ကမၻာေက်ာ္ အဆိုေတာ္ အပ္ရွာ (Usher) ႏွင့္ American Idol ျဖင့္ နာမည္ေက်ာ္လာသူ အဒမ္ လမ္းဘတ္တို႔ေနအိမ္ အေရာင္းေစ်းကြက္တင္ထားခ်ိန္တြင္ တန္ဖုိးၾကီးပစၥည္းမ်ား ခိုးယူခံရ

ကမၻာေက်ာ္ အဆိုေတာ္ အပ္ရွာ (Usher) ႏွင့္ American Idol ျဖင့္ နာမည္ေက်ာ္လာသူ အဒမ္ လမ္းဘတ္တို႔ေနအိမ္ အေရာင္းေစ်းကြက္တင္ထားခ်ိန္တြင္ တန္ဖုိးၾကီးပစၥည္းမ်ား ခိုးယူခံရ - Property News in Myanmar from iMyanmarHouse.com
27 Aug 2019 12:14 pm တွင် တင်ခဲ့သည်
655 ကြိမ် ကြည့်ရှု့ပြီး

 ### Zawgyi Version ###

ကမၻာေက်ာ္ အဆိုေတာ္ အပ္ရွာ Usher သည္ ၂၀၁၈ အေစာပိုင္းတြင္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Sunset Strip အရပ္ရွိ စံအိမ္ကို အေရာင္းေစ်းကြက္တင္ခဲ့၏။

ေစ်းကြက္တင္ခ်ိန္တြင္ မည္သူကိုမဆို သူစိမ္းအားလံုးကို ဝင္ေရာက္ၾကည့္ရႈခြင့္ေပးရသည္ျဖစ္ရာ သူ၏ေနအိမ္မွာ သူခိုးမ်ား၏ ပစ္မွတ္ျဖစ္လာမည္ကို စိုးရိမ္ခဲ့ဖူးသည္။

အပ္ရွာ၏ စိုးရိမ္ခန္႔မွန္းခ်က္မွာ တကယ္ျဖစ္လာခဲ့သည္ဟုဆိုရမည္။

အပ္ရွာ အပါအဝင္ ေလာ့စ္အိန္ဂ်လိတြင္ ေနအိမ္အေရာင္းေစ်းကြက္တင္ရင္း အိမ္အတြင္းရွိ လက္ဝတ္ရတနာ၊ တန္ဖိုးၾကီး အဝတ္ အထည္၊ အႏုပညာလက္ရာ၊ ဝိုင္ပုလင္း၊ လွ်ပ္စစ္ပစၥည္းႏွင့္ အျခားတန္ဖိုးၾကီး ပစၥည္းခိုးယူခံရသည့္ အေက်ာ္အေမာ္ႏွင့္ သူေဌးသူၾကြယ္ ၁၄ ဦးခန္႔ရွိေနေၾကာင္း စီအင္န္အင္န္သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ေလာ့စ္အိန္ဂ်လိခရိုင္ ေရွ႕ေနခ်ဳပ္ရံုးသို႔ တင္ျပသည့္ အစီရင္ခံစာတစ္ရပ္ကို ကိုးကားျပီး စီအင္န္အင္န္က ေဖာ္ျပခဲ့ျခင္း ျဖစ္သည္။

အခိုးခံရေသာ အျခားအေက်ာ္အေမာ္မ်ားတြင္ American Idol တြင္ ဝင္ေရာက္ယွဥ္ျပိဳင္ရာမွ ကမၻာေက်ာ္လာသည့္ အဆိုေတာ္ အဒမ္ လမ္းဘတ္ ၊ “Real Housewives of Beverly Hills” မွ သရုပ္ေဆာင္ ဒိုရစ္ ကမ္စေလႏွင့္ NFL မွ ေဘာလံုးသမား ေရွာင္ ဖိလစ္တို႔၏ ေနအိမ္မ်ား ပါဝင္သည္။

