နာမည်ကျော် ဂျပန် developer က ဆီလီကွန်တောင်ကြားရှိ ရုံးခန်းအဆောက်အအုံကြီးတစ်ခုကို ကန်ဒေါ်လာ သန်း ၄၀၀ ကျော်ဖြင့် ဝယ်ယူ

နာမည်ကျော် ဂျပန် developer က ဆီလီကွန်တောင်ကြားရှိ ရုံးခန်းအဆောက်အအုံကြီးတစ်ခုကို ကန်ဒေါ်လာ သန်း ၄၀၀ ကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
18 Mar 2019 12:23 pm တွင် တင်ခဲ့သည်
979 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၊ ဆန်ဂျို့စ်၏ မြောက်ပိုင်းရှိ ရုံးခန်းအဆောက်အအုံကြီးတစ်ခုကို နာမည်ကျော် ဂျပန် developer က ကန်ဒေါ်လာ ၄၂၉ သန်းဖြင့် ဝယ်ယူလိုက်ပြီ ဖြစ်သည်။

ဂျပန်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ၊ developer ဖြစ်သော Mori Trust သည် အမေရိကန်ပြည်ထောင်စုတွင် အိမ်ခြံမြေများ စတင်ဝယ်ယူရန် စီစဉ်လာနေသည်။

Mori Trust က ဝယ်ယူလိုက်သော ဆန်ဂျို့ရုံးခန်းအဆောက်အအုံသည် Micron Technology သို့ လက်ရှိအားဖြင့် အငှားချထားလျက် ရှိသည့် အဆောက်အအုံဖြစ်သည်။

အဆိုပါရုံးအဆောက်အအုံကို ပြီးခဲ့သော မတ်လ ၁၁ ရက်က ကန်ဒေါ်လာ ၄၂၉ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဆန်တာ ကလာရာခရိုင် အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ယခုအရောင်းအဝယ်သည် ၂၀၁၉ ခုနှစ်အတွင်း ဆီလီကွန်တောင်ကြားတွင် အကြီးမားဆုံး အိမ်ခြံမြေအရောင်းအဝယ်တစ်ရပ်အဖြစ် စံချိန်တင်ထားဖွယ်ရာရှိပြီး ဆန်ဂျို့၏ ