ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
အကယ္၍ သင္သည္ အေမရိကန္ျပည္ေထာင္စုသို႔ အလည္အပတ္ခရီးထြက္ရန္ အခြင့္အလမ္းၾကံဳၾကိဳက္လာျပီဆိုပါက ပထမဆံုးေတြးမိမည့္အရာမွာ မည္သည့္ေနရာမ်ားသို႔ အလည္အပတ္ သြားရမည္နည္းဟူေသာ အေတြးသာျဖစ္မည္ ျဖစ္၏။
အမ်ားစု ၾကံရြယ္ၾကမည္မွာ ကမၻာေက်ာ္ျမိဳ႕ၾကီးျပၾကီးမ်ားႏွင့္ အထင္ကရေနရာမ်ားသို႔ သြားေရာက္လည္ပတ္ရန္သာ ျဖစ္ဖြယ္ရွိျပီး ပန္းသီးၾကီးဟု တင္စားၾကေသာ နယူးေယာက္၊ ကမၻာေက်ာ္ ေဟာလိဝုဒ္ႏွင့္ ဆန္တာမိုနီကာ ကမ္းေျခရွိေသာ ေလာ့စ္အိန္ဂ်လိ အစရွိသည့္ေနရာမ်ားသာျဖစ္မည္ ျဖစ္သည္။
သို႔ရာတြင္ သင္၏ လည္ပတ္မည့္ေနရာစာရင္းတြင္ ထည့္သြင္းသင့္ေသာ လူသိနည္းသည့္ စိတ္ဝင္စားဖြယ္ေနရာမ်ား အေမရိကတြင္ အမ်ားအျပားရွိေနပါသည္။
အကယ္၍ သင္သည္ အဆန္းတၾကယ္ ၾကံၾကံဖန္ဖန္ အမည္ေပးထားသည့္ေနရာမ်ားကို စိတ္ဝင္စားတတ္သူဆိုပါက အေမရိကတြင္ သင္စိတ္ဝင္စားဖြယ္ ေနရာ အမ်ားအျပားရွိေနသည္။
ေအာက္ေဖာ္ျပပါျမိဳ႕မ်ားမွာ အေမရိက၏ ဆန္းျပားေသာ ျမိဳ႕မ်ားျဖစ္ျပီး သင္၏ လည္ပတ္မည့္စာရင္းတြင္ အၾကိဳက္ဆံုးျမိဳ႕မ်ားကို ေရြးခ်ယ္လည္ပတ္ႏိုင္ပါသည္။
(၁) မိစၦာ၏ တိုင္းျပည္ ၊ မက္ဆာခ်ဴးဆက္ျပည္နယ္
တည္ေနရာမွာ မက္ဆာခ်ဴးဆက္ျပည္နယ္၊ ဖရန္ကလင္ခရိုင္၊ ေနာ့သ္ဖီးျမဳိ႕၏ အေနာက္ေျမာက္ဘက္ ၁ ဒသမ ၅ မိုင္အကြာတြင္ တည္ရွိသည္။
မိစၦာ၏ တိုင္းျပည္ဟု အမည္တြင္လာပံုမွာ ေရေျမၾကမ္းတမ္းလွေသာေၾကာင့္ အေျခခ်ေနထိုင္ရန္ အလြန္ခက္ခဲခဲ့သည့္အတြက္ ျဖစ္သည္ဟု ဆိုသည္။
၁၆၇၀ ျပည့္လြန္ကာလမ်ားတြင္ ဖိလစ္ဘုရင္ၾကီး၏ စစ္ပြဲမ်ားကာလအတြင္း အေျခခ်ေနထိုင္သူမ်ား အဆိုပါေဒသသို႔ စတင္ေရာက္ရွိေျခခ်ခဲ့ၾကသည္။
နယူးအဂၤလန္ဟုေခၚေသာ အေမရိကအေရွ႕ေျမာက္ပိုင္း မိန္းျပည္နယ္၊ ဗားေမာင့္၊ နယူးဟမ့္ပ္ရႈိင္းယား၊ မက္ဆာခ်ဴးဆက္၊ ရိုဒီအိုင္းလန္းႏွင့္ ကြန္နက္တီကပ္ျပည္နယ္မ်ား ေပါင္းစည္းရာေဒသတြင္ ၁၆၇၅ ခုႏွစ္မွ ၁၆၇၈ ခုႏွစ္အထိ ေဒသခံ အင္ဒီးယန္း တိုင္းရင္းသားမ်ားႏွင့္ ကိုလိုနီသမားတို႔အၾကား စစ္ပြဲမ်ား ျဖစ္ပြားခဲ့ၾကသည္။
