ေျမခ်ပါမစ္ “အေဟာင္း” နဲ႔ “အသစ္” ႏွစ္မ်ိဳးရွိေျမငွားဂရန္ “ေလၽွာက္မွသိ”

ေျမခ်ပါမစ္ “အေဟာင္း” နဲ႔ “အသစ္” ႏွစ္မ်ိဳးရွိေျမငွားဂရန္ “ေလၽွာက္မွသိ” - Property Knowledge in Myanmar from iMyanmarHouse.com
8 Jul 2019 12:47 pm တွင် တင်ခဲ့သည်
5769 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

### Zawgyi Version ###

အိမ္ျခံေျမအေရာင္းအဝယ္ေတြ ေအးေနေပမယ့္ ေျမခ်ပါမစ္ကေနဂရန္သစ္ေလၽွာက္ေနၾကသူကေတာ့ ရန္ကုန္ျမိဳ႕ေတာ္ခန္းမမွာအျပည့္ပါဘဲ ၊ “အႏွစ္ (၆၀) ဂရန္ျဖစ္သြားရင္ ေရာင္းမွထြက္္ဘူး” ၊ “ျပန္ေရာင္းရင္လည္းအခြန္ေဆာင္ရတာမ်ားလို႔ ဝယ္သူေတြကမၾကိဳက္ၾကဘူး” ဆိုေပမယ့္ ေျမခ်ပါမစ္ မူရင္းကုိင္ထားရင္ေတာ့ စိတ္ခ်ရလို႔လားေျပာတဲ့သူေတြကိုေမးၾကည့္ခ်င္တယ္ ။

ဂရန္ကခိုင္မာတယ္ ေျမခ်ပါမစ္ကေတာ့ ေျပာင္းလဲႏုိင္တယ္

အႏွစ္ (၆၀) ဂရန္သစ္ ရလာျပီဆိုရင္ မွတ္ပံုတင္ အေရာင္းအဝယ္ျဖင့္ တရားဝင္ေရာင္းခ်ႏုိင္တယ္ ေမတၱာျဖင့္ အပိုင္းေပးကမ္းႏုိင္တယ္ ၊ အျပန္အလွန္ ခြင့္လႊတ္ႏုိင္တယ္ လွဴဒါန္းျခင္း ၊ ေပါင္ႏွံျခင္းစသည္တို႔ကိုေဆာင္ရြက္ႏုိင္တယ္ ၊ ေျမခ်ပါမစ္ စာရြက္နဲ႔ စလစ္ စာရြက္စာမ်ားကေတာ့ မိမိတုိ႔ ဝယ္လက္မွာရွိတဲ့ ပါမစ္စာရြက္စာတမ္းေတြကိုအေသအခ်ာဖတ္ၾကည့္လိုက္လ်င္ ေနာင္ေရးစိတ္မေအးစရာ ျဖစ္ေနတာေတြ ေတြ႔လိုက္ရပါတယ္ ။

ဂရန္မလုပ္ဘဲပါမစ္ကိုသာကိုင္ထားရင္ စိတ္ခ်ရပါ့မလား

အႏွစ္ (၆၀)ဂရန္ကေတာ့ တရားဝင္ ေရာင္းခ်ျခင္း ၊ ေပါင္ႏွံျခင္းတစ္ဆင့္ လြဲေျပာင္းေပးျခင္းတို႔ ျပဳလုပ္ႏုိင္ ခြင့္ရွိေၾကာင္းေတြ႔ရပါလိမ့္မည္ ။ ပါမစ္ေျမကေတာ့ အကြက္ခ်ထားေပးပါလ်က္ ၊ အိမ္မေဆာင္ဘဲထားရင္ ျပန္သိမ္းမယ္လို႔လည္းစည္းကမ္းခ်က္ေတြ ပါေနတာကိုေတြ႔ရပါလိမ့္မယ္ ။ ဒါျဖင့္ အခုဘာလို႔ အေရာင္းအဝယ္ လုပ္လို႔ ရေနတာလဲ ၊ ေပးကမ္းလို႔ ရေနတာလဲလို႔ ေမးစရာရွိပါတယ္ ။ ဒါကေတာ့ လက္ရွိအုပ္ခ်ဳပ္ေနဆဲအစိုးရအေပၚမွာမူတည္ေနပါတယ္ ။ အစိုးရကဒီအတိုင္းဘဲအခြင့္အေရးေပးထားရင္လည္းသာဓုေခၚရမွာေပါ့ ။

