တရုတ္မိန္းကေလး ၇ ဦးက အသက္ၾကီးခ်ိန္တြင္ အတူေနထိုင္ ေသဆံုးႏိုင္ရန္အတြက္ ကြမ္က်ဳိးျမိဳ႕၊ ဆင္ေျခဖံုးအရပ္တြင္ ေနအိမ္တစ္လံုးကို စုေပါင္းဝယ္ယူ

တရုတ္မိန္းကေလး ၇ ဦးက အသက္ၾကီးခ်ိန္တြင္ အတူေနထိုင္ ေသဆံုးႏိုင္ရန္အတြက္ ကြမ္က်ဳိးျမိဳ႕၊ ဆင္ေျခဖံုးအရပ္တြင္ ေနအိမ္တစ္လံုးကို စုေပါင္းဝယ္ယူ - Property News in Myanmar from iMyanmarHouse.com
5 Jul 2019 11:30 am တွင် တင်ခဲ့သည်
4870 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တရုတ္မိန္းကေလး ၇ ဦးသည္ အသက္ၾကီးခ်ိန္တြင္ အတူေနထိုင္၊ ေသဆံုးႏိုင္ရန္အတြက္ ကြမ္က်ဳိးျမိဳ႕၊ ဆင္ေျခဖံုးအရပ္တြင္ ေနအိမ္တစ္လံုးကို စုေပါင္းဝယ္ယူလိုက္ၾကေၾကာင္း နယူးေယာက္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

“အစကေတာ့ ေနာက္ေျပာင္ရံုသက္သက္ပါ” ဟု သတင္းမီဒီယာလုပ္ငန္းတစ္ခုျဖစ္ေသာ Yitiao က YouTube တြင္ လႊင့္တင္လာသည့္ ဗီြဒီယိုဖိုင္အတြင္း အဆိုပါ မိန္းကေလးမ်ားက ေျပာၾကားထားပံုကို ေတြ႔ရသည္။

အဆိုပါ YouTube ဗီြဒီယိုဖိုင္အတြင္း စတုရန္းေပ ၇၅၃၅ အက်ယ္အဝန္းရွိသည့္ ေနအိမ္သစ္တစ္လံုးကို ေတြ႔ရျပီး တည္ေနရာမွာ တရုတ္ျပည္ အေရွ႕ေတာင္ပိုင္းရွိ အထင္ကရျမိဳ႕ၾကီးတစ္ျမိဳ႕ျဖစ္ေသာ ကြမ္က်ဳိးျမိဳ႕ ဆင္ေျခဖံုးအရပ္တြင္ တည္ရွိကာ ေဟာင္ေကာင္ႏွင့္ နီးကပ္သည္။

“အသက္ ၆၀ ေရာက္ရင္ ကၽြန္မတို႔ ဒီမွာ အတူတူေနၾကမယ္။ အျငိမ္းစားဘဝကို အတူတူျဖတ္သန္းၾကမယ္လိုိ႔ ေျပာခဲ့ၾကပါတယ္”

ထိုသို႔ ေျပာဆိုတိုင္ပင္ခဲ့ၾကသည္မွာ ၂၀၀၈ ခုႏွစ္တြင္ျဖစ္ျပီး ၁၀ စုႏွစ္ တစ္ခု ကုန္လြန္ျပီးခ်ိန္တြင္ အမွန္တကယ္ အေကာင္အထည္ေဖာ္ရန္ အခြင့္အလမ္းေပၚလာသည္။

ေက်းရြာကေလးတစ္ရြာ၏ အျပင္ဘက္ တစ္နာရီခရီးခန္႔ ေဝးကြာေသာေနရာတြင္ အလင္းႏွင့္ ေလဝင္ေလထြက္ေကာင္းမြန္ကာ အုတ္နီတို႔ျဖင့္ ေဆာက္လုပ္ထားသည့္ ပ်က္စီးယိုုယြင္းေနေသာ ေနအိမ္တစ္လံုးဝယ္ယူျခင္း၊ ျပန္လည္ျပဳျပင္မြမ္းမံျခင္းတို႔ ျပဳလုပ္ရန္ ကန္ေဒၚလာ ၅၈၄၀၀၀ ပမာဏခန္႔ စုေဆာင္းမိလာသည္။