ေဒသခံ အေမရိကန္ဌာေန ေက်းရြာသားတို႔က ၎တို႔၏ေျမကို ခုခံကာကြယ္ခဲ့ၾကရသည့္ေနရာျဖစ္၏။
(၂) ရုပ္ေျဖာင့္ေသာ အက္ဒီ
နယူးေယာက္ျပည္နယ္၊ ဆာလီဗန္ခရိုင္တြင္ကား “ရုပ္ေျဖာင့္ေသာ အက္ဒီ”အမည္ရွိ ျမိဳ႕ကေလးတစ္ျမိဳ႕ရွိေနသည္။
Google map တြင္ ရွာေဖြလိုပါက 41.4428690, -74.8907222 ဟု ရိုက္သြင္းကာ ရွာေဖြႏိုင္ပါသည္။
(၃) ပ်င္းစရာၾကီး၊ ေအာ္ရီဂြန္ျပည္နယ္ (Boring, Oregon)
အေမရိကန္ျပည္ေထာင္စု၊ ေအာ္ရီဂြန္ျပည္နယ္၊ ကလက္ခ္ကာမက္စ္ခရိုင္တြင္ ပ်င္းစရာၾကီးဟု အမည္ရေသာ ဆန္းဆန္းျပားျပား ေဒသတစ္ခု ရွိသည္။
ပို႔တ္လန္းျမိဳ႕လယ္မွ အေရွ႕ေတာင္ဘက္ ၁၂ မိုင္ခန္႔အကြာတြင္ တည္ရွိသည္။
“ပ်င္းစရာၾကီး”သည္ သစ္လုပ္ငန္းအခ်က္အျခာေဒသတစ္ခုျဖစ္ခဲ့ျပီး ဝန္းက်င္တစ္ခြင္မွာ သမပိုင္း ထင္းရႈးႏွင့္ အျမဲစိမ္းသစ္ေတာမ်ား ေပါမ်ားလွသည့္အျပင္ ပို႔တ္လန္း၏ ဆိပ္ကမ္းႏွင့္လည္း နီးကပ္စြာ တည္ရွိသည္။
သစ္ထုတ္ လုပ္ငန္းအျပင္ ပ်ဳိးဥယ်ာဥ္မ်ားႏွင့္ စိုက္ပ်ဳိးေရးလုပ္ငန္းမွာလည္း “ပ်င္းစရာၾကီး” ၏ ပင္မစီးပြားေရးအျဖစ္ ေရွးယခင္ကာလ မ်ားစြာကတည္းက ရပ္တည္ခဲ့သည္။
၂၀၁၂ ခုႏွစ္တြင္ “ပ်င္းစရာၾကီး” ကို စေကာ့တလန္ႏိုင္ငံ၊ ပါ့သ္ရႈိင္းယားရွိ “စိတ္ဝင္စားဖို႔မေကာင္းဘူး” အမည္ရွိျမိဳ႕ႏွင့္ ညီအစ္မျမဳိ႕အျဖစ္ သတ္မွတ္ခံခဲ့ရသည္။
(၄) အဆင္ေျပပါတယ္၊ အိုကလာဟိုးမားျပည္နယ္ (Okay, Oklahoma)
“အဆင္ေျပပါတယ္” ျမိဳ႕ကေလးသည္ အေမရိကန္ျပည္၊ အိုကလာဟိုးမားျပည္နယ္၊ ဝက္ဂြန္းနား ခရိုင္၊ ဗားဒီဂရစ္ျမစ္၏ အေရွ႕ဘက္ျမစ္ကမ္းတြင္ တည္ရွိေသာ ျမိဳ႕ကေလးျဖစ္သည္။
၂၀၁၀ ျပည့္ႏွစ္ သန္းေကာင္စာရင္းအရ လူဦးေရ ၆၂၀ သာ ေနထိုင္သည္။ ၂၀၀၀ ျပည့္ႏွစ္က ၅၉၇ ဦးသာရွိခဲ့ရာမွ ၃ ဒသမ ၉ ရာခိုင္ႏႈန္း ျမင့္တက္လာျခင္း ျဖစ္သည္။ ၁၉၁၉ ခုႏွစ္ မတိုင္မီက ျမိဳ႕ကေလး၏ အမည္နာမကို အမ်ဳိးမ်ဳိး ေျပာင္းလဲေခၚဆိုမႈမ်ား ရွိခဲ့သည္။
