ့်က အဆိုပါစံအိမ်ကို ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၇ သန်းသာ ပေးခဲ့ရရာ ယခုအရောင်းအဝယ်ဖြစ်သွားသော ဈေးနှုန်းအရ ဝယ်ဈေး၏ ၂ ဆနီးပါး ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဝယ်ယူခဲ့ပြီးနောက်ပိုင်းမှစပြီး ထရမ့်သည် အဆိုပါစံအိမ်တွင် နေထိုင်ခြင်း အလွန်နည်းပါးသည်။

ဝယ်လက်မှာ အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်းရှင် ဘီလျံနာကြီး ဘမ်ဘန် ဟာရီ တာနိုဆိုဒစ်ဂျိုဖြစ်သည်ဟု သိရသည်။

အင်ဒိုနီးရှားဘီလျံနာကြီးသည် ယခုစံအိမ်ကို British Virgin Islands အခြေစိုက် Hillcrest Asia Limited ကုမ္ပဏီမှတဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဟာရီ တာနိုးဟုလည်း လူသိများသူ အင်ဒိုနီးရှား ဘီလျံနာကြီးသည် အသက် ၅၃ နှစ်အရွယ်ရှိပြီး မီဒီယာ၊ ဘဏ္ဍာရေးနှင့် အိမ်ခြံမြေ လုပ်ငန်းများ လုပ်ကိုင်သည့် နိုင်ငံစုံကုမ္ပဏီကြီး MNC Group ကို ပိုင်ဆိုင်သူတစ်ဦးလည်း ဖြစ်သည်။

ဒေါ်နယ်ထရမ့်ကဲ့သို့ပင် တာနိုးသည်လည်း ထင်ပေါ်ကျော်ကြား လူသိများသူဖြစ်ပြီး အင်စတာဂရမ်တွင် Follower တစ်သန်းခန့်ရှိသည်ဟု ဆိုသည်။ ဒေါ်နယ်ထရမ့်နှင့် ထပ်မံတူညီသည်မှာ နိုင်ငံရေးနယ်တွင် စိတ်ဝင်စားခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် ဟာရီတာနိုးသည် အင်ဒိုနီးရှား စည်းလုံးရေး ပါတီ (IUP) ကို စတင်တည်ထောင်ခဲ့သည်။

အင်ဒိုနီးရှား၏ ပင်မပါတီကြီး ၂ ခုအပေါ် ပြည်သူတို့က သဘောထားမတိုက်ဆိုင်မှုများ ပေါ်ပေါက်ပြီးနောက်ပိုင်း ထိုသို့ပါတီထောင်လိုက်ခြင်း ဖြစ်သည်။

သူသည် ထရမ့်ကို ထောက်ခံသူ၊ ထရမ့်၏ မိတ်ဖက်တစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဇနီးဖြစ်သူ လီလီယာနာ တာနာဂျာနှင့်အတူ တက်ရောက်ခဲ့သည်။

ထို့အပြင်ဘာလီကျွန်းတွင်လည်း ထရမ့်အမှတ်တံဆိပ် အပန်းဖြေစခန်းတစ်ခု တည်ထောင်ဖွင့်လှစ်ခဲ့သေးသည်။

တာနိုးသည် ဒေါ်နယ်ထရမ့်၏ မဲဆွယ်ကြွေးကြော်သံဖြစ်သော “Make America Great Again” ဟူသည့် စာတန်းပါသော ဦးထုပ်တစ်လုံးကို သူ၏ ရုံးခန်းတွင် သိမ်းဆည်းထားရှိထားသည်ဟု သိရသည်။

စံအိမ်ကို တူးဒေါ်ရီဗိုက်ဗယ်လ် ဗိသုကာဟန်ဖြင့် ၁၉၂၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မြက်ခင်းပြင်များ၊ ခြံစောင့် နေအိမ်ခန်းပါသော ကားဂိုဒေါင်နှင့် ရေကူးကန်ဘေးအိမ်တို့ ပါဝင်ကာ ခြံဝန်းအကျယ်မှာ ၀ ဒသမ ၆၇ ဧက ဖြစ်သည်။

Trump Org သည် အဆိုပါနေအိမ်ခြံဝန်းအတွင်းရှိ သံလွင်မျိုးစိတ်ဝင် အပင်များကို ထိန်းသိမ်းခုတ်ချိုင်ခြင်း မပြုလုပ်သောကြောင့် ဘီဗာလီဟေးလ်အုပ်ချုပ်ရေးအဖွဲ့သို့ ၂၀၁၇ ခုနှစ်အတွင်း ဒဏ်ငွေ ကန်ဒေါ်လာ ၁၁၀၀ ပေးဆောင်ခဲ့ရဖူးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa...

အမေရိကန်ပြည်တွင် အဘိုးအိုတစ်ဦးက သူ၏နေအိမ်ကို နှစ်ရှည်ပြန်ငှားပေးမည်ဟု ကတိပြုသည့် ကုမ္ပဏီ တစ်ခုထံ ရောင်းချလိုက်ပြီးနောက် ထိုကုမ္ပဏီက အိမ်လခ ဆက်တိုက်တိုးမြှင့်‌တောင်းခံကာ အိမ်လခ မပေးနိုင်ချိန်တွင် နှင်ထုတ်လိုက်သောကြောင့် အဘိုးအိုမှာ အ...

အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...

အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...

ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား...

ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ

နာမည်ကြီးမော်ဒယ် ကေတီပရိုက်စ် အခွန် ပေါင် ၇၆၀,၀၀၀ ကျော် မပေးဆောင်နိုင်ကာ ဒုတိယအကြိမ် ဒေဝါလီ ခံခဲ့ရ၊ ပေါင် ၂ သန်းတန်အိမ်မှ ဆင်းပေးရန် တရားရုံးအမိန့် ထုတ်ခံရပြီးနောက် ဆပ်ဆက်ခရိုင်ရှိ အိပ်ခန်း ၄ ခန်းပါအိမ်သို့ ပြောင်းရွှေ့...

အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ပြစ်မှုဖြင့် ထောင်ဒဏ်ကျခံရဖူးသည့်နောက်ကြောင်းကို ဖုံးကွယ်ထားကာ Penthouse ခန်း ငှားရမ်းနေထိုင်သောအမျိုးသား အရေးယူခံရ...

အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် အိမ်ခြံမြေအခွန်များ အလွန်မြင့်တက်မှုကြောင့် အသက် ၆၈ နှစ် အရွယ်အထိ အိမ်ခွန်ဆောင်ရန် သက်သက်အတွက် အလုပ်လုပ်နေရသော အမျိုးသားကြီး...

မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofino တစ်ခုလုံးကို ငှားရမ်းလိုက်ပြီး ပလာဇာကြီးတစ်ခုလုံးကို ပိတ်လိုက်ကာ အခမ်းအနားကျင်းပ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ

အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်

ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ

အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက

ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄

နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န

တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်

ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ

အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ

အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

myat-ingyin
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service