အီတလီေက်းလက္ေဒသသို႔ သြားေရာက္ေနထိုင္မည္ဆိုပါက တစ္လလွ်င္ ကန္ေဒၚလာ ၇၇၀ ျဖင့္ ေထာက္ပံ့ေၾကး ၃ ႏွစ္ရမည္

အီတလီေက်းလက္ေဒသသို႔ သြားေရာက္ေနထိုင္မည္ဆိုပါက တစ္လလွ်င္ ကန္ေဒၚလာ ၇၇၀ ျဖင့္ ေထာက္ပံ့ေၾကး ၃ ႏွစ္ရမည္ - Property News in Myanmar from iMyanmarHouse.com
13 Sep 2019 11:10 am တွင် တင်ခဲ့သည်
1272 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္စာေရးဆရာမ ဖရန္႔ဆက္စ္ ေမစ္က အီတလီတြင္ ဘရမာဆိုးလ္အမည္ရွိ စံအိမ္ကို ကန္ေဒၚလာ ၁၄၀၀၀၀ ျဖင့္ ဝယ္ယူခဲ့ဖူးသည္။

ျပဳျပင္မြမ္းမံစရိတ္ ေဒၚလာ ေထာင္ေပါင္းမ်ားစြာ ထပ္မံကုန္က်မည္ဆိုသည္ကား ေျပာဖြယ္ရာပင္မလို္ေခ်။

ယင္းေနာက္ ဘရမာဆိုးလ္စံအိမ္ၾကီးအေၾကာင္းကို ဖရန္႔ဆက္စ္ ေမစ္က “Under the Tuscan Sun” ဟူေသာအမည္ျဖင့္ ၁၉၉၆ ခုႏွစ္တြင္ စာအုပ္တစ္အုပ္ေရးသားခဲ့ကာ အီတလီႏိုင္ငံ ေက်းလက္ေဒသရွိ လူသူကင္းမဲ့ေနေသာ ေနအိမ္ေဟာင္းတစ္လံုးကို ဝယ္ယူခဲ့ပံု၊ ျပဳျပင္မြမ္းမံခဲ့ပံုမ်ား ေရးသားတင္ျပထားျခင္း ျဖစ္သည္။

ဖရန္႔ဆက္စ္ေမစ္၏ ဝတၳဳကို ရုပ္ရွင္ဒါရိုက္တာ ေအာ္ဒေရ ဝဲလ္စ္က ၂၀၀၃ ခုႏွစ္တြင္ ရုပ္ရွင္ရိုက္ကူးခဲ့ျပီး ဝတၳဳအမည္အတိုင္း အမည္ေပးကာ ျပသခဲ့သည္။

အဆိုပါဝတၳဳသည္ နယူးေယာက္တိုင္းမ္သတင္းစာၾကီး၏ အေရာင္းရဆံုးစာအုပ္စာရင္းတြင္ ၂ ႏွစ္ခြဲခန္႔အထိ ရပ္တည္ခဲ့သည့္ စာအုပ္လည္း ျဖစ္သည္။

သို႔ရာတြင္ ယခုအခါ အီတလီေက်းလက္ေဒသတြင္ ေနထိုင္မည္ဆိုပါက ေငြေၾကးပင္ရရွိမည့္ အေျခအေနရွိေနရာ အဘယ္ေၾကာင့္ ေနအိမ္တစ္လံုးကို ေငြကုန္ခံကာ ဝယ္ယူရပါမည္နည္း။

အီတလီေက်းလက္ေဒသတြင္ ေရွးေဟာင္းေနအိမ္တစ္လံုးဝယ္ယူကာ ျပဳျပင္မြမ္းမံရန္ စိတ္ကူးအိပ္မက္ရွိေနပါက အီတလီ အေရွ႕ေတာင္ဘက္ အဒရီေယးတစ္ပင္လယ္ကမ္းေျခတစ္ေလွ်ာက္ ေတာေတာင္ထူထပ္ေသာ ေဒသတစ္ခုျဖစ္ေသာ မိုလီေဇ (Molise ) ေဒသကိုသာ ေတြးေတာသင့္သည္။