ဘီဗာလီေဟးလ္အေျခစိုက္ အိမ္ျခံေျမ အက်ဳိးေဆာင္တစ္ဦးျဖစ္သူ ေဂ်ဆင္ အေမး ယာဆဲလီ (အသက္ ၃၂ ႏွစ္) ကို ခိုးမႈက်ဴးလြန္ခဲ့ သည္ဟူေသာ စြပ္စြဲခ်က္ျဖင့္ ဗုဒၶဟူးေန႔က ဖမ္းဆီးလိုက္သည္ဟု ဆိုသည္။

ယာဆဲလီသည္ ဘင္ဂ်မင္ အက္ကာမန္းဆိုသူကို အေဖာ္အျဖစ္ေခၚယူျပီး ဝယ္လက္ႏွင့္ အိမ္ျခံေျမအက်ဳိးေဆာင္မ်ားအျဖစ္ ဟန္ေဆာင္ ကာ အေရာင္းေစ်းကြက္တင္ထားသည့္ ေနအိမ္မ်ားကို ဝင္ေရာက္ၾကည့္ရႈရင္း တန္ဖုိးၾကီးပစၥည္းမ်ား ခိုးယူခဲ့ၾကျခင္း ျဖစ္သည္။

ခိုးယူမႈကို လက္ေတြ႔က်ဴးလြန္ခဲ့သူမွာမူ အက္ကာမန္းျဖစ္သည္ဟု ရဲတပ္ဖြဲ႔က ေျပာၾကားသည္။

ခိုးယူရရွိလာေသာ တန္ဖိုးၾကီးပစၥည္းမ်ားကို ေရာင္းခ်ကာ ယာဆဲလီ၏ အေၾကြးဝယ္ကဒ္ကို စာရင္းရွင္းေလ့ရွိသည္ဟု ဆိုသည္။

၎တို႔ ႏွစ္ဦးသည္ ခိုးယူခဲ့သည့္ စုစုေပါင္းပမာဏမွာ ကန္ေဒၚလာ ၅၀၀၀၀၀ ဖိုးခန္႔အထိ ရွိခဲ့သည္ဟု ဆိုသည္။

အက္ကာမန္းကို ၾသဂုတ္လ ၁၆ ရက္တြင္ ဖမ္းဆီးခဲ့ျပီး ယာဆဲလီကို ျပီးခဲ့ေသာ ဗုဒၶဟူးေန႔က ဖမ္းဆီးရမိခဲ့သည္။

၂၀၁၆ ခုႏွစ္၊ ဒီဇင္ဘာမွ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လအၾကား ယာဆဲလီသည္ အက္ကာမန္းကို ေနအိမ္ ၁၄ လံုးမွ တန္ဖိုးၾကီးပစၥည္းမ်ား ခိုးယူရန္ အားေပးကူညီခဲ့ျပီး ခိုးရာပါပစၥည္းမ်ားကို ျပန္လည္ေရာင္းခ်ကာ ယာဆဲလီ၏ ေၾကြးဝယ္ကတ္အတြက္ စာရင္းရွင္းေလ့ရွိခဲ့ေၾကာင္း တရားရံုးမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

အဆိုပါခိုးမႈမ်ားကို ေလာ့စ္အိန္ဂ်လိျမိဳ႕မွ ဘီဗာလီေဟးလ္၊ အေနာက္ေဟာလိဝုဒ္၊ ဘရန္႔ဝုဒ္ႏွင့္ ေဟာလိဝုဒ္ေဟးလ္စ္ အရပ္မ်ားတြင္ က်ဴးလြန္ခဲ့ျခင္း ျဖစ္သည္။

၎တို႔ ႏွစ္ဦးကို ေငြေၾကးခဝါခ်မႈ၊ ေနအိမ္ေဖာက္ထြင္းမႈ၊ ခိုးမႈ၊ ေဖာက္ထြင္းရန္ၾကံစည္မႈ၊ ေငြေၾကးခဝါခ်မႈ က်ဴးလြန္ရန္ ၾကံစည္မႈတို႔ျဖင့္ တရားစြဲဆိုထားသည္။