“ေျမကြက္ရွိေသာလည္းပစ္ထားလို႔ မရ ၊ အေဆာက္အဦးေဆာက္မွရ”

မၾကာေသးမီကစက္ရံုတည္ေဆာက္ျခင္းအလုပ္တဲ့ ေျမကြက္ေတြ ျပန္သိမ္းမယ္လို႔ ျမိဳ႔ျပႏွင့္ အိမ္ရာဖြံ႔ျဖိဳးေရးဦးစီးဌာနကေၾကာ္ျငာလိုက္တာနဲ႔ ေျမရွင္ေတြဟာ “ျပာျပာသလဲ” ျဖစ္ၾကျပီး ၊ စက္ရံုေတြ ေဆာက္လိုက္ၾကတာေျမကြက္လပ္ေတာင္ သိပ္မေတြ႔ရေတာ့ဘူးမယံုရင္ ဒဂံုေတာင္ ၊ ဒဂံုအေရွ႕စက္မႈဇံုေတြ သြားၾကည့္ပါလား ။ အေဆာက္အဦးေတာင္ ရွိျပီဆိုေတာ့ ဂရန္လုပ္ၾကေတာ့မွာေပါ့့ ။

ေျမကြက္မ်ားလုပ္ကိုင္ အသံုးျပဳခြင့္ ရေသာ္ျငားဆက္မလုပ္ရင္ သိမ္းမွာဘဲ

ရန္ကုန္ျမိဳ႕က ပါမစ္ေျမကြက္ေတြတင္မဟုတ္ဘူးအခုအခါမွာကခ်င္ျပည္နယ္အတြင္းခ်ထားေပးတဲ့ ေျမလြတ္ ၊ ေျမလပ္နဲ႔ ေျမရိုင္းမ်ားလုပ္ပိုင္ခြင့္ ၊ အသံုးျပဳခြင့္ ေပးထားေပမဲ့ ၊ ဆက္လက္လုပ္ကိုင္ျခင္းမရွိလို႔ ဗဟိုေကာ္မတီသို႔ ျပန္လည္ အပ္ႏွံရန္ ထုတ္သင့္တဲ့ ကခ်င္ျပည္နယ္ ၊ ျမစ္ၾကီးနားျမိဳ႔ “ျပည္နယ္ ေျမလြတ္ ၊ ေျမလပ္နဲ႔ ေျမရိုင္းမ်ားစီမံခန္႔ခြဲေရးအဖြဲ႔”က ေၾကာ္ျငာစာတစ္ခုကို (၁၉.၁၂.၂၀၁၆) ေန႔ ျမန္မာ့အလင္းသတင္းစာမွာဖတ္လိုက္ရပါတယ္ ။