အဆိုပါေဒသရွိ လူဦးေရနည္းပါးလွေသာ ေက်းရြာမ်ားတြင္ ေနထိုင္မည္ဆိုပါက အီတလီအစိုးရက တစ္လလွ်င္ ယူရို ၇၀၀ (ကန္ေဒၚလာ ၇၇၀ ခန္႔) ႏႈန္းျဖင့္ ၃ ႏွစ္ခန္႔အထိ ေထာက္ပံ့ေပးသြားမည္ဟု ဆိုသည္။

အထက္ပါသတင္းၾကားျပီးေနာက္သင္ခ်က္ခ်င္းပင္ အထုပ္အပိုးမ်ား ျပင္ေနပါသေလာ။

သင့္အထုပ္အပိုးမ်ား မျပင္ဆင္မီ ၾကိဳတင္သတိေပးထားလိုသည့္ အခ်က္အခ်ဳိ႕ရွိပါသည္။

ေနထိုင္ရန္ စိတ္ဝင္စားသူတို႔သည္ ဦးစြာအားျဖင့္ လူဦးေရ ၂၀၀၀ ေအာက္သာရွိသည့္ ေက်းရြာတစ္ခုကို ေရြးခ်ယ္ရမည္ ျဖစ္သည္။

ထို႔အျပင္ ေက်းရြာ၏ စီးပြားေရးကို ျပန္လည္ရွင္သန္လာေစေအာင္ ကူညီေပးမည့္ စီးပြားေရးလုပ္ငန္းတစ္ခုလုပ္ကိုင္ပါမည္ဟု ကတိကဝတ္ျပဳရမည္ ျဖစ္သည္။

မိုလီေဇေဒသမွ ဥကၠဌျဖစ္သူ ဒိုနာတို တိုမာက ေျပာၾကားရာတြင္ အလွဴေငြရွာေဖြျခင္းမ်ဳိးထက္ ပိုမိုလုပ္ေဆာင္ၾကည့္လိုေသာေၾကာင့္ ယခုေျခလွမ္းအေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ယင္းေဒသတြင္ လာေရာက္ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ၾကေစလိုေၾကာင္း၊ ေပါင္မုန္႔ဆိုင္/ရံုးသံုးပစၥည္းဆိုင္/ စားေသာက္ဆုိင္ အစရွိသည့္ မည္သည့္လုပ္ငန္းမဆို လုပ္ကိုင္ႏိုင္ေၾကာင္း၊ ယခုေျခလွမ္းမွာ ေဒသတြင္းကို ျပန္လည္အသက္ဝင္လာေစကာ လူဦးေရတိုးပြားလာေစမည့္ နည္းလမ္းတစ္ခုျဖစ္ေၾကာင္း ေျပာၾကားသည္။

မိုလီေဇေဒသရွိ လူဦးေရနည္းပါးေသာ အျခားျမိဳ႕မ်ားတြင္လည္း ပ်က္စီးယိုယြင္းေနေသာ အေဆာက္အအံုမ်ားကို ရယူျပီး ျပန္လည္ေဆာက္လုပ္ေနထိုင္ကာ ေဒသတြင္းဖြံ႔ျဖိဳးလာေအာင္ ကူညီမည့္သူမ်ားကို လစဥ္ ယူရိုေငြ ၁၀၀၀၀ ေထာက္ပံ့သြားမည္ျဖစ္ေၾကာင္း ဒိုနာတိုက ဆက္လက္ေျပာၾကားသည္။

“ဒါက လူဦးေရးတိုးပြားဖို႔ တစ္ခုတည္းကိစၥမဟုတ္ပါဘူး။ လူေတြမွာ အေျခခံအေဆာက္အအံုေတြနဲ႔ ေနထိုင္ခ်င္မယ့္ အေၾကာင္းျပခ်က္ေတြ လိုအပ္ပါတယ္။ ဒီလိုမွမဟုတ္ရင္ ကၽြန္ေတာ္တုိ႔ စီမံကိန္းစခဲ့တဲ့ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က အေျခအေနမ်ဳိးကို ျပန္ေရာက္သြားပါလိမ့္မယ္”ဟု မစၥတာ ဒိုနာတိုက ျဖည့္စြက္ေျပာၾကားသည္။

