အမေရိကန်ကုမ္ပဏီ blackstone က ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖိုးရှိသော ဂျပန်နိုင်ငံတလွှားရှိ လူနေခန်း ဘလောက်ပေါင်း ၈၂ ခုကို ရောင်းချရန် စီစဉ်နေ
အမေရိကန်ကုမ္ပဏီ blackstone က ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖိုးရှိသော ဂျပန်နိုင်ငံတလွှားရှိ လူနေခန်း ဘလောက်ပေါင်း ၈၂ ခုကို ရောင်းချရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
29 Jul 2019 12:22 pm တွင် တင်ခဲ့သည်
559 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
အမေရိကန်ကုမ္ပဏီ blackstone သည် ဂျပန်နိုင်ငံတလွှားရှိ လူနေခန်း ဘလောက်ပေါင်း ၈၂ ခုကို ရောင်းချရန် စီစဉ်နေပြီး ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနှင့်အထက် ရရှိဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။
ယခုရောင်းချမှုအတွက် အကြံပေးအဖြစ် JLL နှင့် Mizuho Trust & Banking တို့ကို ငှားရမ်းထားသည်။
လူနေခန်းပေါင်း ၄၅၀၀ ခန့် ပါဝင်ပြီး ဂျပန်နိုင်ငံတစ်ဝန်းရှိ မြို့ကြီးပေါင်း ၁၀ မြို့တွင် ဖြန့်ကျက်တည်ရှိကာ အများစုမှာ တိုကျိုနှင့် အိုဆာကာမြို့ကြီးများတွင် ဖြစ်သည်။
အသေးစိတ်အချက်အလက်များကို ဝယ်လက်ဖြစ်လာဖွယ်ရှိသူများထံ ပေးပို့ထားပြီး “ကမ္ဘာ့ထိပ်တန်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာနေရာများမှ တစ်ခုရှိ လူကြိုက်အများဆုံးနေရာများ ရရှိမည့်အခွင့်အလမ်း”ဟု ဖော်ပြထားသည်။
လူနေခန်းများကို blackstone က ပြန်လည်ပြုပြင်မွမ်းမံပေးထားပြီး ငှားရမ်းမည်ဆိုပါက တစ်နှစ်လျှင် ယန်းငွေ ၄ ဒသမ ၉ ဘီလီယံခန့် ရရှိနိုင်သည်ဟု ဆိုသည်။
အမေရိကန်ကုမ္ပဏီ blackstone သည် ဂျပန်တွင် ပိုင်ဆိုင်ထားသော အိမ်ခြံမြေများအနက်မှ အများစုကို ပြန်လည်ရောင်းထုတ်ခဲ့ပြီး ဖြစ်သည်။
ယင်းသို့ ရောင်းချမှုများအတွင် အိုဆာကာနှင့် တိုကျိုတို့ရှိ ၁၀ ထပ် လူနေအဆောက်အအုံများကို တရုတ်ကုမ္ပဏီကြီး Anbang ထံ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံဖြင့် ရောင်းချခဲ့မှုလည်း ပါဝင်သည်။
လွန်ခဲ့သော ၂ နှစ်တာကာလအတွင်း Blackstone သည် ဂျပန်တွင် လူနေစီမံကိန်းကြီး ၂ ခုကို ဝယ်ယူမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်ရောင်းထုတ်မှုများ ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
Blackstone သည် ၂၀၁၅ ခုနှစ်အတွင်း တိုကျို၊ အိုဆာကာနှင့် နဂိုယာမြို့ကြီးများရှိ လူနေအိမ်ခြံမြေပေါင်း ၅၉ ခုကို ဝယ်ယူထားခဲ့သည်။
ထို့အပြင် General Electric ကုမ္ပဏီကြီး၏ အိမ်ခြံမြေလုပ်ငန်းကဏ္ဍမှ ပိုင်ဆိုင်ထားသော လူနေခန်း ဘလောက်ပေါင်း ၂၀၀ ခန့်ကိုလည်း ဂျပန်ယန်းငွေ ၁၉၀ ဘီလီယံကျော်ဖြင့် ဝယ်ယူခဲ့သေးပြီး ထိုစဉ်က ဂျပန်တွင် အိမ်ခြံမြေဈေးကွက် အလွန်အားကောင်းနေချိန်လည်း ဖြစ်သည်။
မကြာသေးမီရက်ပိုင်းကလည်း Blackstone သည် တိုကျိုမြို့ရှိ အမေရိကန်အွန်လိုင်းဈေးဝယ်ထိပ်သီးကုမ္ပဏီကြီး Amazon က ဖြန့်ဖြူးရေးစင်တာအဖြစ် ဖွင့်လှစ်ထားသည့်နေရာ အပါအဝင် ဂိုဒေါင်ပေါင်းများစွာကို ဂျပန်ယန်းငွေ ၁၀၀ ဘီလီယံ (ကန်ဒေါ်လာ သန်း ၉၂၀) ဖြင့် ဝယ်ယူခဲ့သေးသည်။
(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/842442 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။)
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service