Walk the Line ဇာတ္ကားျဖင့္ ေအာ္စကာဆုရခဲ့သူ ေဟာလိဝုဒ္ၾကယ္ပြင့္ ရိစ္ဝစ္သာ စပြန္း၏ ကန္ေဒၚလာ ၆ သန္းေက်ာ္ တန္ေၾကးရွိေသာ ေလာ့စ္အိန္ဂ်လိ စံအိမ္

Walk the Line ဇာတ္ကားျဖင့္ ေအာ္စကာဆုရခဲ့သူ ေဟာလိဝုဒ္ၾကယ္ပြင့္ ရိစ္ဝစ္သာ စပြန္း၏ ကန္ေဒၚလာ ၆ သန္းေက်ာ္ တန္ေၾကးရွိေသာ ေလာ့စ္အိန္ဂ်လိ စံအိမ္ - Property News in Myanmar from iMyanmarHouse.com
16 Aug 2019 11:54 am တွင် တင်ခဲ့သည်
909 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

Reese Witherspoon ေအာ္စကာဆုရွင္ ေဟာလိဝုဒ္ၾကယ္ပြင့္ ရိစ္ဝစ္သာ စပြန္း၏ အမည္ရင္းမွာ ေလာ္ရာ ဂ်ီးန္ ရိစ္ ဝစ္သာစပြန္းျဖစ္ျပီး ၁၉၇၆ ခုႏွစ္၊ မတ္လ ၂၂ ရက္တြင္ ေမြးဖြားသည္။

အေမရိကန္ျပည္ေထာင္စု၊ လူဝီစီယားနားျပည္နယ္၊ နယူးေအာ္လင္းျမိဳ႕တြင္ ေမြးဖြားကာ တင္နက္ဆီျပည္နယ္၊ နက္ရွ္ဗီးလ္ျမိဳ႕တြင္ ၾကီးျပင္းခဲ့ျခင္းျဖစ္သည္။

ရုပ္ရွင္ေလာကတြင္ ျဖတ္သန္းခဲ့သည့္သက္တမ္းတစ္ေလွ်ာက္ ဆုတံဆိပ္မ်ားစြာရရွိခဲ့ရာ ေအာ္စကာဆုႏွင့္ Primetime Emmy Award တို႔လည္း ပါဝင္သည္။

၂၀၀၀ ျပည့္လြန္ကာလမ်ားအတြင္း ကမၻာေပၚတြင္ သရုပ္ေဆာင္ေၾကးအျမင့္မားဆံုး ရုပ္ရွင္မင္းသမီးမ်ား စာရင္းတြင္ မၾကာခဏ ပါဝင္ခဲ့သည္။

၂၀၀၆ ခုႏွစ္ႏွင့္ ၂၀၁၅ တို႔တြင္ တိုင္းမ္မဂၢဇင္းၾကီးက ထုတ္ျပန္သည့္ ကမၻာ့ၾသဇာအလႊမ္းဆံုးပုဂၢိဳလ္ ၁၀၀ စာရင္းတြင္ ထည့္သြင္းေဖာ္ျပခံခဲ့ရသည္။

ရုပ္ရွင္ဇာတ္ကားမ်ားစြာ ပါဝင္သရုပ္ေဆာင္ခဲ့သည့္အနက္ ၂၀၀၁ ခုႏွစ္တြင္ ထုတ္လုပ္ေသာ Legally Blonde ၊ ၂၀၀၂ တြင္ ထြက္ရွိေသာ Sweet Home Alabama ႏွင့္ ၂၀၁၁ တြင္ ျပသခဲ့ေသာ Water for Elephants ဇာတ္ကားမ်ားျဖင့္ လူသိမ်ားခဲ့ကာ ၂၀၀၅ ခုႏွစ္က ထုတ္လုပ္ခဲ့ေသာ Walk the Line ဇာတ္ကားမွာမူ ဝစ္သာ စပြန္းကို အေကာင္းဆံုး ဇာတ္ေဆာင္မင္းသမီးအျဖစ္ ေအာ္စကာဆု ရရွိေစခဲ့သည့္ ဇာတ္ကားလည္း ျဖစ္သည္။

ဝစ္သာ စပြန္းသည္ သူ၏ေနအိမ္ပိုင္ဆိုင္မႈ စာရင္းသို႔ ဇြန္လကုန္ပိုင္းတြင္ ေနအိမ္တစ္လံုး ထပ္မံ ျဖည့္တင္းလိုက္၏။

အသက္ ၄၃ ႏွစ္ရွိျပီျဖစ္ေသာ ဝစ္သာစပြန္းသည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ မာလီဘူးအရပ္ရွိ ယာေတာအိမ္ကို ကန္ေဒၚလာ ၆ ဒသမ ၂၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