၁၉၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၈ ရက္တြင္ "O. K. Trucks" အမွတ္တံဆိပ္ ေရနံတင္သေဘၤာမ်ားကို အိုကလာဟိုးမား Auto Manufacturing ကုမၸဏီက စတင္ထုတ္လုပ္ခ်ိန္မွစျပီး ျမိဳ႕ကေလး၏ အမည္မွာ အဆင္ေျပပါတယ္ဟု ေျပာင္းလဲလာခဲ့ျခင္း ျဖစ္သည္။
၁၉၃၆ ခုႏွစ္တြင္ “အဆင္ေျပပါတယ္” ျမိဳ႕ကေလးအား မီးၾကီးသင့္ရာ စတိုးဆိုင္ ၂ ခု၊ ဘုရားေက်ာင္းတစ္ေက်ာင္း၊ စာတိုက္ႏွင့္ လူမေနေသာ အေဆာက္အအံု ၂ လံုး မီးသင့္ခဲ့သည္။
အဆိုပါမီးၾကီးအတြင္း စီးပြားေရးလုပ္ငန္း ၂ ခု၊ ဓာတ္ဆီဆိုင္တစ္ခုႏွင့္ ပန္းပဲဖိုတစ္ခုတို႔သာ မီးေဘးမွ လြတ္ကင္းခဲ့သည္။
(၅) သူရဲေဘာေၾကာင္သူ ၊ ေတာင္ကယ္ရိုလိုင္းနားျပည္နယ္
အေမရိကန္ျပည္ေထာင္စု၊ ေတာင္ကယ္ရိုလိုင္းနားျပည္နယ္၊ ဖေလာရင့္စ္ခရိုင္တြင္ “သူရဲေဘာေၾကာင္သူ” ဟု ထူးထူးဆန္းဆန္း နာမည္ေပးထားသည့္ ျမိဳ႕ကေလးရွိသည္။ ၂၀၁၀ ျပည့္ႏွစ္ သန္းေကာင္စာရင္းအရ လူဦးေရ ၇၅၂ ဦးရွိသည္။ ၂၀၀၀ ျပည့္ႏွစ္ကမူ လူဦးေရ ၆၅၀ သာရွိခဲ့၏။
တည္ေနရာ ကိုၾသဒိနိတ္မွာ ေျမာက္လတၱီက်ဳ ၃၃ ဒီဂရီ၊ ၅၈ မိနစ္၊ ၃၂ စကၠန္႔ႏွင့္ အေနာက္ေလာင္ဂ်ီက်ဳ ၇၉ ဒီဂရီ၊ ၄၄ မိနစ္၊ ၅၀ စကၠန္႔တြင္ တည္ရွိသည္။ အေမရိကန္ အမ်ဳိးသား လမ္းမၾကီး အမွတ္ ၅၂ မွာ ျမိဳ႕ေလး၏ အလယ္ကို ျဖတ္သန္းသြားသည္။
ေျမာက္ဘက္ရွိ ဖေလာရင့္စ္ျမိဳ႕ႏွင့္ဆိုလွ်င္ ၂၆ ကီလိုမီတာ (၁၆ မိုင္) ခန္႔သာ ေဝးကြာ၏။
အေမရိကန္ သန္းေကာင္စာရင္းျဗဴရိုမွ အခ်က္အလက္မ်ားအရ “သူရဲေဘာေၾကာင္သူ” ျမိဳ႕ကေလးသည္ အက်ယ္အဝန္း ၃ ဒသမ ၅ စတုရန္းမိုင္သာရွိျပီး ယင္းအနက္ စတုရန္းမီတာ ၂၅၇၆ မွာ ေရျပင္ျဖစ္သည္ဟု ဆိုသည္။
လူျဖဴ ၈၄ ဒသမ ၁၅ ရာခိုင္ႏႈန္း၊ အာဖရိကန္-အေမရိကန္ ၁၄ ရာခိုင္ႏႈန္း၊ အာရွ ၀ ဒသမ ၁၅ ရာခိုင္ႏႈန္းႏွင့္ အျခား ၀ ဒသမ ၆၂ ရာခိုင္ႏႈန္းတို႔ ေနထုိင္သည္။