မိုလီေဇေဒသသည္ အီတလီႏိုင္ငံ အေရွ႕ေတာင္ပိုင္းတြင္ တည္ရွိျပီး စတုရန္းမိုင္ ၁၇၁၄ ခန္႔ က်ယ္ဝန္းကာ အေျခခ်ေနထိုင္သူ ၃၀၅၀၀၀ သာရွိေၾကာင္း အီတလီအမ်ဳိးသားစာရင္းအင္းသိပၸံ (Istat) ၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

ႏႈိင္းယွဥ္ခ်က္အေနျဖင့္ ၾကည့္မည္ဆိုလွ်င္ အေမရိကန္ျပည္မွ Rhode Island သည္ စတုရန္းမိုင္ ၁၂၀၀ သာက်ယ္ဝန္းေသာ္လည္း လူဦးေရမွာ မိုလီေဇေဒသထက္ ၃ ဆခြဲနီးပါးမ်ားျပားျပီး လူဦးေရ ၁ ဒသမ ၀၆ သန္း ေနထိုင္သည္။

အီတလီ အၾကီးအကဲတို႔သည္ မိုလီေဇးေဒသ၏ လူဦးေရ အလ်င္အျမန္က်ဆင္းလာေနသည့္အေပၚ ရတက္မေအးျဖစ္လ်က္ ရွိေနသည္။

၂၀၁၄ ခုႏွစ္ေနာက္ပိုင္း လူဦးေရ ၉၀၀၀ ခန္႔အထိ က်ဆင္းသြားျပီး ၂၀၁၈ ခုႏွစ္ တစ္ႏွစ္တည္းတြင္ပင္ လူဦးေရ ၂၈၀၀ ခန္႔မွာ ကြယ္လြန္ျခင္း၊ ေနရာေရႊ႕ေျပာင္းျခင္းမ်ား ျပဳလုပ္ခဲ့ၾကျပီး အဆိုပါေဒသ၏ ေက်းရြာ ၉ ခုတြင္ ကေလးေမြးဖြားျခင္း တစ္ၾကိမ္မွ မရွိခဲ့ေခ်။

အီတလီသည္ မိုလီေဇးေဒသသာမကဘဲ တစ္ႏိုင္ငံလံုးအတိုင္းအတာ ေမြးဖြားႏႈန္းက်ဆင္းေနျပီး ၁၉ ရာစုကုန္ပိုင္းမွ စတင္ကာ အနိမ့္ပါးဆံုး အေျခအေနသို႔ ေရာက္ရွိေနသည္။

လူငယ္လူရြယ္ အီတလီႏိုင္ငံသားမ်ားမွာလည္း အလုပ္အကိုင္ အခြင့္အလမ္းေကာင္းမြန္သည့္ အျခားဥေရာပႏိုင္ငံမ်ားသို႔ ေျပာင္းေရႊ႕ အေျခခ်လ်က္ရွိေနၾကသည္။ ၂၀၁၈ တစ္ႏွစ္တည္းတြင္ပင္ အီတလီမွ ထြက္ခြာသြားသူ ၁၅၇၀၀၀ ဦးခန္႔ရွိေၾကာင္း Istat က ထုတ္ျပန္သည့္ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အမေရိကန်စာရေးဆရာမ ဖရန့်ဆက်စ် မေစ်က အီတလီတွင် ဘရမာဆိုးလ်အမည်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၁၄၀၀၀၀ ဖြင့် ဝယ်ယူခဲ့ဖူးသည်။ ပြုပြင်မွမ်းမံစရိတ် ဒေါ်လာ ထောင်ပေါင်းများစွာ ထပ်မံကုန်ကျမည်ဆိုသည်ကား ပြောဖွယ်ရာပင်မလိုချေ။

ယင်းနောက် ဘရမာဆိုးလ်စံအိမ်ကြီးအကြောင်းကို ဖရန့်ဆက်စ် မေစ်က “Under the Tuscan Sun” ဟူသောအမည်ဖြင့် ၁၉၉၆ ခုနှစ်တွင် စာအုပ်တစ်အုပ်ရေးသားခဲ့ကာ အီတလီနိုင်ငံ ကျေးလက်ဒေသရှိ လူသူကင်းမဲ့နေသော နေအိမ်ဟောင်းတစ်လုံးကို ဝယ်ယူခဲ့ပုံ၊ ပြုပြင်မွမ်းမံခဲ့ပုံများ ရေးသားတင်ပြထားခြင်း ဖြစ်သည်။

