နေပြည်တော်၊ ညောင်ရွှေနှင့် တောင်ငူတို့ရှိ ဟိုတယ်လုပ်ငန်းများတွင် ခြေချလာသည့် ထိုင်းကုမ္ပဏီ Centara က ၅ နှစ်အတွင်း ဟိုတယ်ပေါင်း ၁၃၄ လုံး ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိ

နေပြည်တော်၊ ညောင်ရွှေနှင့် တောင်ငူတို့ရှိ ဟိုတယ်လုပ်ငန်းများတွင် ခြေချလာသည့် ထိုင်းကုမ္ပဏီ Centara က ၅ နှစ်အတွင်း ဟိုတယ်ပေါင်း ၁၃၄ လုံး ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
4 Jun 2019 11:18 am တွင် တင်ခဲ့သည်
764 ကြိမ် ကြည့်ရှု့ပြီး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် Centara Hotel and Resorts ကုမ္ပဏီသည် လက်ရှိအားဖြင့် ကမ္ဘာတစ်ဝန်းတွင် ဟိုတယ်ပေါင်း ၇၆ ခု လည်ပတ်လျက်ရှိရာမှ ၁၃၄ လုံးအထိ ဖွင့်လှစ်သွားနိုင်ရန် ၅ နှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

၂၀၁၈ မှ ၂၀၂၂ အထိ ၅ နှစ်စီမံကိန်းဖြစ်ပြီး ယခုနှစ်မှာ စီမံကိန်း ဒုတိယနှစ်လည်းဖြစ်သည်။

Centara သည် ဟိုတယ်အလုံးရေမြှင့်တင်ရန်နှင့် ရှိရင်းစွဲဟိုတယ်များကို မွမ်းမံရန်အတွက် ဘတ်ငွေ ၂၀ ဘီလီယံ သုံးစွဲသွားရန် ရည်မှန်းထားသည်။

Centara Hotels and Resorts မှ အမှုဆောင်အရာရှိချုပ် သီရာယု ချီရာသီဗက်က ပြောကြားရာတွင် စီမံကိန်းကာလ အပြီးသတ်ပါက ကုမ္ပဏီ၏ ဝင်ငွေ ၂၀၁၈ ခုနှစ်တွင် ၉ ဘီလီယံရှိခဲ့ရာမှ ၂၀ ဘီလီယံအထိ မြင့်တက်လာနိုင်ကြောင်း ပြောကြားသည်။

ပြန်လည်မွမ်းမံလျက်ရှိသည်များတွင် ဘန်ကောက်ရှိ Centara Grand နှင့် ဆူရတ် သာနီရှိ Centara Grand Beach Resort Samui တို့ ပါဝင်သည်။

လာမည့် တတိယ ၃ လပတ်ကာလအတွင်း Centara Grand ကို တစိတ်တပိုင်း ပြန်လည်ပြုပြင်ခြင်းအတွက် ဘတ်ငွေ သန်း ၇၀၀ သုံးစွဲရန် Centara က ရည်မှန်းထားသည်။

မွမ်းမံခြင်းလုပ်ငန်းများသည် ဟိုတယ်လည်ပတ်မှုကို ထိခိုက်စေမည်မဟုတ်ကြောင်းလည်း မစ္စတာ သီရာယုက ပြောကြားသည်။

Centara Grand Beach Resort Samui အပန်းဖြေစခန်းကိုမူ လာမည့်ဇွန်လတွင် မွမ်းမံမှုများပြုလုပ်ရန် ပိတ်ပင်ထားမည်ဖြစ်ပြီး ဘတ်ငွေ ၁ ဒသမ ၂ ဘီလီယံသုံးစွဲ၍ မွမ်းမံသွားမည်ဖြစ်ကာ လာမည့်နှစ်တွင်မှ ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု ဆိုသည်။

မွမ်းမံခြင်းလုပ်ငန်းများအပြင် ဘတ်ငွေ ၂၀ ဘီလီယံဘတ်ဂျက်မှ ဟိုတယ်သစ်ဆောက်လုပ်မှုများလည်း ပြုလုပ်သွားမည် ဖြစ်သည်။

ယခုနှစ်အတွင်း Centara သည် ပတ္တယားတွင် ဟိုတယ်သစ်တစ်လုံး ဖွင့်လှစ်သွားမည်ဖြစ်ပြီး စရိ ရချာခရိုင်နှင့် ကရာဘီပြည်နယ်တို့တွင် ဟိုတယ်သစ် ၂ လုံးကိုလည်း စီမံခန့်ခွဲမှု သဘောတူညီချက်များအောက်တွင် စတင်လည်ပတ်နေပြီဖြစ်သည်။

ဆက်လက်တိုးချဲ့မှုများ ပြုလုပ်သွားဦးမည်ဖြစ်ပြီး အထူးသဖြင့် ဒုတိယတန်းစား ပြည်နယ်များတွင်ဖြစ်ကြောင်း မစ္စတာ သီရာယုက ပြောကြားသည်။ ပြည်ပတွင်မူ Centara သည် ဖေဖော်ဝါရီလအတွင်း ကာတာတွင် ဟိုတယ်တစ်လုံး လည်ပတ်ရန် စာချုပ်ချုပ်ဆိုထားခဲ့သည်။

ကာတာတွင်ပင် အခြားစာချုပ်တစ်ခု လာမည့်နှစ်အတွင်း ထပ်မံချုပ်ဆိုသွားဖွယ်ရာလည်း ရှိသည်။

ထို့အပြင် Centara သည် ဧပြီလအတွင်း မြန်မာနိုင်ငံ မှ နေပြည်တော် ၊ ညောင်ရွှေ နှင့် တောင်ငူ တို့တွင် တည်ရှိသော ဟိုတယ် ၆ လုံးနှင့် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့သည်ဟု ဆိုသည်။

Centara Hotels and Resorts သည် ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Central Plaza Hotels ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဓိက လုပ်ငန်း ၂ ခု လုပ်ကိုင်ရာ ဟိုတယ်နှင့် စားသောက်ကုန်လုပ်ငန်းများ ဖြစ်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service