(၆) ေသခ်င္ေယာင္ေဆာင္ေသာ လည္ပင္း
အေမရိကန္ျပည္ေထာင္စု၊ မစၥစၥပီျပည္နယ္၊ အတၱလာခရိုင္တြင္ “ေသခ်င္ေယာင္ေဆာင္ေသာ လည္ပင္း” ဟူသည့္ ဆန္းျပားလွေသာ အမည္ရွိေသာ ျမဳိ႕ကေလးတည္ရွိသည္။ မစၥစၥပီ ျပည္နယ္တြင္ ေနထိုင္သူ မ်ားစြာမွာ အဆိုပါ ျမိဳ႕ကေလးကို မၾကားဖူးၾကေခ်။
အတၱလာခရိုင္တြင္ ကာလတာရွည္ ေနထိုင္ခဲ့သူမ်ားသာလွ်င္ “ေသခ်င္ေယာင္ေဆာင္ေသာ လည္ပင္း” ျမိဳ႕ကေလး တည္ရွိေၾကာင္း သိၾကသည္။
တည္ေနရာ ကိုၾသဒိနိတ္မွာ ေျမာက္လတၱီက်ဳ 33.1412394 ႏွင့္ အေနာက္ေလာင္ဂ်ီက်ဳ -89.7417488 တြင္ ျဖစ္ျပီး google map တြင္ ရွာေဖြၾကည့္ရႈႏိုင္ပါသည္။
သစ္ေတာထူထပ္လွေသာ အဆိုပါေဒသ၏ ေျမမ်က္ႏွာသြင္ျပင္ ပံုပန္းသ႑ာန္ေၾကာင့္ အဆိုပါနာမည္ရရွိလာျခင္း ျဖစ္တန္ရာသည္။
ေတာထူထပ္လွေသာေၾကာင့္ လြန္ခဲ့ေသာႏွစ္တစ္ရာခန္႔ကတည္းကပင္ ေနထိုင္သူ နည္းပါးလွသည္။
အတၱလာခရိုင္တြင္ ၁၉၀၀ ျပည့္လြန္ အေစာပိုင္း ကာလမ်ားက သစ္လုပ္ငန္းထြန္းကားခဲ့သည္။
ေသခ်င္ေယာင္ေဆာင္ေသာ လည္ပင္း” ျမိဳ႕ကေလးသည္ စာပို႔တိုက္ ထားရွိႏိုင္သည့္အဆင့္အထိ ဖြံ႔ျဖိဳးလာသည္။
ယင္းေနာက္ ၁၉၂၉ ခုႏွစ္တြင္ ျဖစ္ေပၚခဲ့ေသာ မဟာစီးပြားပ်က္ကပ္ၾကီးက်ေရာက္လာခ်ိန္တြင္ အဆိုပါေဒသရွိ သစ္စက္မ်ား ပိတ္သိမ္း သြားခဲ့ရသည္။
အျခားေသာ စီးပြားေရးလုပ္ငန္းမ်ားသည္လည္း ပိတ္သိမ္းသြားျပီး အျမတ္အစြန္းရမည့္ အျခားေဒသမ်ားသို႔ ေရႊ႕ေျပာင္းသြားခဲ့ၾကသည္။
ယင္းေနာက္တြင္ကား စာပို႔တိုက္လည္း ပိတ္သြားေတာ့သည္။
ယေန႔တြင္ကား “ေသခ်င္ေယာင္ေဆာင္ေသာ လည္ပင္း” သည္ အမွန္တကယ္ ေသဆံုးသြားခဲ့ျပီျဖစ္ျပီး တခ်ိန္က ေရႊထီးေဆာင္းခဲ့ေသာ ကာလမ်ားကို အမွတ္ရစရာအခ်ဳိ႕သာ ၾကြင္းက်န္ရစ္ေတာ့သည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
အကယ်၍ သင်သည် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ခရီးထွက်ရန် အခွင့်အလမ်းကြုံကြိုက်လာပြီဆိုပါက ပထမဆုံးတွေးမိမည့်အရာမှာ မည်သည့်နေရာများသို့ အလည်အပတ် သွားရမည်နည်းဟူသော အတွေးသာဖြစ်မည် ဖြစ်၏။