“ကၽြန္မတို႔ တစ္ေယာက္နဲ႔တစ္ေယာက္သိခဲ့ၾကတာ ႏွစ္ေပါင္း ၂၀ ေက်ာ္ပါျပီ။ ကၽြန္မတို႔ဟာ လုပ္ေဖာ္ကိုင္ဖက္ သူငယ္ခ်င္းေတြပါ။ တခါတေလမွာ ေမြးခ်င္းေတြထက္ေတာင္ပိုျပီး နီးကပ္ပါေသးတယ္”ဟု ဗီြဒီယိုဖိုင္အတြင္းတြင္ ေနာက္ခံစကားေျပာသူက ေျပာၾကားသည္။

အေဆာက္အအံုမွာ ၃ ထပ္ခြဲျဖစ္ျပီး ဝန္းက်င္တြင္ စပါးခင္းမ်ားျဖင့္ ဝန္းရံထားသည္။

ေျမညီထပ္ေနရာကို အားလံုးအတူတူသံုးစြဲၾကမည္ျဖစ္ျပီး က်န္အထပ္တိုင္းတြင္ မိန္းကေလးတစ္ဦးခ်င္းအတြက္ အိပ္ခန္းမ်ား သီးျခားပါရွိသည္။

အုပ္စုလိုက္ နားေနႏိုင္မည့္ ဂ်ပန္ရိုးရာ ေကာက္ရိုးဖ်ာမ်ား၊ လက္ဖက္ရည္ခန္း၊ အိႏိၵယႏွင့္ ေမာ္ရိုကိုႏိုင္ငံထြက္ ပရိေဘာဂမ်ား၊ အုပ္စုလိုက္ စားေသာက္ႏိုင္မည့္ ရွည္လ်ားေသာ ညစာစားပြဲတစ္ခုတို႔လည္း ပါဝင္သည္။

ေနအိမ္အျပင္ဘက္တြင္မူ ေရကူးကန္တစ္ခုေတြ႔ရျပီး ဝါးေလွ်ာက္လမ္းျဖင့္ ဆက္သြယ္ေပးထားသည့္ လဘက္ရည္ေသာက္ရန္ ေနရာတစ္ခုလည္း ပါဝင္ေသးသည္။

“ကၽြန္မတို႔ အတူတူခ်က္ျပဳတ္ၾကမယ္၊ ကြင္းျပင္ေတြထဲမွာ အကင္ေတြလုပ္စားမယ္၊ သီခ်င္းဆိုမယ္၊ ရြာထဲမွာ အစားအစာဝယ္ၾကတာမ်ဳိးေတြ လုပ္ျဖစ္ဖြယ္ရာရွိပါတယ္။ တခ်ဳိ႕က အစားအေသာက္ေတြကို လွလွပပခ်က္ျပဳတ္ျပင္ဆင္တတ္တယ္။ တခ်ဳိ႕က တရုတ္ရိုးရာတိုင္းရင္းေဆးဘက္မွာ ကၽြမ္းက်င္တယ္။ တခ်ဳိ႕က ဂီတတူရိယာေတြ တီးမႈတ္တတ္တယ္။ တခ်ဳိ႕က်ေတာ့ ဟင္းသီးဟင္းရြက္စိုက္တတ္ၾကပါတယ္” ဟု ဗြီဒီယိုဖိုင္အတြင္းတြင္ မိန္းကေလးတစ္ဦးက ေျပာၾကားသည္။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

တရုတ်မိန်းကလေး ၇ ဦးသည် အသက်ကြီးချိန်တွင် အတူနေထိုင်၊ သေဆုံးနိုင်ရန်အတွက် ကွမ်ကျိုးမြို့၊ ဆင်ခြေဖုံးအရပ်တွင် နေအိမ်တစ်လုံးကို စုပေါင်းဝယ်ယူလိုက်ကြကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

“အစကတော့ နောက်ပြောင်ရုံသက်သက်ပါ” ဟု သတင်းမီဒီယာလုပ်ငန်းတစ်ခုဖြစ်သော Yitiao က YouTube တွင် လွှင့်တင်လာသည့် ဗွီဒီယိုဖိုင်အတွင်း အဆိုပါ မိန်းကလေးများက ပြောကြားထားပုံကို တွေ့ရသည်။

အဆိုပါ YouTube ဗွီဒီယိုဖိုင်အတွင်း စတုရန်းပေ ၇၅၃၅ အကျယ်အဝန်းရှိသည့် နေအိမ်သစ်တစ်လုံးကို တွေ့ရပြီး တည်နေရာမှာ တရုတ်ပြည် အရှေ့တောင်ပိုင်းရှိ အထင်ကရမြို့ကြီးတစ်မြို့ဖြစ်သော ကွမ်ကျိုးမြို့ ဆင်ခြေဖုံးအရပ်တွင် တည်ရှိကာ ဟောင်ကောင်နှင့် နီးကပ်သည်။

“အသက် ၆၀ ရောက်ရင် ကျွန်မတို့ ဒီမှာ အတူတူနေကြမယ်။ အငြိမ်းစားဘဝကို အတူတူဖြတ်သန်းကြမယ်လို့ ပြောခဲ့ကြပါတယ်”

ထိုသို့ ပြောဆိုတိုင်ပင်ခဲ့ကြသည်မှာ ၂၀၀၈ ခုနှစ်တွင်ဖြစ်ပြီး ၁၀ စုနှစ် တစ်ခု ကုန်လွန်ပြီးချိန်တွင် အမှန်တကယ် အကောင်အထည်ဖော်ရန် အခွင့်အလမ်းပေါ်လာသည်။

ကျေးရွာကလေးတစ်ရွာ၏ အပြင်ဘက် တစ်နာရီခရီးခန့် ဝေးကွာသောနေရာတွင် အလင်းနှင့် လေဝင်လေထွက်ကောင်းမွန်ကာ အုတ်နီတို့ဖြင့် ဆောက်လုပ်ထားသည့် ပျက်စီးယိုယွင်းနေသော နေအိမ်တစ်လုံးဝယ်ယူခြင်း၊ ပြန်လည်ပြုပြင်မွမ်းမံခြင်းတို့ ပြုလုပ်ရန် ကန်ဒေါ်လာ ၅၈၄၀၀၀ ပမာဏခန့် စုဆောင်းမိလာသည်။

“ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက်သိခဲ့ကြတာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ ကျွန်မတို့ဟာ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေပါ။ တခါတလေမှာ မွေးချင်းတွေထက်တောင်ပိုပြီး နီးကပ်ပါသေးတယ်”ဟု ဗွီဒီယိုဖိုင်အတွင်းတွင် နောက်ခံစကားပြောသူက ပြောကြားသည်။

အဆောက်အအုံမှာ ၃ ထပ်ခွဲဖြစ်ပြီး ဝန်းကျင်တွင် စပါးခင်းများဖြင့် ဝန်းရံထားသည်။

မြေညီထပ်နေရာကို အားလုံးအတူတူသုံးစွဲကြမည်ဖြစ်ပြီး ကျန်အထပ်တိုင်းတွင် မိန်းကလေးတစ်ဦးချင်းအတွက် အိပ်ခန်းများ သီးခြားပါရှိသည်။

အုပ်စုလိုက် နားနေနိုင်မည့် ဂျပန်ရိုးရာ ကောက်ရိုးဖျာများ၊ လက်ဖက်ရည်ခန်း၊ အိန္ဒိယနှင့် မော်ရိုကိုနိုင်ငံထွက် ပရိဘောဂများ၊ အုပ်စုလိုက် စားသောက်နိုင်မည့် ရှည်လျားသော ညစာစားပွဲတစ်ခုတို့လည်း ပါဝင်သည်။

နေအိမ်အပြင်ဘက်တွင်မူ ရေကူးကန်တစ်ခုတွေ့ရပြီး ဝါးလျှောက်လမ်းဖြင့် ဆက်သွယ်ပေးထားသည့် လဘက်ရည်သောက်ရန် နေရာတစ်ခုလည်း ပါဝင်သေးသည်။

“ကျွန်မတို့ အတူတူချက်ပြုတ်ကြမယ်၊ ကွင်းပြင်တွေထဲမှာ အကင်တွေလုပ်စားမယ်၊ သီချင်းဆိုမယ်၊ ရွာထဲမှာ အစားအစာဝယ်ကြတာမျိုးတွေ လုပ်ဖြစ်ဖွယ်ရာရှိပါတယ်။ တချို့က အစားအသောက်တွေကို လှလှပပချက်ပြုတ်ပြင်ဆင်တတ်တယ်။ တချို့က တရုတ်ရိုးရာတိုင်းရင်းဆေးဘက်မှာ ကျွမ်းကျင်တယ်။ တချို့က ဂီတတူရိယာတွေ တီးမှုတ်တတ်တယ်။ တချို့ကျတော့ ဟင်းသီးဟင်းရွက်စိုက်တတ်ကြပါတယ်” ဟု ဗွီဒီယိုဖိုင်အတွင်းတွင် မိန်းကလေးတစ်ဦးက ပြောကြားသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service