တိုးပွားလာမဲ့ မြို့ သစ်တွေရဲ့အနာဂတ်

တိုးပွားလာမဲ့ မြို့ သစ်တွေရဲ့အနာဂတ် - Property News in Myanmar from iMyanmarHouse.com
26 Apr 2019 11:54 am တွင် တင်ခဲ့သည်
2135 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရသစ် လက်ထက်၌ မြို့သစ်တည် ဆောက်မှုများ တဖြည်းဖြည်း တိုးပွားများပြားလာကြောင်းနှင့် မြို့ သစ်တည်ရာတွင် ပြည်တွင်းသာမက ပြည်ပရင်းနှီးမြှုပ်နှံမှုများပင် ပါဝင်လာပြီဖြစ်သည်။

မြို့သစ် များ၏ ဂုဏ်အင်္ဂါများ ပိုမိုဆန်း သစ်လာသကဲ့သို့ အစိုးရနှင့် အကျိုးတူဆောင်ရွက်ပုံနည်းလမ်း တွေကလည်းများပြားလာပါတယ်။

Green City, Eco- City, Green and Eco-City, Smart City, Resort City စသည် ဖြင့် ခေတ်နှင့်အညီ အရည်အသွေးအသစ်များ ပြောင်းလဲတည် ဆောက်ရန်နှင့် အဆင့်မြှင့်တင် တည်ဆောက်ရန်အတွက် အပြိုင်အဆိုင်အမည်နာမသစ်များလည်းပေါ်ပေါက်လာပြီ ဖြစ်သည်။

လက်တွေ့အားဖြင့် မည်သည့်အတိုင်းအတာအထိ အကောင်အထည်ဖော်နိုင်မည်ဆိုသည်ကိုမူ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

မြို့သစ်များတည်ဆောက်ရာတွင် မည်သူတို့၏ အကျိုးစီးပွားကို ရည်ရွယ်၍ တည်ဆောက်ခြင်းဟုတ်မဟုတ် စောင့်ကြည့်ရမည်ဖြစ်သည်။

ပြည်သူတို့ ၏ နေရေး အကျိုးစီးပွားကို အဓိကထား၍ တည်ဆောက်သည်ဟု ဆိုလျှင် ယေဘုယျအားဖြင့် မှန်ကန်သော အဖြေရပြီဟု ဆိုနိုင်၏။ သို့သော် ‘ ပြည်သူတို့၏ နေရေး’ ကို ထပ်မံပြီး ဖွင့်ဆိုရန် လိုအပ်နေ သေး၏။ နေရေးလိုအပ်ချက်ရှိ သော ပြည်သူတို့တွင် ဝင်ငွေများ သူ၊ ဝင်ငွေအလယ်အလတ်ရှိသူ နှင့် ဝင်ငွေနည်းသူဟူ၍ ဝင်ငွေ ကွာခြားချက်ရှိပေရာ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံ၌ ဝင်ငွေနည်းပြည် သူတို့သည် အရေအတွက်အများ ဆုံးဖြစ်သကဲ့သို့ နေရေးအခက်အ ခဲအများဆုံး ကြုံတွေ့နေကြရ ကြောင်း အထူးပြောရန်မလိုပေ။

ဥပမာအားဖြင့် စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် ၂၀၁၂ ခုနှစ်၌ လစဉ်ဝင်ငွေ ကွာခြားမှုလေ့လာ တွေ့ရှိချက်အရ (၇၇) ရာခိုင်နှုန်း သော ပြည်သူတို့သည် လစဉ်ဝင် ငွေ သုံးသိန်းနှင့်အောက်သာရရှိ ကြောင်း သိရှိရပေသည်။ သို့ဖြစ် ၍ စာရေးသူတို့ မြန်မာနိုင်ငံတွင် ပြည်ထောင်စုအဆင့်မှဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အ ဆင့်မှဖြစ်စေ မြို့သစ်တည်ရာ၌ ဝင်ငွေနည်းပြည်သူတို့၏ နေရေး အကျိုးစီးပွားကို ဦးစားပေးဆောင် ရွက်ရန် လိုအပ်ကြောင်း တွေ့ရှိရ ပေသည်။

မျက်မှောက်ခေတ် မြို့သစ် တည်ဆောက်မှုများကို ခြုံ၍လေ့ လာကြည့်သောအခါ အထက်ပါ အမြင်အားနည်းနေသေးကြောင်း ရှုမြင်မိပေသည်။ ပထမဦးဆုံး မဲဆောက်နှင့် မြဝတီနယ်စပ်ဖြတ် ကျော်ဂိတ်မှ ၁၂ ဒသမ ၅ မိုင်ခန့် သာဝေးသော ကရင်ပြည်နယ်သောင်ရင်း မြစ်ကမ်းဘေး၌ တရုတ်မြို့အမည်တွင်သော ဧက ၂,၀၀၀ ကျယ်ဝန်းသည့် ‘ရွှေကုက္ကိုမြို့သစ်’ကို ညွန်းဆိုရမည် ဖြစ်သည်။

စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ် လာ တစ်ဘီလီယံခွဲမျှအထိ များ မည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

