စည္းမ်ဥ္းတင္းက်ပ္မႈမ်ားအၾကား စကၤာပူႏုိင္ငံသားမ်ား သားသမီးမ်ားအတြက္ အိမ္မ်ားဝယ္ယူေန

စည္းမ်ဥ္းတင္းက်ပ္မႈမ်ားအၾကား စကၤာပူႏုိင္ငံသားမ်ား သားသမီးမ်ားအတြက္ အိမ္မ်ားဝယ္ယူေန - Property News in Myanmar from iMyanmarHouse.com
26 Aug 2019 11:59 am တွင် တင်ခဲ့သည်
976 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

စကၤာပူလူေနအိမ္ၿခံေျမေဈးကြက္သို႔ မိဘမ်ား၏ေက်းဇူးျဖင့္ လူငယ္မ်ား ပိုမိုဝင္ေရာက္လာၾကသည္ဟု ေဈးကြက္ေလ့လာသူမ်ားက သံုးသပ္ခ့ဲၾကသည္။

ၿပီးခဲ့သည့္ႏွစ္အတြင္း စကၤာပူတြင္ တံဆိပ္ေခါင္းခြန္မ်ားတိုးျမႇင့္ခဲ့ျခင္းက မိဘမ်ားအား ပုဂၢလိကအိမ္ထပ္မံဝယ္ယူရာတြင္ သားသမီးမ်ား၏ နာမည္သံုး၍ တစ္ဆင့္ခံဝယ္ယူေစရန္ အားေပးရာေရာက္သြားခဲ့ေၾကာင္း Savills (Singapore) အိမ္ၿခံေျမကုမၸဏီ၏ သုေတသနႏွင့္အတိုင္ပင္ခံဆိုင္ရာ တာဝန္ခံဒါ႐ိုက္တာာ အလန္ခၽြန္းက Bloomberg သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

သားသမီးမ်ား အိမ္ဝယ္ရန္မတတ္ႏုိင္မွာစိုးသျဖင့္ အစစ္အမွန္ဝယ္ေပးၾကျခင္းမ်ား ရွိသကဲ့သို႔ သားသမီးနာမည္တပ္၍တစ္ဆင့္ခံဝယ္ယူၾကျခင္းမ်ားလည္း ရွိလာသည္ဟု ခၽြန္းက ဆိုသည္။

ၿပီးခဲ့သည့္ႏွစ္က စကၤာပူတြင္ ႏုိင္ငံသားမ်ား၏ ထပ္ေဆာင္းအိမ္ဝယ္ယူမႈတံဆိပ္ေခါင္းခြန္ႏႈန္းထားမ်ားကို ဒုတိယအႀကိမ္ဝယ္ယူမႈအား ၁၂ ရာခုိင္ႏႈန္းႏွင့္ တတိယအႀကိမ္ႏွင့္အထက္ ဝယ္ယူမႈမ်ားအား ၁၅ ရာခုိင္ႏႈန္းသို႔ တိုးျမႇင့္ျပင္ဆင္သတ္မွတ္ခဲ့သည္။

“လူငယ္အိမ္ဝယ္လက္ေတြ ေဈးကြက္ထဲဝင္လာတာကို ပိုၿပီးေတြ႕လာရပါတယ္။ စကၤာပူႏုိင္ငံသားေတြဟာ အိမ္ၿခံေျမကို ဓနသိုေလွာင္မႈအျဖစ္ တန္ဖိုးထားၾကဆဲျဖစ္ပါတယ္” ဟု OrangeTee & Tie အိမ္ၿခံေျမကုမၸဏီ၏ သုေတသနႏွင့္အတိုင္ပင္ခံေခါင္းေဆာင္ ခရစၥတင္းဆန္းက ေျပာၾကားခဲ့သည္။

