ထိုင်းဟိုတယ်လုပ်ငန်းနှင့် KMA ကုမ္ပဏီအုပ်စု ဒေါ်လာသန်း ၆၀ တန်ဖိုးရှိ ဟိုတယ်လုပ်ငန်းခြောက်ခုတွင် ပူးပေါင်းလုပ်ကိုင်မည်

ထိုင်းဟိုတယ်လုပ်ငန်းနှင့် KMA ကုမ္ပဏီအုပ်စု ဒေါ်လာသန်း ၆၀ တန်ဖိုးရှိ ဟိုတယ်လုပ်ငန်းခြောက်ခုတွင် ပူးပေါင်းလုပ်ကိုင်မည် - Property News in Myanmar from iMyanmarHouse.com
17 May 2019 10:49 am တွင် တင်ခဲ့သည်
1836 ကြိမ် ကြည့်ရှု့ပြီး

ထိုင်းဟိုတယ်လုပ်ငန်း Centara နှင့်ပြည်တွင်းမှ KMA ကုမ္ပဏီအုပ်စုတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ကန်ဒေါ်လာသန်း ၆၀ တန်ဖိုးရှိ ဟိုတယ်လုပ်ငန်း ခြောက်ခု ၌ ရင်းနှီးမြှုပ်နှံရန်သဘောတူကြောင်း နှစ်ဖက်ကုမ္ပဏီ က သတင်းထုတ်ပြန်သည်။

ထိုဟိုတယ်များသည် အင်းလေး၊ ပုဂံ၊ နေပြည်တော် တောင်ငူ နှင့် သံတောင်တွင်တည်ရှိမည်ဖြစ်ပြီး အင်းလေး၊ နေပြည်တော် နှင့် တောင်ငူ ရှိ ဟိုတယ်များကို ထိုင်းလုပ်ငန်းစုနာမည်ဖြင့် ပြန်လည်မွမ်းမံမည်ဖြစ်သည်။

‘‘ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းတွေရှိနေတဲ့ မြန်မာနိုင်ငံကို ထိုင်းအမှတ်တံဆိပ်ကို ယူဆောင်လာတာပါ။ ထိုင်းအမှတ်တံဆိပ်ကြောင့် မြန်မာ့ခရီးလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးစေမှာ ဖြစ်ပါတယ်’’ ဟု Centara ဟိုတယ်လုပ်ငန်းစုအမှုဆောင်အရာ ရှိချုပ်က ပြောသည်။

အသစ်တည်ဆောက်မည့် ဟိုတယ်သုံးလုံးသည် ပုဂံ နှင့် သံတောင်တွင် တည်ဆောက်မည် ဖြစ်ပြီး စီမံကိန်းကို ၂၀၁၉ ၌ စတင်မည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ နေရာခြောက်ခုစလုံးသည် မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးသည့် နေရာများဖြစ်ပြီး လုပ်ငန်းအားလုံးကို ထိုင်းကုမ္ပဏီက စီမံခန့်ခွဲမည်ဖြစ် သည်။

KMA သည် CB ဘဏ်ပိုင်ရှင်နှင့်စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်အေးပိုင်ဆိုင်သည့် လုပ်ငန်းစုတစ်ခုဖြစ်ပြီး ဆောက်လုပ်ရေး၊ အိမ်ရာ၊ စိုက်ပျိုးရေး၊ ပို့ကုန်သွင်းကုန်၊ စက်ယန္တရားလုပ်ငန်း၊ မိုင်းတွင်းလုပ်ငန်း၊ သင်္ဘောလုပ်ငန်းနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ လုပ်ကိုင်နေသည်။

Centara ဟိုတယ်လုပ်ငန်းစုသည် ထိုင်းနိုင်ငံဘန်ကောက်အခြေစိုက် ဟိုတယ်လုပ်ငန်းစုဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service