တရုတ်ပြည်တွင် အိမ်ခြံမြေကုမ္ပဏီ၌ နေအိမ်လာဝယ်သူက ကန်ဒေါ်လာ ၂၁၀၀၀ ကျော်ဖိုးခန့်ရှိသော (မြန်မာငွေ သိန်း ၃၃၀ ခန့်) အကြွေစေ့များဖြင့် ပေးဆောင်ရာ ဝန်ထမ်း ၂၆ ဦးခန့် ဝိုင်းဝန်းရေတွက်ရ

တရုတ်ပြည်တွင် အိမ်ခြံမြေကုမ္ပဏီ၌ နေအိမ်လာဝယ်သူက ကန်ဒေါ်လာ ၂၁၀၀၀ ကျော်ဖိုးခန့်ရှိသော (မြန်မာငွေ သိန်း ၃၃၀ ခန့်) အကြွေစေ့များဖြင့် ပေးဆောင်ရာ ဝန်ထမ်း ၂၆ ဦးခန့် ဝိုင်းဝန်းရေတွက်ရ - Property News in Myanmar from iMyanmarHouse.com
21 Jun 2019 11:08 am တွင် တင်ခဲ့သည်
1548 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည် အရှေ့ပိုင်း ရှန်တုံပြည်နယ်၏မြို့တော် ကျိနန်တွင် ဈေးဆိုင်ရှင်တစ်ဦးက အိမ်ခြံမြေကုမ္ပဏီ၌ နေအိမ်လာဝယ်ရာ ကန်ဒေါ်လာ ၂၁၀၀၀ ကျော်ဖိုးခန့်ရှိသော (မြန်မာငွေအားဖြင့် သိန်း ၃၃၀ ခန့်) ယွမ်ငွေ အကြွေစေ့များဖြင့် လက်ငင်းပေးသွင်းငွေ ပေးဆောင်ခဲ့သည့်ဖြစ်ရပ် ဖြစ်ပေါ်ခဲ့သည်။

အမည်မသိရသည့် နေအိမ်ဝယ်လက်သည် ဒေသတွင်းမှ ဈေးဆိုင်ပိုင်ရှင်ဖြစ်ပြီး ကျင်ကီချန်းခရိုင်ရှိ အိမ်ခြံမြေတစ်ခုခု ဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ပြီးခဲ့သော မေလ ၂၉ ရက်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဝယ်လက်အမျိုးသားက အိမ်ခြံမြေကုမ္ပဏီရုံးသို့ အကြွေစေ့များ ထည့်ထားသည့် ရေသန့်ဘူးကြီး ၁၆ ဘူးခန့် သယ်ဆောင်ကာ ရောက်ရှိလာခြင်းဖြစ်ပြီး ၁ ယွမ်တန်ဖိုးရှိ အကြွေစေ့များ၊ ထိုထက်တန်ဖိုးနည်းသည့် အကြွေစေ့များဖြင့် လက်ငင်းပေးသွင်းရမည့်ငွေ ပေးဆောင်ခြင်းဖြစ်ပြီး အကြွေစေ့များ၏ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာတန်ဖိုးအားဖြင့် ၂၁၈၃၆ ခန့် (မြန်မာငွေ ၃၃၃ သိန်းဝန်းကျင်) ဖြစ်သည်ဟု ဆိုသည်။

ဘဏ်ဝန်ထမ်း ၂၀ ဦးကျော်သည် ကြမ်းပြင်တွင် အကြွေစေ့များ စုပုံကာ ဝိုင်းဝန်းရေတွက်ကြသော်လည်း နောက်ဆုံးတွင် လက်လျှော့လိုက်ကြကာ ချိန်ခွင်ဖြင့် ချိန်တွယ်ခဲ့ရသည်။

Jinke Property Group အိမ်ခြံမြေကုမ္ပဏီမှ ဝန်ထမ်းများက ပြောကြားရာတွင် ၎င်းတို့သည် ၄ နာရီခန့် ရေတွက်ခဲ့ရပြီးနောက် လက်လျှော့လိုက်ကာ ချိန်ခွင်ဖြင့်သာ ချိန်တွယ်ခဲ့ရကြောင်း ပြောကြားသည်။

ကနဦးတွင် Jinke ၏ ဝန်ထမ်း ၇ ဦးက ရေတွက်ခဲ့သော်လည်း အလွန်များပြားလှသောကြောင့် စုစုပေါင်း ၂၆ ဦးအထိ ဝိုင်းဝန်း ရေတွက်ခဲ့ကြရသည်။

လူပေါင်း ၂၆ ဦး ၄ နာရီခန့် ဝိုင်းဝန်းရေတွက်သည့်တိုင် မနိုင်နင်းသောကြောင့် လက်လျှော့လိုက်ကြပြီး နောက်ဆုံးတွင် ချိန်ခွင်ဖြင့်သာ ချိန်တွယ်ခဲ့ရသည်။

အကြွေစေ့များသည့် အလေးချိန်အားဖြင့် ၁၈၂ ပေါင် ( ၈၃ ကီလိုဂရမ်) ရှိပြီး ၎င်းတို့ကို ယွမ်ငွေ ၂၀၀၀ ဖိုးစီ အသီးသီး ထုပ်ပိုး သိမ်းဆည်းခဲ့ကြသည်။

Jinke Property Group ၏ ထုတ်ဖော်ပြောကြားချက်အရ အဆိုပါ ဝယ်လက်သည် ယွမ်ငွေ ၄၃၀၀၀၀ (ကန်ဒေါ်လာ ၆၂၆၄၇) တန်ကြေးရှိ နေအိမ်ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး တန်ဖိုး၏ ကျန်ငွေကိုလည်း နေအိမ်တွင် ကျန်ရှိသည့် အကြွေစေ့များဖြင့်သာ ပေးချေသွားဖွယ်ရာ ရှိသည်ဟု ခန့်မှန်းထားကြောင်း ပြောကြားသည်။

ဈေးဆိုင်ပိုင်ရှင်က ဒေသတွင်း သတင်းမီဒီယာသို့ ပြောကြားရာတွင် “ကျွန်တော်က ငါး၊ တို့ဟူးနဲ့ ပဲပင်ပေါက်တွေ ရောင်းပါတယ်။ ဒီလို ဈေးရောင်းတော့ အကြွေစေ့တွေ ဟိုကဒီက အမြဲရပါတယ်။ အကြွေစေ့တွေကို ကျွန်တော်က ဆိုင်ကို ယူမလာပါဘူး။ အိမ်မှာပဲ ထားခဲ့တယ်။ ဒါပေမယ့် ၅ နှစ်ကနေ ၈ နှစ်လောက်အထိ ကြာလာတော့ ကျွန်တော့်မှာ ငွေတွေထားဖို့နေရာ မရှိတော့ပါဘူး။ ဘဏ်ကလည်း အကြွေစေ့တွေ မလိုချင်ဘူးဆိုတော့ ကျွန်တော်က ဒီငွေတွေနဲ့ ကား (ဒါမှမဟုတ်) အိမ်ဝယ်ဖို့ တွေးမိခဲ့တာပါ” ဟု ပြောကြားသည်။

အကြွေစေ့များကို Jinke မှ ဝန်ထမ်းများက ဝိုင်းဝန်းရေတွက်ခဲ့ကြရပုံ ဗွီဒီယိုဖိုင်ကို https://bit.ly/2L1Hcj9 အင်တာနက်လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service