အများစု ကြံရွယ်ကြမည်မှာ ကမ္ဘာကျော်မြို့ကြီးပြကြီးများနှင့် အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ရန်သာ ဖြစ်ဖွယ်ရှိပြီး ပန်းသီးကြီးဟု တင်စားကြသော နယူးယောက်၊ ကမ္ဘာကျော် ဟောလိဝုဒ်နှင့် ဆန်တာမိုနီကာ ကမ်းခြေရှိသော လော့စ်အိန်ဂျလိ အစရှိသည့်နေရာများသာဖြစ်မည် ဖြစ်သည်။
သို့ရာတွင် သင်၏ လည်ပတ်မည့်နေရာစာရင်းတွင် ထည့်သွင်းသင့်သော လူသိနည်းသည့် စိတ်ဝင်စားဖွယ်နေရာများ အမေရိကတွင် အများအပြားရှိနေပါသည်။
အကယ်၍ သင်သည် အဆန်းတကြယ် ကြံကြံဖန်ဖန် အမည်ပေးထားသည့်နေရာများကို စိတ်ဝင်စားတတ်သူဆိုပါက အမေရိကတွင် သင်စိတ်ဝင်စားဖွယ် နေရာ အများအပြားရှိနေသည်။
အောက်ဖော်ပြပါမြို့များမှာ အမေရိက၏ ဆန်းပြားသော မြို့များဖြစ်ပြီး သင်၏ လည်ပတ်မည့်စာရင်းတွင် အကြိုက်ဆုံးမြို့များကို ရွေးချယ်လည်ပတ်နိုင်ပါသည်။
(၁) မိစ္ဆာ၏ တိုင်းပြည် ၊ မက်ဆာချူးဆက်ပြည်နယ်
တည်နေရာမှာ မက်ဆာချူးဆက်ပြည်နယ်၊ ဖရန်ကလင်ခရိုင်၊ နော့သ်ဖီးမြို့၏ အနောက်မြောက်ဘက် ၁ ဒသမ ၅ မိုင်အကွာတွင် တည်ရှိသည်။
မိစ္ဆာ၏ တိုင်းပြည်ဟု အမည်တွင်လာပုံမှာ ရေမြေကြမ်းတမ်းလှသောကြောင့် အခြေချနေထိုင်ရန် အလွန်ခက်ခဲခဲ့သည့်အတွက် ဖြစ်သည်ဟု ဆိုသည်။
၁၆၇၀ ပြည့်လွန်ကာလများတွင် ဖိလစ်ဘုရင်ကြီး၏ စစ်ပွဲများကာလအတွင်း အခြေချနေထိုင်သူများ အဆိုပါဒေသသို့ စတင်ရောက်ရှိခြေချခဲ့ကြသည်။
နယူးအင်္ဂလန်ဟုခေါ်သော အမေရိကအရှေ့မြောက်ပိုင်း မိန်းပြည်နယ်၊ ဗားမောင့်၊ နယူးဟမ့်ပ်ရှိုင်းယား၊ မက်ဆာချူးဆက်၊ ရိုဒီအိုင်းလန်းနှင့် ကွန်နက်တီကပ်ပြည်နယ်များ ပေါင်းစည်းရာဒေသတွင် ၁၆၇၅ ခုနှစ်မှ ၁၆၇၈ ခုနှစ်အထိ ဒေသခံ အင်ဒီးယန်း တိုင်းရင်းသားများနှင့် ကိုလိုနီသမားတို့အကြား စစ်ပွဲများ ဖြစ်ပွားခဲ့ကြသည်။
ဒေသခံ အမေရိကန်ဌာနေ ကျေးရွာသားတို့က ၎င်းတို့၏မြေကို ခုခံကာကွယ်ခဲ့ကြရသည့်နေရာဖြစ်၏။
(၂) ရုပ်ဖြောင့်သော အက်ဒီ
နယူးယောက်ပြည်နယ်၊ ဆာလီဗန်ခရိုင်တွင်ကား “ရုပ်ဖြောင့်သော အက်ဒီ”အမည်ရှိ မြို့ကလေးတစ်မြို့ရှိနေသည်။
Google map တွင် ရှာဖွေလိုပါက 41.4428690, -74.8907222 ဟု ရိုက်သွင်းကာ ရှာဖွေနိုင်ပါသည်။
(၃) ပျင်းစရာကြီး၊ အော်ရီဂွန်ပြည်နယ် (Boring, Oregon)
အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ကလက်ခ်ကာမက်စ်ခရိုင်တွင် ပျင်းစရာကြီးဟု အမည်ရသော ဆန်းဆန်းပြားပြား ဒေသတစ်ခု ရှိသည်။ ပို့တ်လန်းမြို့လယ်မှ အရှေ့တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိသည်။
“ပျင်းစရာကြီး”သည် သစ်လုပ်ငန်းအချက်အခြာဒေသတစ်ခုဖြစ်ခဲ့ပြီး ဝန်းကျင်တစ်ခွင်မှာ သမပိုင်း ထင်းရှုးနှင့် အမြဲစိမ်းသစ်တောများ ပေါများလှသည့်အပြင် ပို့တ်လန်း၏ ဆိပ်ကမ်းနှင့်လည်း နီးကပ်စွာ တည်ရှိသည်။
သစ်ထုတ် လုပ်ငန်းအပြင် ပျိုးဥယျာဉ်များနှင့် စိုက်ပျိုးရေးလုပ်ငန်းမှာလည်း “ပျင်းစရာကြီး” ၏ ပင်မစီးပွားရေးအဖြစ် ရှေးယခင်ကာလ များစွာကတည်းက ရပ်တည်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် “ပျင်းစရာကြီး” ကို စကော့တလန်နိုင်ငံ၊ ပါ့သ်ရှိုင်းယားရှိ “စိတ်ဝင်စားဖို့မကောင်းဘူး” အမည်ရှိမြို့နှင့် ညီအစ်မမြို့အဖြစ် သတ်မှတ်ခံခဲ့ရသည်။
(၄) အဆင်ပြေပါတယ်၊ အိုကလာဟိုးမားပြည်နယ် (Okay, Oklahoma)
“အဆင်ပြေပါတယ်” မြို့ကလေးသည် အမေရိကန်ပြည်၊ အိုကလာဟိုးမားပြည်နယ်၊ ဝက်ဂွန်းနား ခရိုင်၊ ဗားဒီဂရစ်မြစ်၏ အရှေ့ဘက်မြစ်ကမ်းတွင် တည်ရှိသော မြို့ကလေးဖြစ်သည်။
၂၀၁၀ ပြည့်နှစ် သန်းကောင်စာရင်းအရ လူဦးရေ ၆၂၀ သာ နေထိုင်သည်။ ၂၀၀၀ ပြည့်နှစ်က ၅၉၇ ဦးသာရှိခဲ့ရာမှ ၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။ ၁၉၁၉ ခုနှစ် မတိုင်မီက မြို့ကလေး၏ အမည်နာမကို အမျိုးမျိုး ပြောင်းလဲခေါ်ဆိုမှုများ ရှိခဲ့သည်။
၁၉၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်တွင် "O. K. Trucks" အမှတ်တံဆိပ် ရေနံတင်သင်္ဘောများကို အိုကလာဟိုးမား Auto Manufacturing ကုမ္ပဏီက စတင်ထုတ်လုပ်ချိန်မှစပြီး မြို့ကလေး၏ အမည်မှာ အဆင်ပြေပါတယ်ဟု ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။
၁၉၃၆ ခုနှစ်တွင် “အဆင်ပြေပါတယ်” မြို့ကလေးအား မီးကြီးသင့်ရာ စတိုးဆိုင် ၂ ခု၊ ဘုရားကျောင်းတစ်ကျောင်း၊ စာတိုက်နှင့် လူမနေသော အဆောက်အအုံ ၂ လုံး မီးသင့်ခဲ့သည်။
အဆိုပါမီးကြီးအတွင်း စီးပွားရေးလုပ်ငန်း ၂ ခု၊ ဓာတ်ဆီဆိုင်တစ်ခုနှင့် ပန်းပဲဖိုတစ်ခုတို့သာ မီးဘေးမှ လွတ်ကင်းခဲ့သည်။
(၅) သူရဲဘောကြောင်သူ ၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်
အမေရိကန်ပြည်ထောင်စု၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ ဖလောရင့်စ်ခရိုင်တွင် “သူရဲဘောကြောင်သူ” ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် မြို့ကလေးရှိသည်။ ၂၀၁၀ ပြည့်နှစ် သန်းကောင်စာရင်းအရ လူဦးရေ ၇၅၂ ဦးရှိသည်။ ၂၀၀၀ ပြည့်နှစ်ကမူ လူဦးရေ ၆၅၀ သာရှိခဲ့၏။
တည်နေရာ ကိုသြဒိနိတ်မှာ မြောက်လတ္တီကျု ၃၃ ဒီဂရီ၊ ၅၈ မိနစ်၊ ၃၂ စက္ကန့်နှင့် အနောက်လောင်ဂျီကျု ၇၉ ဒီဂရီ၊ ၄၄ မိနစ်၊ ၅၀ စက္ကန့်တွင် တည်ရှိသည်။ အမေရိကန် အမျိုးသား လမ်းမကြီး အမှတ် ၅၂ မှာ မြို့လေး၏ အလယ်ကို ဖြတ်သန်းသွားသည်။
မြောက်ဘက်ရှိ ဖလောရင့်စ်မြို့နှင့်ဆိုလျှင် ၂၆ ကီလိုမီတာ (၁၆ မိုင်) ခန့်သာ ဝေးကွာ၏။
အမေရိကန် သန်းကောင်စာရင်းဗြူရိုမှ အချက်အလက်များအရ “သူရဲဘောကြောင်သူ” မြို့ကလေးသည် အကျယ်အဝန်း ၃ ဒသမ ၅ စတုရန်းမိုင်သာရှိပြီး ယင်းအနက် စတုရန်းမီတာ ၂၅၇၆ မှာ ရေပြင်ဖြစ်သည်ဟု ဆိုသည်။
