မကွေးမြို့ ချမ်းမြေ့သာယာတန်ဖိုးနည်းအိမ်ရာ နေအိမ်ခန်း ၂၅၀ ကျော် ဝန်ထမ်းများအား ငှားရမ်းနေထိုင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေ

မကွေးမြို့ ချမ်းမြေ့သာယာတန်ဖိုးနည်းအိမ်ရာ နေအိမ်ခန်း ၂၅၀ ကျော် ဝန်ထမ်းများအား ငှားရမ်းနေထိုင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေ - Property News in Myanmar from iMyanmarHouse.com
11 Jun 2019 10:56 am တွင် တင်ခဲ့သည်
834 ကြိမ် ကြည့်ရှု့ပြီး

မကွေးမြို့ရှိ ချမ်းမြေ့သာယာတန်ဖိုးနည်းအိမ်ရာမှ နေအိမ်ခန်း ၂၅၀ ကျော်ကို နေအိမ်အခက်အခဲရှိနေသည့် ဝန်ထမ်းများအား သင့်တင့်သော လစာနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုထံမှ သိရသည်။

ငှားရမ်းနေထိုင်ခွင့်

"မကွေးမြို့  တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ရန်ပုံငွေနဲ့ ဆောက်လုပ်ထားတဲ့ ချမ်းမြေ့သာယာတန်ဖိုးနည်းအိမ်ရာမှာ တိုက် ၁၆လုံး၊ အခန်း ပေါင်း ၃၀၄ ခန်းပါရှိပြီး အခန်း ၅၃ ခန်းသာ ရောင်းချခဲ့ရပါတယ်။ အခန်း ပေါင်း ၂၅၁ ခန်းကတော့ မရောင်းရဘဲ ကျန်ရှိနေပါတယ်။ ကျန်နေတဲ့ အခန်းတွေကို နေအိမ်အခက်အခဲရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သင့်တင့်တဲ့ လစာနှုန်းထားတစ်ခုနဲ့ ငှားရမ်းနေထိုင်ခွင့်ရရှိဖို့ စီစဉ်ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ပြောဆိုသည်။

မကွေးမြို့ ပေါ်တွင် တာဝန်ကျနေသည့် တချို့ဝန်ထမ်းများသည် နေထိုင်စရာဝန်ထမ်းနေအိမ်ခန်းမရကြသည့်အတွက် အပြင်၌ တစ်လကို ကျပ်ငါးသောင်း၊ တစ်သိန်းပေးပြီး နေအိမ်ငှားရမ်းနေထိုင်ရကြောင်း ရသည့် လစာငွေဖြင့် မည်သို့မှမကာမိကြောင်း၊ ယင်းအတွက် နိုင်ငံတော် သမ္မတထံ တင်ပြဆောင်ရွက်နေရကြောင်း ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ရှင်းပြသည်။

ထပ်မံတည်ဆောက်

မကွေး၊ မင်းဘူး၊ ပခုက္ကူ၊ သရက်၊ ဂန့်ဂေါ စသည့်ခရိုင်မြို့များအပြင် ချောက်၊ ရေနံချောင်း၊ တောင်တွင်းကြီးမြို့များတွင် နိုင်ငံ့ဝန်ထမ်းများ အတွက် အိမ်ရာအဆောက်အအုံများ ပြည်ထောင်စုအစိုးရခွဲတမ်းချပေး သည့် ကုန်သွယ်လုပ်ငန်းခွန်ထဲမှ ရရှိငွေဖြင့် အိမ်ရာတစ်လုံးလျှင် ငွေ ကျပ်သန်း ၁၀ဝ၀ ခန့်တန်ဖိုးရှိသော ဝန်ထမ်းအိမ်ရာ ၁၀ လုံးကို ဆောက် လုပ်ကာ ဝန်ထမ်းများအား နေအိမ်ခန်းများပေးထားပါကြောင်း၊ ထို့အပြင် မကွေးနှင့် ဂန့်ဂေါမြို့၌ ဝန်ထမ်းအိမ်ရာနှစ်လုံး ထပ်မံဆောက်လုပ်နေ ကြောင်း မကွေးတိုင်းဒေသကြီး မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ပြစ်မှုဖြင့် ထောင်ဒဏ်ကျခံရဖူးသည့်နောက်ကြောင်းကို ဖုံးကွယ်ထားကာ Penthouse ခန်း ငှားရမ်းနေထိုင်သောအမျိုးသား အရေးယူခံရ...

အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် အိမ်ခြံမြေအခွန်များ အလွန်မြင့်တက်မှုကြောင့် အသက် ၆၈ နှစ် အရွယ်အထိ အိမ်ခွန်ဆောင်ရန် သက်သက်အတွက် အလုပ်လုပ်နေရသော အမျိုးသားကြီး...

မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofino တစ်ခုလုံးကို ငှားရမ်းလိုက်ပြီး ပလာဇာကြီးတစ်ခုလုံးကို ပိတ်လိုက်ကာ အခမ်းအနားကျင်းပ...

ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက် ကမ္ဘာ့အကြီးမားဆုံး ခုံးကျော်တံတားကြီး ဆောက်လုပ်...

သြစတေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်တွင် သူနာပြုများ၊ ကျောင်းဆရာများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင် အစရှိသော မရှိမဖြစ် ဝန်ထမ်းများအတွက် အိမ်ခြံမြေ developer ကုမ္ပဏီက မြေနေရာများကို ဒေါ်လာ ၃၅၀၀၀ ဈေးလျှော့ပေး...

စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေါ်လာ ၁၇၅၀၀၀ ဒဏ်ငွေချမှတ်ခံရ...

အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆ နှစ်ကြာ ငုတ်တုတ်အိပ်ခဲ့ရသော အမျိုးသမီး...

သရဲတစ္ဆေကို မယုံကြည်သူတိုင်း သွားရောက်စမ်းသပ်ခံစားသင့်သည့် နာမည်ကျော်ပုဏ္ဏကတိုက်သည့် ဖြစ်ရပ်ဆန်းများနဲ့ Conjuring House...

အင်္ဂလန်ရုပ်ရှင်မင်းသမီးကြီး ဂျိန်းစီမောပိုင်ဆိုင်ခဲ့ဖူးပြီး Radiohead နှင့် the Cure တို့ကဲ့သို့ ရော့ခ်ဂီတ ဝိုင်းကြီးများကို အငှားချထားခဲ့ဖူးသော နှစ်ပေါင်း ၄၀၀ သက်တမ်းရှိ စံအိမ်ကြီး ပေါင် ၁၂ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ

မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင

ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄

မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ

မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ

ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?

နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ

အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း

အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

myat-ingyin
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service