သားသမီးကိုယ္စား အိမ္ၿခံေျမကို ထိန္းခ်ဳပ္ရန္ရည္ရြယ္ခ်က္ျဖင့္ သားသမီးနာမည္ျဖင့္ trust account (ပစၥည္းဥစၥာအား အက်ဳိးခံစားသူ၏ အုပ္ထိန္းသူမွ ထိန္းသိမ္းေပးထားေသာ အေကာင့္) ဖြင့္ရန္ မိဘမ်ား ပိုမိုႀကိဳးပမ္းလာၾကေၾကာင္း ခၽြန္းႏွင့္ဆန္းတို႔ႏွစ္ဦးစလံုးက ဘလြန္းဘတ္သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

မည္သို႔ပင္ျဖစ္ေစ ယင္းနည္းလမ္းသည္ အခြန္ေရွာင္ရန္ နည္းလမ္းတစ္ခုမဟုတ္ေၾကာင္း စကၤာပူ၏ စတုတၳအႀကီးဆံုးဥပေဒကုမၸဏီျဖစ္ေသာ Dentons Rodyk & Davidson ၏ ဘုတ္အဖြဲ႕ဝင္ အႀကီးတန္းေရွ႕ေန အက္ဒန္မန္လီယိုးက ဤကဲ့သို႔ ရွင္းျပခဲ့သည္။ ၎က “အိမ္ငွားခရတဲ့ေငြ၊ ျပန္ေရာင္းထုတ္လုိ႔ရတဲ့ေငြ စတဲ့ အဲဒီအိမ္နဲ႔ပတ္သက္တဲ့အက်ဳိးခံစားခြင့္မွန္သမွ်ဟာ အိမ္ဝယ္တဲ့မိဘနဲ႔မဟုတ္ဘဲ ကေလးနဲ႔ပဲ သက္ဆိုင္မွာပါ။” ဟု ေျပာၾကားခဲ့သည္။

မိဘအေနျဖင့္ အခြန္ေရွာင္လို၍ ကေလးအမည္သံုးကာ ဝယ္ယူပါက အနာဂတ္တြင္ ထိုကေလးအေနျဖင့္ အိမ္ထပ္မံဝယ္ယူပါက ၎ကေလး၏ ဒုတိယအႀကိမ္အိမ္ဝယ္ယူမႈဟုသာ သတ္မွတ္မည္ျဖစ္ေသာေၾကာင့္ ကေလးအေနျဖင့္ ဒုတိယအႀကိမ္အိမ္ဝယ္ယူမႈဆုိင္ရာအခြန္ႏွင့္ ရင္ဆုိင္ရမည္ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

စင်္ကာပူလူနေအိမ်ခြံမြေဈေးကွက်သို့ မိဘများ၏ကျေးဇူးဖြင့် လူငယ်များ ပိုမိုဝင်ရောက်လာကြသည်ဟု ဈေးကွက်လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

ပြီးခဲ့သည့်နှစ်အတွင်း စင်္ကာပူတွင် တံဆိပ်ခေါင်းခွန်များတိုးမြှင့်ခဲ့ခြင်းက မိဘများအား ပုဂ္ဂလိကအိမ်ထပ်မံဝယ်ယူရာတွင် သားသမီးများ၏ နာမည်သုံး၍ တစ်ဆင့်ခံဝယ်ယူစေရန် အားပေးရာရောက်သွားခဲ့ကြောင်း Savills (Singapore) အိမ်ခြံမြေကုမ္ပဏီ၏ သုတေသနနှင့်အတိုင်ပင်ခံဆိုင်ရာ တာဝန်ခံဒါရိုက်တာာ အလန်ချွန်းက Bloomberg သတင်းဌာနသို့ ပြောကြားခဲ့သည်။

