ပထမသုံးလပတ်အတွင်း စင်္ကာပူအိမ်ဈေးများ ကျဆင်း

ပထမသုံးလပတ်အတွင်း စင်္ကာပူအိမ်ဈေးများ ကျဆင်း - Property News in Myanmar from iMyanmarHouse.com
8 Apr 2019 11:06 am တွင် တင်ခဲ့သည်
852 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူတွင် ယခုနှစ်ပထမသုံးလပတ် (၂၀၁၉ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်) အတွင်း ပုဂ္ဂလိကအိမ်ဈေးများသည် ယင်းမတိုင်မီသုံးလပတ်အောက် ၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း မြို့ပြပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (URA) က ဧပြီ ၁ တွင် ထုတ်ပြန်ခဲ့သည်။

စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေးစည်းမျဉ်းတင်းကျပ်မှုသစ်များ ပြီးခဲ့သည့်နှစ်ဇူလိုင်က စတင်ခဲ့ပြီးနောက် ဈေးကွက်အဟုန်အားပျော့လာသည်ကို စဉ်းစားလိုက်ပါက ယခုနှစ်ပထမသုံးလပတ်အတွင်း ပုဂ္ဂလိကအိမ်ဈေးများ ကျဆင်းခြင်းသည် အံအားသင့်စရာမဟုတ်ကြောင်း ကနေဒါအခြေစိုက် ကမ္ဘာ့အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ Colliers International ၏ စင်္ကာပူနိုင်ငံဆိုင်ရာ သုတေသနခေါင်းဆောင် ထရစ်ရှာဆုန်က ပြောကြားခဲ့သည်။

ပုဂ္ဂလိကအိမ်ဈေးများကျဆင်းခြင်းနှင့်ပတ်သက်၍ ယခုသုံးလပတ်သည် ဒုတိယမြောက်သုံးလပတ်ဖြစ်သည်။

၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း ပုဂ္ဂလိကအိမ်အရောင်းအဝယ် ၃၂၁၅ ခု ရှိခဲ့ကာ ၅၃၂၈ ရှိခဲ့သည့် ၂၀၁၈ ခုနှစ် ပထမသုံးလပတ်အောက် ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း JLL Singapore ၏ သုတေသနနှင့် အတိုင်ပင်ခံဆိုင်ရာ အကြီးတန်းဒါရိုက်တာ အွန်တက်ဟွေကလည်း မှတ်ချက်ပြုခဲ့သည်။

"ဝယ်လက်တွေဟာ ပိုပြီးသတိထားရွေးချယ်လာကြပါတယ်။ အလောတကြီးမဝယ်ယူကြတော့ပါဘူး။ ဘာလို့ဆို ဈေးနှုန်းတွေက သက်သာလာတယ်၊ အားကောင်းလာတဲ့ရောင်လိုအားကလည်း စဉ်းစားရွေးချယ်စရာအချက်တွေပိုပြီးပေးလာလို့ပဲဖြစ်ပါတယ်။" ဟုလည်း သူက ပြောကြားခဲ့သည်။

Core Central Region (CCR) အပိုင်းက ဈေးနှုန်းကျဆင်းမှုတွင် ၂ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ဦးဆောင်ခဲ့သည်။ တစ်နည်းဆိုရသော် ဈေးနှုန်း ၅ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည့် ၂၀၀၉ ခုနှစ် ဒုတိယသုံးလပတ်ကတည်းက ကျဆင်းမှုနှုန်းအများဆုံးသုံးလပတ်ဖြစ်သည်။

Rest of Central Region (RCR) တွင် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Outside Central Region (OCR) တွင် ဈေးနှုန်းများမပြောင်းလဲခဲ့ပေ။

ထိုစဉ် စင်္ကာပူနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနလက်အောက်ရှိ အိုးအိမ်နှင့်ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (HDB) မှ တည်ဆောက်ပေးသော တိုက်ခန်းများ၏ ပြန်လည်ရောင်းထုတ်မှုဈေးနှုန်းများသည်လည်း အကျဘက်သို့ ဆက်လက်ဦးတည်ခဲ့ပြီး ၎င်း ၂၀၁၉ ပထမသုံးလပတ်အတွင်း ၁၃၁ ခန်းသာ ရောင်းထွက်ခဲ့ကာ ထိုမတိုင်မီသုံးလပတ်အောက် ၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

HDB တိုက်ခန်းများ၏ ပြန်လည်ရောင်းထုတ်ဈေးသည် ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်တွင်လည်း အလားတူပင် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျခဲ့ကြောင်း ERA အိမ်ခြံမြေကွန်ရက်မှ အဓိကအမှုဆောင်အရာရှိ ယူဂျင်းလင်မ်က ပြောကြားခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service