ဒီလိုတိုရင္ ပါမစ္ေျမကြက္ဘဲျဖစ္ျဖစ္ ၊ ေျမလြတ္ ၊ ေျမလပ္နဲ႔ ေျမရိုင္းေတြ ျဖစ္ျဖစ္ လုပ္ပိုင္ခြင့္ႏွင့္ အသံုးျပဳခြင့္ ေပးထားပါလ်က္ ၊ ဆက္လက္လုပ္ကိုင္ျခင္းမရွိဘူးဆိုရင္ ႏုိင္ငံေတာ္အစိုးရအေနနဲ႔ သက္ဆုိင္ရာဥပေဒအရ ျပန္လည္သိမ္းယူႏုိင္တယ္ဆိုတာသိလာရပါတယ္ ။ ေျမလြတ္ ေျမလပ္နဲ႔ ေျမရိုင္းေတြေတာင္ အသံုးျပဳျခင္းမရွိဘူးဆိုရင္ အခ်ိန္မေရႊး ျပန္သိမ္းႏုိင္တယ္ဆိုေတာ့ ေျမခ်ပါမစ္လက္ဝယ္ ကိုင္ထားသူအေနနဲ႔ ေျမေပၚမွာလက္ရွိေနထိုင္သူေတြ ဘဲျဖစ္ျဖစ္ သြားေရာက္ေနထိုင္ျခင္းမရွိဘဲပစ္ထားသူမ်ားဘဲျဖစ္ျဖစ္ အႏွစ္ (၆၀) ဂရန္လုပ္ထားသင့္ပါတယ္ ။

ပါမစ္အေဟာင္းနဲ႔ အသစ္ ႏွစ္မ်ိဳးရွိဂရန္ေလၽွာက္မွသိဒါနဲ႔ စာေရးသူနဲ႔ ဆံုျဖတ္ခ်က္ တူတဲ့ ကလ်ာတစ္ေယာက္လည္းေတာင္ဒဂံု (၁၄၀) ရပ္ကြက္ကဝယ္ထားတဲ့ ပါမစ္ေျမကြက္ကိုဂရန္အမည္ေလၽွာက္ဖို႔ ျမိဳ႕ေတာ္ခန္းမသို႔ ေရာက္လာလို႔ မေမၽွာ္လင့္ဘဲဆံုဆည္မိၾကတယ္ေလ ၊ သူက (၁၄၀) ရပ္ကြက္ ပါမစ္ေျမစာေရးသူကေတာင္ဒဂံု (၅၆)ရပ္ကြက္ ပါမစ္ေျမကြက္ ၊ ျမိဳ႕ေတာ္ခန္းမမွာအတူဂရန္သစ္ ေလၽွာက္ျဖစ္ၾကတယ္ ။ စာေရးသူနဲ႔ မကလ်ာဂရန္သစ္ေလၽွာက္ ၾကတဲ့ ပါမစ္ေတြက ၁၉၉၀ ခုႏွစ္ေလာက္ကပါမစ္ေတြ မဟုတ္ဘူး ၊ ၂၀၁၅ ခုႏွစ္ အစိုးရသစ္ အေျပာင္းအလဲလုပ္ခါနီးမွာရလိုက္တဲ့ အသစ္စက္စက္ ပါမစ္ေတြေလ ၊ ထံုးစံအတိုင္းပါမစ္အေဟာင္းသမားေတြနဲ႔ ေရာျပီးေျမစီမံဌာနမွာဂရန္သစ္ေလၽွာက္ၾကတယ္ ဒါနဲ႔ စည္ပင္ကဂရံသစ္ေလၽွာက္ခြင့္ ျပဳလုပ္တာပါဘဲ ။

ဂရန္သစ္ေလၽွာက္တဲ့အခါ အေဟာင္းပါမစ္လြယ္ေပမယ့္ အသစ္ပါမစ္အခ်ိန္ေပးရ

ဒါေပမယ့္ပါမစ္အေဟာင္းသမားေတြကသတင္းေၾကာ္ျငာကြင္းဆင္းတာလုပ္စရာရွိတာေျမစီမံဌာနကလုပ္ေပးတာအဆင္ေျပၾကတယ္လို႔ သိရတယ္ ။ ၂၀၁၅ ခုႏွစ္မွာရတဲ့ ပါမစ္သမားမ်ားမွာေတာ့ ပါမစ္အေဟာင္းသမားမ်ားလို႔ ေလၽွာက္ရတာအဆင္မေျပၾကပါ ။ အိုးအိမ္ကစည္ပင္ကိုလႊဲေပးခဲ့တဲ့ ေျမကြက္စာရင္းထဲမွာမပါလို႔ အိုးအိမ္ကို ျပန္ေပးရျပန္ပါတယ္ ။ အခုဂရန္သစ္လာေလၽွာက္တဲ့ ေျမကြက္ေတြစာေျမတုိင္းရပ္ကြက္အမွတ္ ၊ ေျမကြက္အမွတ္ ၊ အမည္ေပါက္ေတြ မွန္ကန္ပါတယ္လို႔ အိုးအိမ္ကအေၾကာင္းျပန္ေပးပါတယ္ ။ဒါဆိုရင္ ဂရန္သစ္ရဖို႔ ေသခ်ာျပီလို႔ အားတက္ခဲ့ရေပမဲ့ ကိုယ္ျဖစ္ခ်င္သလို ျဖစ္မလာပါဘူးဗ်ာ ၊ ျမိဳ႕ေတာ္ စည္ပင္ ေျမစီမံဌာနက ျမိဳ႕ျပႏွင့္ အိမ္ရာဖြံ႔ျဖိဳးေရးဦးစီးဌာနကယခင္လႊဲေပးစဥ္ကပါဝင္ျခင္းမရွိတဲ့ ပါမစ္ေျမကြက္အသစ္ေတြဆိုျပီးဂရန္သစ္ထုတ္ေပးသင့္ / မသင့္ အစည္းအေဝးဆံုးျဖတ္ခ်က္မလုပ္ရေသးလို႔ ေခတၱေစာင့္ဆိုင္းပါဦးလို႔ ေျပာတာနဲ႔ မကလ်ာနဲ႔အတူဂရန္သစ္ေလၽွာက္ၾကသူအားလံုးဒီေန႔အထိေမၽွာ္တလင့္လင့္နဲ႔ ေစာင့္ေမၽွာ္ေနၾကတံုးလို႔ သိရပါတယ္ ။

ငယ္စဥ္ကေတာ့ အသစ္အေဟာင္းမစဥ္းစားပါမစ္ျဖစ္ဖို႔ဘဲအဓိကထား

တကယ္ေတာ့ဝယ္ထားသူေတြအေနနဲ႔ ပါမစ္အေဟာင္းေတြ ပါမစ္အသစ္ေတြရယ္လို႔ေတာ့ ခြဲခြဲျခားျခားစဥ္းစားမၾကည့္မိၾကပါဘူး ၊ အိုးအိမ္မွာသြားျပီးပါမစ္မွန္ကန္မႈရွိမရွိတိုက္ဆိုင္စစ္ေဆးၾကည့္တယ္ ။ မွန္ကန္တယ္ ေျပာလို႔ ဝယ္လိုက္တာဘဲ ၊ ဝယ္ျပီးမိမိအမည္ဂရန္ေဖာက္ ၊ ဂရန္သစ္ေလၽွာက္ေတာ့မွ အေဟာင္းနဲ႔အသစ္ဟာမတူကြဲျပားမႈေတြ ရွိပါေသးလားလို႔ သိလာရပါတယ္ ။ ဘာဘဲျဖစ္ျဖစ္ ဂရန္သစ္ထုတ္ေပးမယ့္ အခ်ိန္ဆက္ေစာင့္ရေတာ့မွာေပါ့ ။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေခတၱရာျမင့္ေအာင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။Credit: iMyanmarHouse.com

 

### Unicode Version ###

အိမ်ခြံမြေအရောင်းအဝယ်တွေ အေးနေပေမယ့် မြေချပါမစ်ကနေဂရန်သစ်လျှောက်နေကြသူကတော့ ရန်ကုန်မြို့တော်ခန်းမမှာအပြည့်ပါဘဲ ၊ “အနှစ် (၆၀) ဂရန်ဖြစ်သွားရင် ရောင်းမှထွက်ဘူး” ၊ “ပြန်ရောင်းရင်လည်းအခွန်ဆောင်ရတာများလို့ ဝယ်သူတွေကမကြိုက်ကြဘူး” ဆိုပေမယ့် မြေချပါမစ် မူရင်းကိုင်ထားရင်တော့ စိတ်ချရလို့လားပြောတဲ့သူတွေကိုမေးကြည့်ချင်တယ် ။

ဂရန်ကခိုင်မာတယ် မြေချပါမစ်ကတော့ ပြောင်းလဲနိုင်တယ်

အနှစ် (၆၀) ဂရန်သစ် ရလာပြီဆိုရင် မှတ်ပုံတင် အရောင်းအဝယ်ဖြင့် တရားဝင်ရောင်းချနိုင်တယ် မေတ္တာဖြင့် အပိုင်းပေးကမ်းနိုင်တယ် ၊ အပြန်အလှန် ခွင့်လွှတ်နိုင်တယ် လှူဒါန်းခြင်း ၊ ပေါင်နှံခြင်းစသည်တို့ကိုဆောင်ရွက်နိုင်တယ် ၊ မြေချပါမစ် စာရွက်နဲ့ စလစ် စာရွက်စာများကတော့ မိမိတို့ ဝယ်လက်မှာရှိတဲ့ ပါမစ်စာရွက်စာတမ်းတွေကိုအသေအချာဖတ်ကြည့်လိုက်လျင် နောင်ရေးစိတ်မအေးစရာ ဖြစ်နေတာတွေ တွေ့လိုက်ရပါတယ် ။

ဂရန်မလုပ်ဘဲပါမစ်ကိုသာကိုင်ထားရင် စိတ်ချရပါ့မလား

အနှစ် (၆၀)ဂရန်ကတော့ တရားဝင် ရောင်းချခြင်း ၊ ပေါင်နှံခြင်းတစ်ဆင့် လွဲပြောင်းပေးခြင်းတို့ ပြုလုပ်နိုင် ခွင့်ရှိကြောင်းတွေ့ရပါလိမ့်မည် ။ ပါမစ်မြေကတော့ အကွက်ချထားပေးပါလျက် ၊ အိမ်မဆောင်ဘဲထားရင် ပြန်သိမ်းမယ်လို့လည်းစည်းကမ်းချက်တွေ ပါနေတာကိုတွေ့ရပါလိမ့်မယ် ။ ဒါဖြင့် အခုဘာလို့ အရောင်းအဝယ် လုပ်လို့ ရနေတာလဲ ၊ ပေးကမ်းလို့ ရနေတာလဲလို့ မေးစရာရှိပါတယ် ။ ဒါကတော့ လက်ရှိအုပ်ချုပ်နေဆဲအစိုးရအပေါ်မှာမူတည်နေပါတယ် ။ အစိုးရကဒီအတိုင်းဘဲအခွင့်အရေးပေးထားရင်လည်းသာဓုခေါ်ရမှာပေါ့ ။

“မြေကွက်ရှိသောလည်းပစ်ထားလို့ မရ ၊ အဆောက်အဦးဆောက်မှရ”

မကြာသေးမီကစက်ရုံတည်ဆောက်ခြင်းအလုပ်တဲ့ မြေကွက်တွေ ပြန်သိမ်းမယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကကြော်ငြာလိုက်တာနဲ့ မြေရှင်တွေဟာ “ပြာပြာသလဲ” ဖြစ်ကြပြီး ၊ စက်ရုံတွေ ဆောက်လိုက်ကြတာမြေကွက်လပ်တောင် သိပ်မတွေ့ရတော့ဘူးမယုံရင် ဒဂုံတောင် ၊ ဒဂုံအရှေ့စက်မှုဇုံတွေ သွားကြည့်ပါလား ။ အဆောက်အဦးတောင် ရှိပြီဆိုတော့ ဂရန်လုပ်ကြတော့မှာပေါ့ ။

မြေကွက်များလုပ်ကိုင် အသုံးပြုခွင့် ရသော်ငြားဆက်မလုပ်ရင် သိမ်းမှာဘဲ

ရန်ကုန်မြို့က ပါမစ်မြေကွက်တွေတင်မဟုတ်ဘူးအခုအခါမှာကချင်ပြည်နယ်အတွင်းချထားပေးတဲ့ မြေလွတ် ၊ မြေလပ်နဲ့ မြေရိုင်းများလုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့် ပေးထားပေမဲ့ ၊ ဆက်လက်လုပ်ကိုင်ခြင်းမရှိလို့ ဗဟိုကော်မတီသို့ ပြန်လည် အပ်နှံရန် ထုတ်သင့်တဲ့ ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ “ပြည်နယ် မြေလွတ် ၊ မြေလပ်နဲ့ မြေရိုင်းများစီမံခန့်ခွဲရေးအဖွဲ့”က ကြော်ငြာစာတစ်ခုကို (၁၉.၁၂.၂၀၁၆) နေ့ မြန်မာ့အလင်းသတင်းစာမှာဖတ်လိုက်ရပါတယ် ။

ဒီလိုတိုရင် ပါမစ်မြေကွက်ဘဲဖြစ်ဖြစ် ၊ မြေလွတ် ၊ မြေလပ်နဲ့ မြေရိုင်းတွေ ဖြစ်ဖြစ် လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့် ပေးထားပါလျက် ၊ ဆက်လက်လုပ်ကိုင်ခြင်းမရှိဘူးဆိုရင် နိုင်ငံတော်အစိုးရအနေနဲ့ သက်ဆိုင်ရာဥပဒေအရ ပြန်လည်သိမ်းယူနိုင်တယ်ဆိုတာသိလာရပါတယ် ။ မြေလွတ် မြေလပ်နဲ့ မြေရိုင်းတွေတောင် အသုံးပြုခြင်းမရှိဘူးဆိုရင် အချိန်မရွှေး ပြန်သိမ်းနိုင်တယ်ဆိုတော့ မြေချပါမစ်လက်ဝယ် ကိုင်ထားသူအနေနဲ့ မြေပေါ်မှာလက်ရှိနေထိုင်သူတွေ ဘဲဖြစ်ဖြစ် သွားရောက်နေထိုင်ခြင်းမရှိဘဲပစ်ထားသူများဘဲဖြစ်ဖြစ် အနှစ် (၆၀) ဂရန်လုပ်ထားသင့်ပါတယ် ။

ပါမစ်အဟောင်းနဲ့ အသစ် နှစ်မျိုးရှိဂရန်လျှောက်မှသိဒါနဲ့ စာရေးသူနဲ့ ဆုံဖြတ်ချက် တူတဲ့ ကလျာတစ်ယောက်လည်းတောင်ဒဂုံ (၁၄၀) ရပ်ကွက်ကဝယ်ထားတဲ့ ပါမစ်မြေကွက်ကိုဂရန်အမည်လျှောက်ဖို့ မြို့တော်ခန်းမသို့ ရောက်လာလို့ မမျှော်လင့်ဘဲဆုံဆည်မိကြတယ်လေ ၊ သူက (၁၄၀) ရပ်ကွက် ပါမစ်မြေစာရေးသူကတောင်ဒဂုံ (၅၆)ရပ်ကွက် ပါမစ်မြေကွက် ၊ မြို့တော်ခန်းမမှာအတူဂရန်သစ် လျှောက်ဖြစ်ကြတယ် ။ စာရေးသူနဲ့ မကလျာဂရန်သစ်လျှောက် ကြတဲ့ ပါမစ်တွေက ၁၉၉၀ ခုနှစ်လောက်ကပါမစ်တွေ မဟုတ်ဘူး ၊ ၂၀၁၅ ခုနှစ် အစိုးရသစ် အပြောင်းအလဲလုပ်ခါနီးမှာရလိုက်တဲ့ အသစ်စက်စက် ပါမစ်တွေလေ ၊ ထုံးစံအတိုင်းပါမစ်အဟောင်းသမားတွေနဲ့ ရောပြီးမြေစီမံဌာနမှာဂရန်သစ်လျှောက်ကြတယ် ဒါနဲ့ စည်ပင်ကဂရံသစ်လျှောက်ခွင့် ပြုလုပ်တာပါဘဲ ။

ဂရန်သစ်လျှောက်တဲ့အခါ အဟောင်းပါမစ်လွယ်ပေမယ့် အသစ်ပါမစ်အချိန်ပေးရ

ဒါပေမယ့်ပါမစ်အဟောင်းသမားတွေကသတင်းကြော်ငြာကွင်းဆင်းတာလုပ်စရာရှိတာမြေစီမံဌာနကလုပ်ပေးတာအဆင်ပြေကြတယ်လို့ သိရတယ် ။ ၂၀၁၅ ခုနှစ်မှာရတဲ့ ပါမစ်သမားများမှာတော့ ပါမစ်အဟောင်းသမားများလို့ လျှောက်ရတာအဆင်မပြေကြပါ ။ အိုးအိမ်ကစည်ပင်ကိုလွှဲပေးခဲ့တဲ့ မြေကွက်စာရင်းထဲမှာမပါလို့ အိုးအိမ်ကို ပြန်ပေးရပြန်ပါတယ် ။ အခုဂရန်သစ်လာလျှောက်တဲ့ မြေကွက်တွေစာမြေတိုင်းရပ်ကွက်အမှတ် ၊ မြေကွက်အမှတ် ၊ အမည်ပေါက်တွေ မှန်ကန်ပါတယ်လို့ အိုးအိမ်ကအကြောင်းပြန်ပေးပါတယ် ။ဒါဆိုရင် ဂရန်သစ်ရဖို့ သေချာပြီလို့ အားတက်ခဲ့ရပေမဲ့ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာပါဘူးဗျာ ၊ မြို့တော် စည်ပင် မြေစီမံဌာနက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကယခင်လွှဲပေးစဉ်ကပါဝင်ခြင်းမရှိတဲ့ ပါမစ်မြေကွက်အသစ်တွေဆိုပြီးဂရန်သစ်ထုတ်ပေးသင့် / မသင့် အစည်းအဝေးဆုံးဖြတ်ချက်မလုပ်ရသေးလို့ ခေတ္တစောင့်ဆိုင်းပါဦးလို့ ပြောတာနဲ့ မကလျာနဲ့အတူဂရန်သစ်လျှောက်ကြသူအားလုံးဒီနေ့အထိမျှော်တလင့်လင့်နဲ့ စောင့်မျှော်နေကြတုံးလို့ သိရပါတယ် ။

ငယ်စဉ်ကတော့ အသစ်အဟောင်းမစဉ်းစားပါမစ်ဖြစ်ဖို့ဘဲအဓိကထား

တကယ်တော့ဝယ်ထားသူတွေအနေနဲ့ ပါမစ်အဟောင်းတွေ ပါမစ်အသစ်တွေရယ်လို့တော့ ခွဲခွဲခြားခြားစဉ်းစားမကြည့်မိကြပါဘူး ၊ အိုးအိမ်မှာသွားပြီးပါမစ်မှန်ကန်မှုရှိမရှိတိုက်ဆိုင်စစ်ဆေးကြည့်တယ် ။ မှန်ကန်တယ် ပြောလို့ ဝယ်လိုက်တာဘဲ ၊ ဝယ်ပြီးမိမိအမည်ဂရန်ဖောက် ၊ ဂရန်သစ်လျှောက်တော့မှ အဟောင်းနဲ့အသစ်ဟာမတူကွဲပြားမှုတွေ ရှိပါသေးလားလို့ သိလာရပါတယ် ။ ဘာဘဲဖြစ်ဖြစ် ဂရန်သစ်ထုတ်ပေးမယ့် အချိန်ဆက်စောင့်ရတော့မှာပေါ့ ။

ခေတ္တရာမြင့်အောင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
shwe-hninsi
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service