သားသမီးများ အိမ်ဝယ်ရန်မတတ်နိုင်မှာစိုးသဖြင့် အစစ်အမှန်ဝယ်ပေးကြခြင်းများ ရှိသကဲ့သို့ သားသမီးနာမည်တပ်၍တစ်ဆင့်ခံဝယ်ယူကြခြင်းများလည်း ရှိလာသည်ဟု ချွန်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်က စင်္ကာပူတွင် နိုင်ငံသားများ၏ ထပ်ဆောင်းအိမ်ဝယ်ယူမှုတံဆိပ်ခေါင်းခွန်နှုန်းထားများကို ဒုတိယအကြိမ်ဝယ်ယူမှုအား ၁၂ ရာခိုင်နှုန်းနှင့် တတိယအကြိမ်နှင့်အထက် ဝယ်ယူမှုများအား ၁၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ပြင်ဆင်သတ်မှတ်ခဲ့သည်။

“လူငယ်အိမ်ဝယ်လက်တွေ ဈေးကွက်ထဲဝင်လာတာကို ပိုပြီးတွေ့လာရပါတယ်။ စင်္ကာပူနိုင်ငံသားတွေဟာ အိမ်ခြံမြေကို ဓနသိုလှောင်မှုအဖြစ် တန်ဖိုးထားကြဆဲဖြစ်ပါတယ်” ဟု OrangeTee & Tie အိမ်ခြံမြေကုမ္ပဏီ၏ သုတေသနနှင့်အတိုင်ပင်ခံခေါင်းဆောင် ခရစ္စတင်းဆန်းက ပြောကြားခဲ့သည်။

သားသမီးကိုယ်စား အိမ်ခြံမြေကို ထိန်းချုပ်ရန်ရည်ရွယ်ချက်ဖြင့် သားသမီးနာမည်ဖြင့် trust account (ပစ္စည်းဥစ္စာအား အကျိုးခံစားသူ၏ အုပ်ထိန်းသူမှ ထိန်းသိမ်းပေးထားသော အကောင့်) ဖွင့်ရန် မိဘများ ပိုမိုကြိုးပမ်းလာကြကြောင်း ချွန်းနှင့်ဆန်းတို့နှစ်ဦးစလုံးက ဘလွန်းဘတ်သတင်းဌာနသို့ ပြောကြားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ယင်းနည်းလမ်းသည် အခွန်ရှောင်ရန် နည်းလမ်းတစ်ခုမဟုတ်ကြောင်း စင်္ကာပူ၏ စတုတ္ထအကြီးဆုံးဥပဒေကုမ္ပဏီဖြစ်သော Dentons Rodyk & Davidson ၏ ဘုတ်အဖွဲ့ဝင် အကြီးတန်းရှေ့နေ အက်ဒန်မန်လီယိုးက ဤကဲ့သို့ ရှင်းပြခဲ့သည်။ ၎င်းက “အိမ်ငှားခရတဲ့ငွေ၊ ပြန်ရောင်းထုတ်လို့ရတဲ့ငွေ စတဲ့ အဲဒီအိမ်နဲ့ပတ်သက်တဲ့အကျိုးခံစားခွင့်မှန်သမျှဟာ အိမ်ဝယ်တဲ့မိဘနဲ့မဟုတ်ဘဲ ကလေးနဲ့ပဲ သက်ဆိုင်မှာပါ။” ဟု ပြောကြားခဲ့သည်။

မိဘအနေဖြင့် အခွန်ရှောင်လို၍ ကလေးအမည်သုံးကာ ဝယ်ယူပါက အနာဂတ်တွင် ထိုကလေးအနေဖြင့် အိမ်ထပ်မံဝယ်ယူပါက ၎င်းကလေး၏ ဒုတိယအကြိမ်အိမ်ဝယ်ယူမှုဟုသာ သတ်မှတ်မည်ဖြစ်သောကြောင့် ကလေးအနေဖြင့် ဒုတိယအကြိမ်အိမ်ဝယ်ယူမှုဆိုင်ရာအခွန်နှင့် ရင်ဆိုင်ရမည်ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service