မီဂါစီးတီးအတွက် ကြိုတင်ပြင်ဆင်ရမယ့်ရန်ကုန်

မီဂါစီးတီးအတွက် ကြိုတင်ပြင်ဆင်ရမယ့်ရန်ကုန် - Property News in Myanmar from iMyanmarHouse.com
24 May 2019 11:46 am တွင် တင်ခဲ့သည်
6331 ကြိမ် ကြည့်ရှု့ပြီး

လာမည့်နှစ် ၂၀ အတွင်း လူဦးရေ ၁၀ သန်းကို ထမ်းဆောင်ရဖွယ်ရှိသည့် စီးပွားရေးမြို့တော်သည် Mega City တစ်ခုအဖြစ် ရောက်ရှိမည်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်ဧရိယာကို မည်ကဲ့သို့ ချဲ့ထွင်ရမည်ကို ကျွမ်းကျင်သူများက အမျိုးမျိုးတွက်ချက်နေကြသည်။

အလျင်အမြန်ဆုံးကုစားနိုင်ရန် အစိုးရအပါအ၀င် မြို့ပြပညာရှင်ကျွမ်းကျင်သူများက နည်းလမ်းအမျိုးမျိုး ရှာဖွေနေကြပြီ ဖြစ်သည်။

နှစ်စဉ်မိုးကာလရေကြီးရေ လျှံမှုများဖြစ်ပေါ်၍ ယာဉ်ကြောကျပ်တည်းမှုများနှင့် နေထိုင်မှု စရိတ်ကြီးမြင့်လာသည့် စီးပွားရေးမြို့တော် ရန်ကုန်သည် ရွှေ့ ပြောင်း အခြေချနိုင်နေထိုင်သူ များပြားလာခြင်းကြောင့် မြို့ဧရိယာကို မဖြစ်မနေချဲ့ထွင်ရမည်ဖြစ်ကြောင်း မြို့ပြစီမံကိန်းပညာရှင်များက ထောက်ပြသည်။

လက်ရှိ ၇၉၄ စတုရန်း ကီလိုမီတာ၊ မိုင်အားဖြင့် ၃၀၆ မိုင်ကျော်ကျယ်ဝန်းသည့် ရန်ကုန် သည် ကိုလိုနီခေတ်က လူဦးရေ သုံးသောင်းအတွက်သာ ရည်ရွယ်၍ ဆူးလေစေတီကို ဗဟိုပြုမြို့ပြစီမံကိန်းတစ်ခုအဖြစ် ရေးဆွဲထားခြင်းဖြစ်သည်။

ရွှေ့ပြောင်းအခြေချသူများ ပြားလာခြင်းကြောင့် လွတ်လပ်ရေးရပြီးကာလတွင် မြို့ဧရိယာကို အစိုးရလက်ထက်အဆက်ဆက် မြို့သစ်များဖော်၍ တိုးချဲ့လာခဲ့ရာ ယနေ့အထိ အဆိုပါမြို့သစ်များ၌ အခြေခံအဆောက်အအုံကောင်းများ မပြည့်စုံသေးကြောင်း မြို့ပြစီမံကိန်းရေးရာ ဆောင်းပါးများ ရေးသားနေသူမြင့်မိုရ်ဆွေက သုံးသပ်သည်။

‘‘ ထပ်တိုးချဲ့မယ့် မြို့သစ်တွေက စီမံခန့်ခွဲမှု မကောင်းရင် အခုလက်ရှိ ရွှေပြည်သာ တို့၊ လှိုင်သာယာ တို့လို အခြေအနေမျိုးတွေ ဖြစ်ကုန်လိမ့်မယ်။ မြို့ကိုမြို့တွေ မ၀ိုင်းဘဲ မြို့ကို ရွာတွေ ၀ိုင်းသလို ဖြစ်သွားလိမ့်မယ်’’ဟု လက်ရှိ ဆောက်လုပ်ရေးဝန်ကြီး ဌာနတွင် အကြံပေးအဖြစ် လုပ်ကိုင်နေသူ မြင့်မိုရ်ဆွေက စိုးရိမ် တကြီး ထောက်ပြသည်။

ရန်ကုန်မြို့ ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီး အချို့ကမူ ရန်ကုန်ကို ဘေးသို့ တိုးချဲ့ခြင်း ထက် မြို့တွင်းပိုင်း၌ တိုးချဲ့၍ရသည့် အခြေအနေများ ရှိနေသေး ပြီး အလျင်စလိုမတိုးချဲ့သင့် ကြောင်း အကြံပြုသည်။