ယာဆဲလီက ျပီးခဲ့ေသာ ေသာၾကာေန႔တြင္ အျပစ္မရွိေၾကာင္း ခုခံေခ်ပခဲ့ျပီး ကန္ေဒၚလာ ၁ ဒသမ ၇၃ သန္းျဖင့္ အာမခံရရွိခဲ့သည္။

ယာဆဲလီက ေရွ႕ေနငွားရမ္းခဲ့ျခင္း ရွိ၊ မရွိကိုမူ မသိရေသးေခ်။ လာမည့္ ေအာက္တိုဘာလ ၃ ရက္တြင္ ၾကားနာစစ္ေဆးမႈ ျပဳလုပ္မည္ ျဖစ္သည္။

အသက္ ၃၃ ႏွစ္အရြယ္ရွိ အက္ကာမန္းသည္လည္း တနလၤာေန႔က အျပစ္မရွိေၾကာင္း ျငင္းဆိုခဲ့ျပီး ကန္ေဒၚလာ ၁ ဒသမ ၂ သန္းျဖင့္ အာမခံရရွိထားသည္။

၎တို႔ႏွစ္ဦးသည္ ျပစ္မႈက်ဴးလြန္ေၾကာင္း စစ္ေဆးေတြ႔ရွိရပါက ေထာင္ဒဏ္ ၃၁ ႏွစ္ႏွင့္ ၈ လအထိ က်ခံရဖြယ္ရာရွိသည္။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

ကမ္ဘာကျော် အဆိုတော် အပ်ရှာ Usher သည် ၂၀၁၈ အစောပိုင်းတွင် လော့စ်အိန်ဂျလိမြို့၊ Sunset Strip အရပ်ရှိ စံအိမ်ကို အရောင်းဈေးကွက်တင်ခဲ့၏။

ဈေးကွက်တင်ချိန်တွင် မည်သူကိုမဆို သူစိမ်းအားလုံးကို ဝင်ရောက်ကြည့်ရှုခွင့်ပေးရသည်ဖြစ်ရာ သူ၏နေအိမ်မှာ သူခိုးများ၏ ပစ်မှတ်ဖြစ်လာမည်ကို စိုးရိမ်ခဲ့ဖူးသည်။

အပ်ရှာ၏ စိုးရိမ်ခန့်မှန်းချက်မှာ တကယ်ဖြစ်လာခဲ့သည်ဟုဆိုရမည်။

အပ်ရှာ အပါအဝင် လော့စ်အိန်ဂျလိတွင် နေအိမ်အရောင်းဈေးကွက်တင်ရင်း အိမ်အတွင်းရှိ လက်ဝတ်ရတနာ၊ တန်ဖိုးကြီး အဝတ် အထည်၊ အနုပညာလက်ရာ၊ ဝိုင်ပုလင်း၊ လျှပ်စစ်ပစ္စည်းနှင့် အခြားတန်ဖိုးကြီး ပစ္စည်းခိုးယူခံရသည့် အကျော်အမော်နှင့် သူဌေးသူကြွယ် ၁၄ ဦးခန့်ရှိနေကြောင်း စီအင်န်အင်န်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

လော့စ်အိန်ဂျလိခရိုင် ရှေ့နေချုပ်ရုံးသို့ တင်ပြသည့် အစီရင်ခံစာတစ်ရပ်ကို ကိုးကားပြီး စီအင်န်အင်န်က ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အခိုးခံရသော အခြားအကျော်အမော်များတွင် American Idol တွင် ဝင်ရောက်ယှဉ်ပြိုင်ရာမှ ကမ္ဘာကျော်လာသည့် အဆိုတော် အဒမ် လမ်းဘတ် ၊ “Real Housewives of Beverly Hills” မှ သရုပ်ဆောင် ဒိုရစ် ကမ်စလေနှင့် NFL မှ ဘောလုံးသမား ရှောင် ဖိလစ်တို့၏ နေအိမ်များ ပါဝင်သည်။

ဘီဗာလီဟေးလ်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဖြစ်သူ ဂျေဆင် အမေး ယာဆဲလီ (အသက် ၃၂ နှစ်) ကို ခိုးမှုကျူးလွန်ခဲ့ သည်ဟူသော စွပ်စွဲချက်ဖြင့် ဗုဒ္ဓဟူးနေ့က ဖမ်းဆီးလိုက်သည်ဟု ဆိုသည်။