လူဖြူ ၈၄ ဒသမ ၁၅ ရာခိုင်နှုန်း၊ အာဖရိကန်-အမေရိကန် ၁၄ ရာခိုင်နှုန်း၊ အာရှ ၀ ဒသမ ၁၅ ရာခိုင်နှုန်းနှင့် အခြား ၀ ဒသမ ၆၂ ရာခိုင်နှုန်းတို့ နေထိုင်သည်။
(၆) သေချင်ယောင်ဆောင်သော လည်ပင်း
အမေရိကန်ပြည်ထောင်စု၊ မစ္စစ္စပီပြည်နယ်၊ အတ္တလာခရိုင်တွင် “သေချင်ယောင်ဆောင်သော လည်ပင်း” ဟူသည့် ဆန်းပြားလှသော အမည်ရှိသော မြို့ကလေးတည်ရှိသည်။ မစ္စစ္စပီ ပြည်နယ်တွင် နေထိုင်သူ များစွာမှာ အဆိုပါ မြို့ကလေးကို မကြားဖူးကြချေ။
အတ္တလာခရိုင်တွင် ကာလတာရှည် နေထိုင်ခဲ့သူများသာလျှင် “သေချင်ယောင်ဆောင်သော လည်ပင်း” မြို့ကလေး တည်ရှိကြောင်း သိကြသည်။
တည်နေရာ ကိုသြဒိနိတ်မှာ မြောက်လတ္တီကျု 33.1412394 နှင့် အနောက်လောင်ဂျီကျု -89.7417488 တွင် ဖြစ်ပြီး google map တွင် ရှာဖွေကြည့်ရှုနိုင်ပါသည်။
သစ်တောထူထပ်လှသော အဆိုပါဒေသ၏ မြေမျက်နှာသွင်ပြင် ပုံပန်းသဏ္ဍာန်ကြောင့် အဆိုပါနာမည်ရရှိလာခြင်း ဖြစ်တန်ရာသည်။
တောထူထပ်လှသောကြောင့် လွန်ခဲ့သောနှစ်တစ်ရာခန့်ကတည်းကပင် နေထိုင်သူ နည်းပါးလှသည်။
အတ္တလာခရိုင်တွင် ၁၉၀၀ ပြည့်လွန် အစောပိုင်း ကာလများက သစ်လုပ်ငန်းထွန်းကားခဲ့သည်။
သေချင်ယောင်ဆောင်သော လည်ပင်း” မြို့ကလေးသည် စာပို့တိုက် ထားရှိနိုင်သည့်အဆင့်အထိ ဖွံ့ဖြိုးလာသည်။
ယင်းနောက် ၁၉၂၉ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော မဟာစီးပွားပျက်ကပ်ကြီးကျရောက်လာချိန်တွင် အဆိုပါဒေသရှိ သစ်စက်များ ပိတ်သိမ်း သွားခဲ့ရသည်။
အခြားသော စီးပွားရေးလုပ်ငန်းများသည်လည်း ပိတ်သိမ်းသွားပြီး အမြတ်အစွန်းရမည့် အခြားဒေသများသို့ ရွှေ့ပြောင်းသွားခဲ့ကြသည်။
ယင်းနောက်တွင်ကား စာပို့တိုက်လည်း ပိတ်သွားတော့သည်။
ယနေ့တွင်ကား “သေချင်ယောင်ဆောင်သော လည်ပင်း” သည် အမှန်တကယ် သေဆုံးသွားခဲ့ပြီဖြစ်ပြီး တချိန်က ရွှေထီးဆောင်းခဲ့သော ကာလများကို အမှတ်ရစရာအချို့သာ ကြွင်းကျန်ရစ်တော့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)