စားသောက်ဆိုင်၊ အလှ ပြင်ဆိုင်၊ ကာရာအိုကေခန်းများ၊ စစ်တန်းလျားဆန်ဆန် ယာယီအဆောက်အအုံများ၌ တရုတ်များ နေထိုင်ကြောင်း၊ ဂိုဒေါင်ကြီးများ၊ စီးပွားရေးအတွက် အသုံးပြုရန် နေရာများ ပါဝင်ပြီး တရုတ်နိုင်ငံ မှ ပြောင်းရွှေ့အခြေချမှုများပင်ရှိ ကြောင်း သိရှိရ၏။

နောင်တွင် တန်ဖိုးကြီးကြီး အဆင့်မြင့် အိမ်ရာများ၊ ဟိုတယ်ကြီးများ၊ ကာစီနိုများ၊ ဈေးဝယ်စင်တာများ၊ ဂေါက်ကွင်းများ တည်ဆောက် လာနိုင်ကြောင်းနှင့် ၎င်းစီမံကိန်း သည် ပြည်ပသို့ ကိုယ်ပိုင်ငွေကြေး လွှဲပြောင်းလိုသော တရုတ်စီးပွား ရေးသမားကြီးများ၏ အစီအမံ များပါဝင်ကြောင်း သတင်းကြီး သော ပဟေဠိမြို့သစ်ဟု ဆိုနိုင်၏။

MIC မှ ပြည်နယ်အစိုးရအဖွဲ့ ထောက်ခံချက်အရ ခွင့်ပြုချက် ပေးထားကြောင်း၊ ရင်းနှီးမြှုပ်နှံမှု များကို Jilin Yatia Group ဆိုသော တရုတ်အစိုးရပိုင် ကုမ္ပဏီက ကျောထောက်နောက်ခံပြုထား ကြောင်း၊ Myanmar Yatia International Trading Com-pany အမည်ဖြင့် မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားကြောင်းနှင့် ၎င်း ကုမ္ပဏီနှင့် နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တို့ ပူးပေါင်းဆောင် ရွက်ရန် သဘောတူစာချုပ်ချုပ်ဆို ထားကြောင်းလည်း သိရှိရပေသည်။

မည်သို့ဆိုစေ မြို့ပြတည် ဆောက်မှုကို စည်းကမ်းဥပဒေနှင့် အညီ စနစ်တကျ ဖြစ်ထွန်းစေလို ပြီး နယ်စပ်ဒေသရှိ တိုင်းရင်းသား ဝင်ငွေနည်းပြည်သူများ၏ နေရေး နှင့် အလုပ်အကိုင်ရရှိရေးကို ဒွန် တွဲဖြည့်ဆည်းပေးမည့်မြို့ ဖြစ်စေ လို၏။ ယခုအချိန်တွင် အဆိုပါ အကျိုးစီးပွားမှာ အဓိကဖြစ် ကြောင်း သတင်းစကားမျှပင် မကြားရပေ။ မြန်မာအစိုးရ၏ အချုပ်အခြာအာဏာသက်ရောက်မှု အား စိန်ခေါ်သော လုပ်ဆောင် ချက်များကို အခြေပြုပေါ်ပေါက်သည့်အသွင်မဖြစ်အောင် ထိန်းချုပ်ပေးဖို့ လိုမည်ဟုလည်း ယူဆပေသည်။

ကရင်ပြည်နယ်ဝန်ကြီး ချုပ်ကိုယ်တိုင် မြဝတီမြို့ ပြည်သူလူထုနှင့် တွေ့ဆုံစဉ် တရားမဝင်လုပ်ဆောင်သူများအား ကြီးကြီး ရင်းလျှင် ကြီးကြီးဆုံးရှုံးမည်ဟု သတိပေးပြောကြားခဲ့ရသည်အထိ နာမည်ကြီးခဲ့သော မြို့သစ်ပေတည်း။

ပြည်ထောင်စုအစိုးရ စီမံကိန်းဖြစ်သော လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီး ဘေးဝဲယာရှိ ဧက ၁,၄၅၀ ခန့်တွင် တည်ဆောက်မည့် Eco- Green City မြို့သစ်ကအကောင်အထည်ဖော်လာတောမည် ဖြစ်သည်။

မကြာမီက ပန်းလှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးကားလမ်း အကြားတွင် မလေးရှားကုမ္ပဏီ တစ်ခုမှ ဧက ၂,၀၀၀ ခန့် ကျယ် ဝန်းသော မြို့သစ်တစ်မြို့တည်ဆောက်ရန် အဆိုပြုထားကြောင်း၊ တန်ဖိုးနည်းအိမ်ရာ နှစ်သောင်းခန့် ပါဝင်မည်ဖြစ်ကြောင်း သတင်းကောင်းကြားသိရ၍ လှိုင်သာယာ မှ ကျူးကျော်များအတွက် အိမ်ရာ ဖြည့်ဆည်းပေးရန် အဆင်ပြေလာနိုင်မည့်သဘောပင်ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းမှာ အကောင်အထည်ဖော်နိုင်မည့်စီမံကိန်းတွေနဲ့  လိုအပ်နေသူတွေအတွက်ဖြည့်ဆည်းပေးနိုင်ခြင်းရှိမရှိကိုဆက်လက်စောင့်ကြည့်ရတော့မည် ဖြစ်သည်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service