ယာဆဲလီသည် ဘင်ဂျမင် အက်ကာမန်းဆိုသူကို အဖော်အဖြစ်ခေါ်ယူပြီး ဝယ်လက်နှင့် အိမ်ခြံမြေအကျိုးဆောင်များအဖြစ် ဟန်ဆောင် ကာ အရောင်းဈေးကွက်တင်ထားသည့် နေအိမ်များကို ဝင်ရောက်ကြည့်ရှုရင်း တန်ဖိုးကြီးပစ္စည်းများ ခိုးယူခဲ့ကြခြင်း ဖြစ်သည်။

ခိုးယူမှုကို လက်တွေ့ကျူးလွန်ခဲ့သူမှာမူ အက်ကာမန်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

ခိုးယူရရှိလာသော တန်ဖိုးကြီးပစ္စည်းများကို ရောင်းချကာ ယာဆဲလီ၏ အကြွေးဝယ်ကဒ်ကို စာရင်းရှင်းလေ့ရှိသည်ဟု ဆိုသည်။

၎င်းတို့ နှစ်ဦးသည် ခိုးယူခဲ့သည့် စုစုပေါင်းပမာဏမှာ ကန်ဒေါ်လာ ၅၀၀၀၀၀ ဖိုးခန့်အထိ ရှိခဲ့သည်ဟု ဆိုသည်။

အက်ကာမန်းကို သြဂုတ်လ ၁၆ ရက်တွင် ဖမ်းဆီးခဲ့ပြီး ယာဆဲလီကို ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာမှ ၂၀၁၈ ခုနှစ်၊ သြဂုတ်လအကြား ယာဆဲလီသည် အက်ကာမန်းကို နေအိမ် ၁၄ လုံးမှ တန်ဖိုးကြီးပစ္စည်းများ ခိုးယူရန် အားပေးကူညီခဲ့ပြီး ခိုးရာပါပစ္စည်းများကို ပြန်လည်ရောင်းချကာ ယာဆဲလီ၏ ကြွေးဝယ်ကတ်အတွက် စာရင်းရှင်းလေ့ရှိခဲ့ကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြသည်။

အဆိုပါခိုးမှုများကို လော့စ်အိန်ဂျလိမြို့မှ ဘီဗာလီဟေးလ်၊ အနောက်ဟောလိဝုဒ်၊ ဘရန့်ဝုဒ်နှင့် ဟောလိဝုဒ်ဟေးလ်စ် အရပ်များတွင် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦးကို ငွေကြေးခဝါချမှု၊ နေအိမ်ဖောက်ထွင်းမှု၊ ခိုးမှု၊ ဖောက်ထွင်းရန်ကြံစည်မှု၊ ငွေကြေးခဝါချမှု ကျူးလွန်ရန် ကြံစည်မှုတို့ဖြင့် တရားစွဲဆိုထားသည်။

ယာဆဲလီက ပြီးခဲ့သော သောကြာနေ့တွင် အပြစ်မရှိကြောင်း ခုခံချေပခဲ့ပြီး ကန်ဒေါ်လာ ၁ ဒသမ ၇၃ သန်းဖြင့် အာမခံရရှိခဲ့သည်။

ယာဆဲလီက ရှေ့နေငှားရမ်းခဲ့ခြင်း ရှိ၊ မရှိကိုမူ မသိရသေးချေ။ လာမည့် အောက်တိုဘာလ ၃ ရက်တွင် ကြားနာစစ်ဆေးမှု ပြုလုပ်မည် ဖြစ်သည်။

အသက် ၃၃ နှစ်အရွယ်ရှိ အက်ကာမန်းသည်လည်း တနင်္လာနေ့က အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပြီး ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အာမခံရရှိထားသည်။

၎င်းတို့နှစ်ဦးသည် ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရပါက ထောင်ဒဏ် ၃၁ နှစ်နှင့် ၈ လအထိ ကျခံရဖွယ်ရာရှိသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service