‘‘ မြို့သစ်ထပ်ချဲ့ရင် တစ်နေရာနဲ့ တစ်နေရာအလှမ်းဝေးနေလိမ့်မယ်။ အပေါ်ကို ဒေါင်လိုက်တက်လို့ရတဲ့ အနေအထားတွေ အများကြီးရှိသေးတယ်။ လူနေ Apartment တွေ ဆောက်လို့ရ တာတွေလည်းရှိတယ်။ အလောတကြီးတော့ မလိုသေးဘူး’’ဟု အောင်သစ္စာမင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက် တာ ဦးထူးမြတ်လင်းက ပြော သည်။

နေပြည်တော် သို့ ပြောင်းရွှေ့သွားသော ၀န်ကြီးဌာနများက အသုံးမပြုဘဲ ပလပ်ထားသည့် လုပ်ငန်းသုံးမြေများ၊ ဂိုဒေါင် များ၊ စက်ရုံ များ၊ စစ်တပ်ဧရိယာပိုင်မြေ အချို့မှာ မြို့တွင်းပိုင်း၌များစွာ ကျန်နေသေးကြောင်း ၎င်းကဆို သည်။

မြို့ပြစီမံကိန်းပညာရှင်အများစုက စနစ်တကျဘေးသို့ ဖြန့်ထွက်ပြီး တိုးချဲ့ခြင်းသာ ပိုမိုကောင်းမွန်သည်ဟု ပြောဆိုကြကာ စီးပွားရေးလုပ်ငန်းရှင်အချို့ နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် အများစုကမူရှိပြီးသား မြို့ကိုသာ အပေါ်သို့ ဒေါင်လိုက်တိုးချဲ့သင့် သည်ဟု ယူဆနေကြသည်။

ယင်းစီမံကိန်းတွင် ရန်ကုန်ကို တိုးချဲ့ရန် ဦးစားပေးအဆင့် ခုနစ်ဆင့်အထိ သတ်မှတ်ထားသည်။ ယင်းအထဲတွင် ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်စီမံ ကိန်း၊ ရန်ကုန်တောင်ပိုင်းမြို့သစ် စီမံကိန်းဟု အပိုင်းနှစ်ပိုင်း ခွဲခြားကာ စီမံကိန်းများထဲတွင် ထန်းတပင်၊ တွံတေး၊ ဒလ၊ မှော်ဘီ၊ လှည်းကူး၊ သန်လျင်အစရှိသည့်မြို့များပါဝင်လာပြီး ဧရိယာကို အသီးသီးချဲ့ထွင်ကြမည်ဖြစ်သည်။

အဆိုပါမြို့သစ်များအားလုံး ရှိ စုစုပေါင်း မြေဧက တစ်သိန်းကျော်ကို ချဲ့ထွင်ရန် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်း ၂၀၄၀ တွင် ဖော်ပြထား သည်။

ရန်ကုန်သည် အနာဂတ်တွင် မီဂါစီးတီးမြို့တော်ကြီးတစ်ခုအဖြစ် ရောက်ရှိတော့မည်ဖြစ်သော ကြောင့် လူဦးရေတိုးပွားနှုန်းပေါ် မူတည်၍ မဟာရန်ကုန်မြို့ပြဖွံ့ဖြိုး မှု စီမံကိန်းကိုသုံးနှစ်ကျော်ကြာ အချိန်ယူရေးဆွဲခဲ့ခြင်းဖြစ်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့် မြေယာ စီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးအောင်က ပြောသည်။

သို့သော်မဟာဗျူဟာများ အရ ဆက်တိုက်အကောင်အထည်ဖော်မည်ဆိုပါက အစိုးရတွင် ဘဏ္ဍာရေးအခက်အခဲအချို့ရှိနိုင် ကြောင်း ဦးတိုးအောင်က ဆို သည်။

‘‘မြို့သစ်တွေ ချဲ့တဲ့အခါ မြေအသုံးချမှုနဲ့ ပတ်သက်ပြီး ၁၉၉၀ ထဲက လန ၃၉ ရပြီးသားမြေတွေ အများကြီး မြို့စွန်မှာရှိတယ်။ စီမံကိန်းတစ်ခုချင်းစီမှာ ပရောဂျက် တွေ များလွန်းလို့ တကယ်လုပ်နိုင် ဖို့ပဲ လိုမယ်။ လိုအပ်ရင် နိုင်ငံတကာ အကူအညီတွေလည်း အများကြီးယူသင့်ရင် ယူရမှာပေါ့’’ ဟု ဦးတိုးအောင်က ဆိုသည်။

မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းသည် ကာလလတ်၊ ကာလရှည်စီမံကိန်းများဟူ၍ ခွဲခြား00သတ်မှတ်ထားကာ ၂၀၄၀ ပြည့်နှစ်အထိ ရေရှည်ဆွဲထားသည့် စီမံကိန်းဖြစ်ခြင်းကြောင့် တက်လာသော အစိုးရအဆင့်ဆင့်က ဆက်လက်အကောင်အထည်ဖော်သွားရမည့် စီမံကိန်းကြီးတစ်ခုဖြစ် သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service