အိမ်ခြံမြေ စူးစမ်းရှာဖွေမှုပဉ္စမမြောက်အများဆုံးပြုလုပ်သည့်နိုင်ငံအဖြစ် စင်္ကာပူဖော်ပြခံရ

အိမ်ခြံမြေ စူးစမ်းရှာဖွေမှုပဉ္စမမြောက်အများဆုံးပြုလုပ်သည့်နိုင်ငံအဖြစ် စင်္ကာပူဖော်ပြခံရ - Property News in Myanmar from iMyanmarHouse.com
8 May 2019 10:16 am တွင် တင်ခဲ့သည်
665 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူသည် ၎င်းနိုင်ငံသားများ၏ သီတင်းပတ်တစ်ပတ်လျှင် အိမ်ခြံမြေစူးစမ်းရှာဖွေမှုအတွက် ၃ ဒသမ ၂ နာရီကြာ အချိန်သုံးစွဲမှုကြောင့် အိမ်ခြံမြေလေ့လာစုံစမ်းမှု ပဉ္စမမြောက်အများဆုံးပြုလုပ်သည့်နိုင်ငံအဖြစ် စာရင်းတွင်ပေါ်ထွက်လာကြောင်း HSBC ၏ သုတေသနသစ်တစ်ရပ်က ဖော်ပြခဲ့သည်။

ယူအေအီးနိုင်ငံက ၎င်းနိုင်ငံသားများ၏ တစ်ပတ်လျှင် အိမ်ခြံမြေစူးစမ်းရှာဖွေမှု ၆ ဒသမ ၆ နာရီကြာ အချိန်သုံးစွဲမှုကြောင့် အိမ်ခြံမြေစူးစမ်းရှာဖွေမှုအများဆုံးပြုလုပ်သည့်နိုင်ငံဖြစ်ကြောင်း အွန်လိုင်းစစ်တမ်းဖြစ်သည့် ၎င်းသုတေသနက ညွှန်ပြခဲ့သည်။

အမေရိကန်က ၄ ဒသအ ၉၅ နာရီနှင့် ဒုတိယအများဆုံးဖြစ်ကာ ထိုင်ဝမ်က ၄ ဒသမ ၅၄ နာရီဖြင့် တတိယအများဆုံးဖြစ်ပြီး မက္ကဆီကိုက ၃ ဒသမ ၅၆ နာရီဖြင့် စတုတ္ထအများဆုံးဖြစ်ကြသည်။

ဗြိတိန်နှင့် သြစတြေးလျတို့က ၂ ဒသမ ၆၅ နာရီနှင့် ၂ ဒသမ ၅၁ နာရီတို့ဖြင့် နံပါတ် ၆နှင့် နံပါတ် ၇ တို့၌ အသီးသီးဖော်ပြခံခဲ့ကြရပြီး ကနေဒါနှင့် ပြင်သစ်တို့ကလည်း ၂ ဒသမ ၀၈ နာရီနှင့် ၁ ဒသမ ၇၄ နာရီတို့ဖြင့် နံပါတ် ၈ နှင့် နံပါတ် ၉ တို့တွင် ရပ်တည်ခဲ့ကြကြောင်း သိရသည်။

အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူ ၁၁၉၃၂ ဦးအား မဲပေးခိုင်းကာ စစ်တမ်းကောက်ယူခဲ့သည့် ၎င်း HSBC သုတေသနက ကမ္ဘာတစ်ဝန်း အရွယ်ရောက်ပြီးသူတစ်ဦးမှာ အိမ်ခြံမြေအွန်လိုင်းရှာဖွေစူးစမ်းမှုနှင့် အိမ်ခြံမြေမဂ္ဂဇင်းဖတ်ရှုမှုတို့အတွက် တစ်ပတ်လျှင် ပျမ်းမျှအားဖြင့် ၃ ဒသမ ၅ နာရီကြာ အချိန်သုံးစွဲကြောင်း တွေ့ရှိခဲ့သည်။

ယေဘုယျအားဖြင့် စစ်တမ်းတွင်ပါဝင်ဖြေဆိုခဲ့သူများ၏ ၆ ရာခိုင်နှုန်းက တစ်ပတ်လျှင် ၇ နာရီကြာ အိမ်ခြံမြေရှာဖွေမှုအတွက် အချိန်သုံးကြပြီး အိမ်အလွန်အကျွံရှာဖွေသူများဖြစ်ကြောင်း စစ်တမ်းက တွေ့ရှိခဲ့သည်။

ထိုအလွန်အကျွံရှာဖွေသူများ၏ အများစုဖြစ်သော ၇၉ ရာခိုင်နှုန်းက သူတို့သည် အိမ်ပိုင်ရှင်များကဲ့သို့ ၎င်းအိမ်များ သူတို့လက်ထဲတွင်ရှိသည်ဟု ခံစားရသဖြင့် ထို ၇ နာရီအား အကျိုးရှိသည်ဟု ယူဆကြကာ ၄၉ ရာခိုင်နှုန်းက သူတို့၏ အိမ်တန်းဖိုးအခြေအနေကို စစ်ဆေးကြခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ကြသည်။

၁၉ ရာခိုင်နှုန်းဝန်းကျင်ကမူ အိမ်ခြံမြေဝယ်ယူနိုင်ရန်အတွက် သားသမီး ယူဦးမည်မဟုတ်ဟု ဖြေကြားခဲ့ကြကြောင်းလည်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service