ဂျနီဖာလိုပက်ဇ်နှင့် စေ့စပ်လိုက်ပြီဖြစ်သောကြောင့် အဲလက်စ်ရိုဒရီဂွက်ဇ်က သူ၏လူပျိုဘဝနေအိမ် အမြန်ရောင်းထွက်ရန် ဈေးလျှော့ပေးလာ

ဂျနီဖာလိုပက်ဇ်နှင့် စေ့စပ်လိုက်ပြီဖြစ်သောကြောင့် အဲလက်စ်ရိုဒရီဂွက်ဇ်က သူ၏လူပျိုဘဝနေအိမ် အမြန်ရောင်းထွက်ရန် ဈေးလျှော့ပေးလာ - Property News in Myanmar from iMyanmarHouse.com
19 Mar 2019 11:58 am တွင် တင်ခဲ့သည်
3149 ကြိမ် ကြည့်ရှု့ပြီး

အဲလက်စ် ရိုဒရီဂွက်ဇ်သည် ပြီးခဲ့သော မတ်လ ၉ ရက်၊ စနေနေ့က အင်စတာဂရမ် လူမှုကွန်ရက်တွင် စေ့စပ်လက်စွပ် ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီး ဂျနီဖာလိုပက်ဇ်နှင့် စေ့စပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ကြေညာခဲ့သည်။

အဲလက်စ် ရိုဒရီဂွက်ဇ်သည် အသက် ၄၃ နှစ်ရှိပြီဖြစ်ပြီး ဂျနီဖာလိုပက်ဇ်မှာ အသက် ၄၉ နှစ် ရှိပြီဖြစ်သည်။

ဂျနီဖာလိုပက်ဇ်သည် သူ၏ တင်သားကို ကန်ဒေါ်လာ ၂၇ သန်းဖြင့် အာမခံထားသည်ဟု နာမည်ကျော်သူလည်း ဖြစ်သည်။

အချစ်သည် ဦးစွာ လာရောက်၏။ ယင်းနောက်တွင်မှ လက်ထပ်ခြင်းဟူသည် ရောက်ရှိလာသည်။ ယင်းနှစ်ခုအကြားတွင် လူပျိုဘဝက နေထိုင်ခဲ့သည့် နေအိမ်ကို ရောင်းချရခြင်းအလုပ်တစ်ခုလည်း ရှိသေးသည်။

အဲလက်စ် ရိုဒရီဂွက်ဇ်သည် ဂျနီဖာလိုပက်ဇ်နှင့် စေ့စပ်ကြောင်းလမ်းလိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ကြေညာလိုက်ပြီးနောက်ပိုင်း အရောင်းဈေးကွက်တင်ထားသော လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ တစ်သန်းကျော် ဈေးလျှော့ပေးလိုက်သည်ဟု ဆိုသည်။

အဆိုပါနေအိမ်သည် ရိုဒရီဂွက်ဇ်လူပျိုဘဝက နေထိုင်ခဲ့သော နေအိမ်ဖြစ်၏။

စတုရန်းပေ ၃၇၀၀ အကျယ်အဝန်းရှိပြီး Sunset Strip ကို စီးမိုးတွေ့မြင်နေရသည့် နေအိမ်ကို ၂၀၁၈ နှစ်ကုန်ပိုင်းက ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းဖြင့် ဈေးကွက်တင်ခဲ့ပြီး ယခုအခါ ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းသို့ ဈေးလျှော့ပေးလိုက်ခြင်း ဖြစ်သည်။

ရိုဒရီဂွက်ဇ်သည် အဆိုပါနေအိမ်ကို ရုပ်ရှင်မင်းသမီး မာရဲလ် စထရိထံမှ ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၈ သန်းဖြင့် ဝယ်ယူထားခြင်းဖြစ်ရာ ယခုကဲ့သို့ ဈေးလျှော့ပေးလိုက်သည့်တိုင် ကန်ဒေါ်လာ ၄ သိန်းကျော် မြတ်စွန်းဦးမည် ဖြစ်သည်။

လက်ထပ်ပြီးလျှင် အဲလက်စ် ရိုဒရီဂွက်ဇ်နှင့် ဂျနီဖာလိုပက်ဇ်တို့ မည်သည့်နေရာတွင် အခြေချနေထိုင်ကြမည်ကိုမူ မသိရသေးချေ။

ရိုဒရီဂွက်ဇ်နှင့် ဂျေလိုတို့သည် နယူးယောက်မြို့လယ်၊ မန်ဟက်တန်ရပ် ၊ ပန်းခြံရိပ်သာလမ်း၊ အမှတ် ၄၃၂ ရှိ စတုရန်းပေ ၄၀၀၃ ကျယ်ဝန်းသော ကွန်ဒိုခန်းကို ပြီးခဲ့သော ဇန်နဝါရီလအတွင်း ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။

ယင်းကွန်ဒိုခန်းကို ၂၀၁၈ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၁၅ ဒသမ ၃၁ သန်းဖြင့် ဝယ်ယူထားခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေးချိန်တွင် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

အခြားသတင်းတစ်ရပ်တွင် ဖော်ပြချက်အရလည်း ဂျေလိုတို့ စုံတွဲသည် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်တွင် ရုပ်ရှင်သရုပ်ဆောင် ဂျရမီ ပီဗန်း၏ နေအိမ်ကိုလည်း မကြာသေးမီကပင် ကန်ဒေါ်လာ ၆ ဒသမ ၆ သန်းဖြင့် ဝယ်ယူထားခဲ့သေးသည်ဟု ဆိုသည်။

အဲလက်စ်ရိုဒရီဂွက်ဇ်၏ နေအိမ်ကို အရောင်းဈေးကွက်တင်ပေးသူမှာ Westside Estate Agency ကုမ္ပဏီမှ အကျိုးဆောင်တစ်ဦးဖြစ်သူ ကားလ် ဂမ်ဘီနို ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service