ျခံဝန္းအက်ယ္ ၂ ဧကခန္႔အထိရွိျပီး ျခံဝန္းအတြင္း မဂၤလာေဆာင္အခမ္းအနားမ်ား လက္ခံက်င္းပေလ့ရွိသည့္ေနရာျဖစ္သည္။

ဒီဇိုင္းေရးဆြဲေပးခဲ့သည္မွာ အေမရိကန္ရုပ္သံ အစီအစဥ္တစ္ခုျဖစ္ေသာ Flipping Las Vegas မွ သရုပ္ေဆာင္မ်ားျဖစ္သည့္ စေကာ့ ယန္စီႏွင့္ ေအမီ ယန္စီတို႔ ျဖစ္ၾကသည္။

ျခံဝန္းအတြင္း ႏွစ္ေပါင္း ၁၅၀၀ သက္တမ္းရွိ ဆစ္ကာမိုးရ္သစ္ပင္ၾကီး အမ်ားအျပား ပါဝင္ရာ ပတ္ဝန္းက်င္ႏွင့္ သီးျခားရွိေစမည့္ လံုျခံဳလြတ္လပ္မႈကို ေပးစြမ္းႏိုင္မည္ ျဖစ္သည္။

ပင္မစံအိမ္အျပင္ စပါးက်ီ/ ဧည့္ေဂဟာ၊ ရုပ္ရွင္ျပခန္းႏွင့္ ရုပ္ရွင္စတူဒီယိုတစ္ခုတို႔လည္း ပါဝင္ေသးသည္။

ဘိုဟီးမီးယန္းဟန္ စံအိမ္တြင္ မီးဖိုေဆာင္၊ အိပ္ခန္း ၇ ခန္းႏွင့္ ေခတ္ေဟာင္းဟန္ ေရခ်ဳိးခန္းမ်ား ပါဝင္ေသးသည္။

အဆင့္ျမင့္ ျမင္းေမြးအေဆာက္အအံုမ်ားတြင္ ႏြယ္ပင္တို႔ သိုင္းျခံဳေနသည့္ ျမင္းေဇာင္း၊ ျပိဳင္ပြဲအဆင့္ရွိ ေလ့က်င့္ေရးႏွင့္ ျမင္းစီးကြင္းတစ္ခုတို႔လည္း ပါဝင္ေသးသည္။

ဝစ္သာစပြန္းသည္ ယခုစံအိမ္အနီးတြင္ အျခားေနအိမ္တစ္လံုးပိုင္ဆိုင္ထားျပီးျဖစ္ရာ အေရွ႕ဘက္ မိုင္အနည္းငယ္သာ ေဝးကြာေသာ ပစိဖိတ္ ပါလစ္ဆိတ္အရပ္တြင္ တည္ရွိသည္။

ထို႔အျပင္ ဝစ္သာစပြန္းသည္ နက္ရွ္ဗီးလ္၊ ဘရန္႔ဝုဒ္ႏွင့္ အိုဂ်ဳိင္းတို႔တြင္လည္း ေနအိမ္မ်ား ပိုင္ဆိုင္ခဲ့ဖူးေသးသည္။

အိုင္ဂ်ဳိင္းသည္ ဆိတ္ျငိမ္ေသာျမိဳ႕ငယ္ကေလးျဖစ္ျပီး အဆိုပါျမိဳ႕တြင္ ဒုတိယခင္ပြန္းျဖစ္သူ ဂ်င္မ္ တို႔သ္ႏွင့္ လက္ထပ္ခဲ့ျခင္း ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

Reese Witherspoon အော်စကာဆုရှင် ဟောလိဝုဒ်ကြယ်ပွင့် ရိစ်ဝစ်သာ စပွန်း၏ အမည်ရင်းမှာ လော်ရာ ဂျီးန် ရိစ် ဝစ်သာစပွန်းဖြစ်ပြီး ၁၉၇၆ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် မွေးဖွားသည်။

အမေရိကန်ပြည်ထောင်စု၊ လူဝီစီယားနားပြည်နယ်၊ နယူးအော်လင်းမြို့တွင် မွေးဖွားကာ တင်နက်ဆီပြည်နယ်၊ နက်ရှ်ဗီးလ်မြို့တွင် ကြီးပြင်းခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်လောကတွင် ဖြတ်သန်းခဲ့သည့်သက်တမ်းတစ်လျှောက် ဆုတံဆိပ်များစွာရရှိခဲ့ရာ အော်စကာဆုနှင့် Primetime Emmy Award တို့လည်း ပါဝင်သည်။

၂၀၀၀ ပြည့်လွန်ကာလများအတွင်း ကမ္ဘာပေါ်တွင် သရုပ်ဆောင်ကြေးအမြင့်မားဆုံး ရုပ်ရှင်မင်းသမီးများ စာရင်းတွင် မကြာခဏ ပါဝင်ခဲ့သည်။

၂၀၀၆ ခုနှစ်နှင့် ၂၀၁၅ တို့တွင် တိုင်းမ်မဂ္ဂဇင်းကြီးက ထုတ်ပြန်သည့် ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ထည့်သွင်းဖော်ပြခံခဲ့ရသည်။

ရုပ်ရှင်ဇာတ်ကားများစွာ ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် ၂၀၀၁ ခုနှစ်တွင် ထုတ်လုပ်သော Legally Blonde ၊ ၂၀၀၂ တွင် ထွက်ရှိသော Sweet Home Alabama နှင့် ၂၀၁၁ တွင် ပြသခဲ့သော Water for Elephants ဇာတ်ကားများဖြင့် လူသိများခဲ့ကာ ၂၀၀၅ ခုနှစ်က ထုတ်လုပ်ခဲ့သော Walk the Line ဇာတ်ကားမှာမူ ဝစ်သာ စပွန်းကို အကောင်းဆုံး ဇာတ်ဆောင်မင်းသမီးအဖြစ် အော်စကာဆု ရရှိစေခဲ့သည့် ဇာတ်ကားလည်း ဖြစ်သည်။

ဝစ်သာ စပွန်းသည် သူ၏နေအိမ်ပိုင်ဆိုင်မှု စာရင်းသို့ ဇွန်လကုန်ပိုင်းတွင် နေအိမ်တစ်လုံး ထပ်မံ ဖြည့်တင်းလိုက်၏။

အသက် ၄၃ နှစ်ရှိပြီဖြစ်သော ဝစ်သာစပွန်းသည် လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်ရှိ ယာတောအိမ်ကို ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ခြံဝန်းအကျယ် ၂ ဧကခန့်အထိရှိပြီး ခြံဝန်းအတွင်း မင်္ဂလာဆောင်အခမ်းအနားများ လက်ခံကျင်းပလေ့ရှိသည့်နေရာဖြစ်သည်။

ဒီဇိုင်းရေးဆွဲပေးခဲ့သည်မှာ အမေရိကန်ရုပ်သံ အစီအစဉ်တစ်ခုဖြစ်သော Flipping Las Vegas မှ သရုပ်ဆောင်များဖြစ်သည့် စကော့ ယန်စီနှင့် အေမီ ယန်စီတို့ ဖြစ်ကြသည်။

ခြံဝန်းအတွင်း နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိ ဆစ်ကာမိုးရ်သစ်ပင်ကြီး အများအပြား ပါဝင်ရာ ပတ်ဝန်းကျင်နှင့် သီးခြားရှိစေမည့် လုံခြုံလွတ်လပ်မှုကို ပေးစွမ်းနိုင်မည် ဖြစ်သည်။

ပင်မစံအိမ်အပြင် စပါးကျီ/ ဧည့်ဂေဟာ၊ ရုပ်ရှင်ပြခန်းနှင့် ရုပ်ရှင်စတူဒီယိုတစ်ခုတို့လည်း ပါဝင်သေးသည်။

ဘိုဟီးမီးယန်းဟန် စံအိမ်တွင် မီးဖိုဆောင်၊ အိပ်ခန်း ၇ ခန်းနှင့် ခေတ်ဟောင်းဟန် ရေချိုးခန်းများ ပါဝင်သေးသည်။

အဆင့်မြင့် မြင်းမွေးအဆောက်အအုံများတွင် နွယ်ပင်တို့ သိုင်းခြုံနေသည့် မြင်းဇောင်း၊ ပြိုင်ပွဲအဆင့်ရှိ လေ့ကျင့်ရေးနှင့် မြင်းစီးကွင်းတစ်ခုတို့လည်း ပါဝင်သေးသည်။

ဝစ်သာစပွန်းသည် ယခုစံအိမ်အနီးတွင် အခြားနေအိမ်တစ်လုံးပိုင်ဆိုင်ထားပြီးဖြစ်ရာ အရှေ့ဘက် မိုင်အနည်းငယ်သာ ဝေးကွာသော ပစိဖိတ် ပါလစ်ဆိတ်အရပ်တွင် တည်ရှိသည်။

ထို့အပြင် ဝစ်သာစပွန်းသည် နက်ရှ်ဗီးလ်၊ ဘရန့်ဝုဒ်နှင့် အိုဂျိုင်းတို့တွင်လည်း နေအိမ်များ ပိုင်ဆိုင်ခဲ့ဖူးသေးသည်။

အိုင်ဂျိုင်းသည် ဆိတ်ငြိမ်သောမြို့ငယ်ကလေးဖြစ်ပြီး အဆိုပါမြို့တွင် ဒုတိယခင်ပွန်းဖြစ်သူ ဂျင်မ် တို့သ်နှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service