ဖရန့်ဆက်စ်မေစ်၏ ဝတ္ထုကို ရုပ်ရှင်ဒါရိုက်တာ အော်ဒရေ ဝဲလ်စ်က ၂၀၀၃ ခုနှစ်တွင် ရုပ်ရှင်ရိုက်ကူးခဲ့ပြီး ဝတ္ထုအမည်အတိုင်း အမည်ပေးကာ ပြသခဲ့သည်။

အဆိုပါဝတ္ထုသည် နယူးယောက်တိုင်းမ်သတင်းစာကြီး၏ အရောင်းရဆုံးစာအုပ်စာရင်းတွင် ၂ နှစ်ခွဲခန့်အထိ ရပ်တည်ခဲ့သည့် စာအုပ်လည်း ဖြစ်သည်။

သို့ရာတွင် ယခုအခါ အီတလီကျေးလက်ဒေသတွင် နေထိုင်မည်ဆိုပါက ငွေကြေးပင်ရရှိမည့် အခြေအနေရှိနေရာ အဘယ်ကြောင့် နေအိမ်တစ်လုံးကို ငွေကုန်ခံကာ ဝယ်ယူရပါမည်နည်း။

အီတလီကျေးလက်ဒေသတွင် ရှေးဟောင်းနေအိမ်တစ်လုံးဝယ်ယူကာ ပြုပြင်မွမ်းမံရန် စိတ်ကူးအိပ်မက်ရှိနေပါက အီတလီ အရှေ့တောင်ဘက် အဒရီယေးတစ်ပင်လယ်ကမ်းခြေတစ်လျှောက် တောတောင်ထူထပ်သော ဒေသတစ်ခုဖြစ်သော မိုလီဇေ (Molise ) ဒေသကိုသာ တွေးတောသင့်သည်။ အဆိုပါဒေသရှိ လူဦးရေနည်းပါးလှသော ကျေးရွာများတွင် နေထိုင်မည်ဆိုပါက အီတလီအစိုးရက တစ်လလျှင် ယူရို ၇၀၀ (ကန်ဒေါ်လာ ၇၇၀ ခန့်) နှုန်းဖြင့် ၃ နှစ်ခန့်အထိ ထောက်ပံ့ပေးသွားမည်ဟု ဆိုသည်။

အထက်ပါသတင်းကြားပြီးနောက် သင်ချက်ချင်းပင် အထုပ်အပိုးများ ပြင်နေပါသလော။

သင့်အထုပ်အပိုးများ မပြင်ဆင်မီ ကြိုတင်သတိပေးထားလိုသည့် အချက်အချို့ရှိပါသည်။

နေထိုင်ရန် စိတ်ဝင်စားသူတို့သည် ဦးစွာအားဖြင့် လူဦးရေ ၂၀၀၀ အောက်သာရှိသည့် ကျေးရွာတစ်ခုကို ရွေးချယ်ရမည် ဖြစ်သည်။

ထို့အပြင် ကျေးရွာ၏ စီးပွားရေးကို ပြန်လည်ရှင်သန်လာစေအောင် ကူညီပေးမည့် စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်ပါမည်ဟု ကတိကဝတ်ပြုရမည် ဖြစ်သည်။

မိုလီဇေဒေသမှ ဥက္ကဌဖြစ်သူ ဒိုနာတို တိုမာက ပြောကြားရာတွင် အလှူငွေရှာဖွေခြင်းမျိုးထက် ပိုမိုလုပ်ဆောင်ကြည့်လိုသောကြောင့် ယခုခြေလှမ်းအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဒေသတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြစေလိုကြောင်း၊ ပေါင်မုန့်ဆိုင်/ရုံးသုံးပစ္စည်းဆိုင်/ စားသောက်ဆိုင် အစရှိသည့် မည်သည့်လုပ်ငန်းမဆို လုပ်ကိုင်နိုင်ကြောင်း၊ ယခုခြေလှမ်းမှာ ဒေသတွင်းကို ပြန်လည်အသက်ဝင်လာစေကာ လူဦးရေတိုးပွားလာစေမည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ပြောကြားသည်။

