မကွေးမြို့ ချမ်းမြေ့သာယာတန်ဖိုးနည်းအိမ်ရာ နေအိမ်ခန်း ၂၅၀ ကျော် ဝန်ထမ်းများအား ငှားရမ်းနေထိုင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေ - Property News in Myanmar from iMyanmarHouse.com
827 Views

မကွေးမြို့ ချမ်းမြေ့သာယာတန်ဖိုးနည်းအိမ်ရာ နေအိမ်ခန်း ၂၅၀ ကျော် ဝန်ထမ်းများအား ငှားရမ်းနေထိုင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေ

မကွေးမြို့ရှိ ချမ်းမြေ့သာယာတန်ဖိုးနည်းအိမ်ရာမှ နေအိမ်ခန်း ၂၅၀ ကျော်ကို နေအိမ်အခက်အခဲရှိနေသည့် ဝန်ထမ်းများအား သင့်တင့်သော လစာနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုထံမှ သိရသည်။

ငှားရမ်းနေထိုင်ခွင့်

"မကွေးမြို့  တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ရန်ပုံငွေနဲ့ ဆောက်လုပ်ထားတဲ့ ချမ်းမြေ့သာယာတန်ဖိုးနည်းအိမ်ရာမှာ တိုက် ၁၆လုံး၊ အခန်း ပေါင်း ၃၀၄ ခန်းပါရှိပြီး အခန်း ၅၃ ခန်းသာ ရောင်းချခဲ့ရပါတယ်။ အခန်း ပေါင်း ၂၅၁ ခန်းကတော့ မရောင်းရဘဲ ကျန်ရှိနေပါတယ်။ ကျန်နေတဲ့ အခန်းတွေကို နေအိမ်အခက်အခဲရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သင့်တင့်တဲ့ လစာနှုန်းထားတစ်ခုနဲ့ ငှားရမ်းနေထိုင်ခွင့်ရရှိဖို့ စီစဉ်ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ပြောဆိုသည်။

မကွေးမြို့ ပေါ်တွင် တာဝန်ကျနေသည့် တချို့ဝန်ထမ်းများသည် နေထိုင်စရာဝန်ထမ်းနေအိမ်ခန်းမရကြသည့်အတွက် အပြင်၌ တစ်လကို ကျပ်ငါးသောင်း၊ တစ်သိန်းပေးပြီး နေအိမ်ငှားရမ်းနေထိုင်ရကြောင်း ရသည့် လစာငွေဖြင့် မည်သို့မှမကာမိကြောင်း၊ ယင်းအတွက် နိုင်ငံတော် သမ္မတထံ တင်ပြဆောင်ရွက်နေရကြောင်း ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ရှင်းပြသည်။

ထပ်မံတည်ဆောက်

မကွေး၊ မင်းဘူး၊ ပခုက္ကူ၊ သရက်၊ ဂန့်ဂေါ စသည့်ခရိုင်မြို့များအပြင် ချောက်၊ ရေနံချောင်း၊ တောင်တွင်းကြီးမြို့များတွင် နိုင်ငံ့ဝန်ထမ်းများ အတွက် အိမ်ရာအဆောက်အအုံများ ပြည်ထောင်စုအစိုးရခွဲတမ်းချပေး သည့် ကုန်သွယ်လုပ်ငန်းခွန်ထဲမှ ရရှိငွေဖြင့် အိမ်ရာတစ်လုံးလျှင် ငွေ ကျပ်သန်း ၁၀ဝ၀ ခန့်တန်ဖိုးရှိသော ဝန်ထမ်းအိမ်ရာ ၁၀ လုံးကို ဆောက် လုပ်ကာ ဝန်ထမ်းများအား နေအိမ်ခန်းများပေးထားပါကြောင်း၊ ထို့အပြင် မကွေးနှင့် ဂန့်ဂေါမြို့၌ ဝန်ထမ်းအိမ်ရာနှစ်လုံး ထပ်မံဆောက်လုပ်နေ ကြောင်း မကွေးတိုင်းဒေသကြီး မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသော
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသော
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
shwe-wutthmone
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service