တိုက်ခန်းဧရိယာများအား ပိုထွက်လာအောင်ပြုလုပ်ခြင်း

တိုက်ခန်းဧရိယာများအား ပိုထွက်လာအောင်ပြုလုပ်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
4 Jul 2019 12:46 pm တွင် တင်ခဲ့သည်
2166 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

 ### Zawgyi Version ###















### Unicode Version ###

ကွန်ဒိုတိုက်ခန်းအကျယ်ကြီးများတွင် ဝယ်ယူထားသူများအနေဖြင့် တိုက်ခန်းအကျဉ်းအကျယ် မသိသာသော်ငြားလည်းသာမန်တိုက်ခန်းနှင့် နေထိုင်သူများအတွက်တိုက်ခန်းအကျဉ်းအကျယ်သည်လွန်စွာစိတ်ညစ်စရာကောင်းလှသော ပြဿနာတစ်ခုပင်။

တိုက်ခန်းကျဉ်းနေသည့်ပြဿနာများကိုဖြေရှင်းရန်အတွက် ပိုက်ဆံလည်း ထပ်မကုန်ရန် နေရာ Expenseလေးများလျှော့ချပြိး ဖြေရှင်းမည်ဆိုလျှင် အကျယ်အဝန်း အနည်းငယ်ပိုထွက်လာနိုင်မည်။

(၁)ပြတင်းပေါက်နှင့် တံခါးပေါက်များအား Slide Door များသာအသုံးပြုခြင်း

သာမာန်တံခါးများ နှင့်ပြတင်းပေါက်များမှာ တွန်းဖွင့်၊ဆွဲဖွင့်ရသော တံခါးဧရိယာရှိသည့်အတွက် လူနေမှုနေရာအားထိခိုက်လာမည်ဖြစ်ပြီးဘေးကိုတွန်းဖွင့်သည့် Slide Door များအား အသုံးပြုခြင်းဖြင့် အခန်းဧရိယာများကို ၂ဝရာခိုင်နှုန်းမှ ၃ဝရာခိုင်နှုန်းထိ သက်သာစေနိုင်သည်။

(၂)နံရံကပ်ခေါက်စားပွဲများတပ်ဆင်အသုံးပြုခြင်း

တစ်ဖက်တွင် သာထောက်တိုင်ပါရှိပြီး တစ်ဖက်အား နံရံနှင့်အသေတပ်ဆင်ထားသည့်စားပွဲများသည် မလိုအပ်သည့်အခါ နံရံတွင်ကပ်ထားခြင်းဖြင့် ထမင်းစားပွဲ,စာကြည့်စားပွဲများအတွက်သီးခြားနေရာပေးနေစရာမလိုတော့ပဲ တိုက်ခန်းနေရာအပို ထွက်လာစေနိုင်သည်။

(၃)ရေချိုးခန်းနှင့် အိမ်သာပူးတွဲထားရှိခြင်း

လူတစ်ယောက်သည်ပျမ်းမျှအားဖြင့် ရေ ၂ကြိမ်သာ ချိုးလေ့ရှိကြပြီး အိမ်သာဝင်ချိန်လည်း တစ်နေ့ လုံးမှ ၁နာရီခန့်သာရှိသည့်အတွက် ရေချိုးခန်းနှင့် အိမ်သာ တွဲဖက်ထားခြင်းသည်ပြဿနာရှိမည်မထင်။ထို့အတွက် ရေချိုးခန်းနှင့် အိမ်သာ ၂ခန်းထားမည့်အစား တစ်ခန်းထာခြင်းကလည်း အခန်းဧရိယာကို အတော်အတန် သက်သာစေသည်။

(၄)၂ထပ်အိပ်စင် ၃ထပ်အိပ်စင်များတပ်ဆင်ခြင်း

ဖြုတ်နိုင်တပ်နိုင်သည့် ၂ထပ်အိပ်စင်များ၊၃ထပ်အိပ်စင်များသည်လည်း အခန်းဧရိယာအားချွေတာသည့်နည်းလမ်းဖြစ်သည်။

အိပ်စင်များကို နံရံတစ်ဖက်တွင် အသေတပ်ထားပြီး အဆင်းအတက်လှေကားများ၊ဘေးကာတန်းများတပ်ပြီး ထားမည်ဆိုပါက အခန်းနေရာလွတ်များ ထွက်လာနိုင်သည်။

(၅)လှေကားအောက်ဖက်အားအခန်းဖွဲ့အသုံးပြုပါ

တချို့ တိုက်ခန်းများတွင်အထဲမှ ထပ်ခိုးကဲ့သို့ အထပ်ကလေးများပါနေပြီးအများစုသောတိုက်ခန်းများတွင် ပါလေ့မရှိပေမယ့်ထပ်ခိုးပါသော တိုက်ခန်းလေးများတွင်အပေါ်တက်သည့်လှေကားအောက်တွင် လှေကားဧရိယာအား အလကားထားမည့် အစားအခန်းဖွဲ့၍ စတိုခန်းအလုပ်ခန်းလေးများပြုလုပ်ထားခြင်းဖြင့်အပြင်တွင် ရှုပ်နေသည့် ပစ္စည်းလေးများကို ထိုအခန်းထဲပို့ပြိး အိမ်ကို ရှင်းနိုင်သလို အထိုက်အလျောက် အခန်းဧရိယာကို ရှင်းလင်းစေနိုင်သည်။

Credit: Myanmar builders Guide

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service