မိုလီဇေဒေသရှိ လူဦးရေနည်းပါးသော အခြားမြို့များတွင်လည်း ပျက်စီးယိုယွင်းနေသော အဆောက်အအုံများကို ရယူပြီး ပြန်လည်ဆောက်လုပ်နေထိုင်ကာ ဒေသတွင်းဖွံ့ဖြိုးလာအောင် ကူညီမည့်သူများကို လစဉ် ယူရိုငွေ ၁၀၀၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဒိုနာတိုက ဆက်လက်ပြောကြားသည်။

“ဒါက လူဦးရေးတိုးပွားဖို့ တစ်ခုတည်းကိစ္စမဟုတ်ပါဘူး။ လူတွေမှာ အခြေခံအဆောက်အအုံတွေနဲ့ နေထိုင်ချင်မယ့် အကြောင်းပြချက်တွေ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ စီမံကိန်းစခဲ့တဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အခြေအနေမျိုးကို ပြန်ရောက်သွားပါလိမ့်မယ်”ဟု မစ္စတာ ဒိုနာတိုက ဖြည့်စွက်ပြောကြားသည်။

မိုလီဇေဒေသသည် အီတလီနိုင်ငံ အရှေ့တောင်ပိုင်းတွင် တည်ရှိပြီး စတုရန်းမိုင် ၁၇၁၄ ခန့် ကျယ်ဝန်းကာ အခြေချနေထိုင်သူ ၃၀၅၀၀၀ သာရှိကြောင်း အီတလီအမျိုးသားစာရင်းအင်းသိပ္ပံ (Istat) ၏ အချက်အလက်များတွင် ဖော်ပြသည်။

နှိုင်းယှဉ်ချက်အနေဖြင့် ကြည့်မည်ဆိုလျှင် အမေရိကန်ပြည်မှ Rhode Island သည် စတုရန်းမိုင် ၁၂၀၀ သာကျယ်ဝန်းသော်လည်း လူဦးရေမှာ မိုလီဇေဒေသထက် ၃ ဆခွဲနီးပါးများပြားပြီး လူဦးရေ ၁ ဒသမ ၀၆ သန်း နေထိုင်သည်။

အီတလီ အကြီးအကဲတို့သည် မိုလီဇေးဒေသ၏ လူဦးရေ အလျင်အမြန်ကျဆင်းလာနေသည့်အပေါ် ရတက်မအေးဖြစ်လျက် ရှိနေသည်။

၂၀၁၄ ခုနှစ်နောက်ပိုင်း လူဦးရေ ၉၀၀၀ ခန့်အထိ ကျဆင်းသွားပြီး ၂၀၁၈ ခုနှစ် တစ်နှစ်တည်းတွင်ပင် လူဦးရေ ၂၈၀၀ ခန့်မှာ ကွယ်လွန်ခြင်း၊ နေရာရွှေ့ပြောင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး အဆိုပါဒေသ၏ ကျေးရွာ ၉ ခုတွင် ကလေးမွေးဖွားခြင်း တစ်ကြိမ်မှ မရှိခဲ့ချေ။

အီတလီသည် မိုလီဇေးဒေသသာမကဘဲ တစ်နိုင်ငံလုံးအတိုင်းအတာ မွေးဖွားနှုန်းကျဆင်းနေပြီး ၁၉ ရာစုကုန်ပိုင်းမှ စတင်ကာ အနိမ့်ပါးဆုံး အခြေအနေသို့ ရောက်ရှိနေသည်။

လူငယ်လူရွယ် အီတလီနိုင်ငံသားများမှာလည်း အလုပ်အကိုင် အခွင့်အလမ်းကောင်းမွန်သည့် အခြားဥရောပနိုင်ငံများသို့ ပြောင်းရွှေ့ အခြေချလျက်ရှိနေကြသည်။ ၂၀၁၈ တစ်နှစ်တည်းတွင်ပင် အီတလီမှ ထွက်ခွာသွားသူ ၁၅၇၀၀၀ ဦးခန့်ရှိကြောင်း Istat က ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service