အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်တွင် ကန်ဒေါ်လာ ၈၄ ဒသမ ၅ သန်းကျော်ဖြင့် ဈေးအကြီးဆုံးဖြစ်ခဲ့သော စံအိမ်ကြီး ခေါ်ဈေးမှ ဒေါ်လာ ၂၅ သန်းခန့်အထိ ဈေးလျှော့ပေးပြီးနောက် အရောင်းအဝယ်ဖြစ်ပြီ

အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်တွင် ကန်ဒေါ်လာ ၈၄ ဒသမ ၅ သန်းကျော်ဖြင့် ဈေးအကြီးဆုံးဖြစ်ခဲ့သော စံအိမ်ကြီး ခေါ်ဈေးမှ ဒေါ်လာ ၂၅ သန်းခန့်အထိ ဈေးလျှော့ပေးပြီးနောက် အရောင်းအဝယ်ဖြစ်ပြီ - Property News in Myanmar from iMyanmarHouse.com
19 Jun 2019 1:20 pm တွင် တင်ခဲ့သည်
710 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ ဖလောရီဒါပြည်နယ်တွင် ဈေးအကြီးဆုံးဖြစ်ခဲ့သော စံအိမ်ကြီးသည် မူလခေါ်ဈေး ကန်ဒေါ်လာ ၈၄ ဒသမ ၅ သန်းမှ ဈေးလျှော့ပေးပြီးနောက် ဝယ်လက်တွေ့သွားပြီ ဖြစ်သည်။

အဆိုပါစံအိမ်ကြီးမှာ အဆောက်အအုံသစ်တစ်ခုဖြစ်ပြီး အကျယ်အဝန်း စတုရန်းပေ ၃၅၀၀၀ ခန့်ရှိကာ နောက်ဆုံးဈေးကွက်တင်ခဲ့သည်မှာ ကန်ဒေါ်လာ ၅၉ ဒသမ ၉ သန်း ဖြစ်သည်။

တည်နေရာမှာ ဖလော်ရီဒါပြည်နယ်၊ ပန်ဘိခ်ျတွင် တည်ရှိပြီး ပင်လယ်ကမ်းခြေစံအိမ်ကြီး ဖြစ်ကာ တချိန်က ပန်ဘိခ်ျ၏ ဈေးအကြီးဆုံးစံအိမ်ကြီး ဖြစ်ခဲ့သည်။

၂၀၁၆ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံတွင် လူနေထိုင်ဖူးခြင်း မရှိသေးချေ။

Douglas Elliman က ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း ကန်ဒေါ်လာ ၅၉ ဒသမ ၉ သန်းဖြင့် နောက်ဆုံး ဈေးကွက်တင်ပေးခဲ့ဖူးသည်။

ပြီးခဲ့သော ဇွန်လ ၃ ရက်တွင် ဈေးကွက်အရောင်းတင်ထားမှု အခြေအနေဖော်ပြချက်တွင် “ဈေးကွက်ရောင်းချမှု ဆိုင်းငံ့ (သို့မဟုတ်) အရောင်းအဝယ် စာချုပ်ချုပ်ပြီးဖြစ်” အဖြစ် ဖော်ပြထားသည်ကို တွေ့ရသည်။

Douglas Elliman မှ ဈေးကွက်တင်ပေးသည့် အကျိုးဆောင်များဖြစ်သော အက်ရှ်လေ မက်ခ်အင်တော့ရှ်၊ ဂယ်ရီ ပိုရာနှင့် ဗင့်စ် စပါဒီးတို့ကမူ ရောင်းချသူ၊ ဝယ်လက်တို့နှင့် စပ်လျဉ်းသည့်အချက်အလက်များ ထုတ်ဖော်ပြောကြားရန် ငြင်းဆန်ထားသည်။

အဆိုပါစံအိမ်ကြီးသည် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက ကန်ဒေါ်လာ ၈၄ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်သို့ ပထမဆုံး အကြိမ် စတင်ဝင်ရောက်လာခဲ့ပြီး ပန်ဘိခ်ျတွင် ဈေးအကြီးဆုံးစံအိမ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ယင်းနောက်တွင် ကန်ဒေါ်လာ သန်း ၇၀ ၊ ထိုမှတဆင့် ယခုနှစ်အတွင်း ကန်ဒေါ်လာ ၆၅ သန်း အစရှိသဖြင့် အသီးသီး ဈေးနှုန်းလျှော့ချပေးခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

PropertyShark မှ မှတ်တမ်းများအရ ယခုရောင်းချသူသည် အဆိုပါနေအိမ်ကို ၂၀၁၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားရာ ယခုအရောင်းအဝယ်တွင် များစွာ အမြတ်စွန်းရရှိသွားဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

ပန်ဘိခ်ျ၏ မြောက်ဘက်စွန်းတွင် တစ်ခုတည်းသော ကမ်းခြေစံအိမ်ကြီးဖြစ်ပြီး မြေအကျယ်အဝန်း ၁ ဒသမ ၇၇ ဧကရှိကာ ပင်လယ်မျက်နှာစာမှာ ၂၄၂ ပေ ပိုင်ဆိုင်ထားသည်။

ဟုခ်ျ ဒေးဗစ်က ပြင်သစ် နော်မန်ဒီ ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း (အပြည့်) ၇ ခန်း၊ ရေချိုးခန်း (တစ်ဝက်) ၉ ခန်း၊ ဧည့်ဂေဟာခန်း ၂ ခန်း၊ ကား ၈ စင်းဆန့် ကားဂိုဒေါင်တို့ ပါဝင်ကြောင်း Douglas Elliman က ဈေးကွက်တင်ခဲ့သည့် အချက်အလက်များတွင် ဖော်ပြသည်။

ဖျော်ဖြေရေးနေရာများအနေဖြင့် စာကြည့်တိုက်တစ်ခု၊ အိမ်တွင်း ရုပ်ရှင်ရုံ၊ ဝိုင်သိုလှောင်ခန်း၊ အားကစားခန်းမနှင့် ဆံသဆိုင်တစ်ခုတို့ ပါဝင်သည်။ နေအိမ်ပြင်ပတွင် လေသာဆောင်၊ နွေရာသီ မီးဖို၊ ကြီးမားလှသော ရေကူးကန်ကြီးနှင့် spa တို့ ပါဝင်သေးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service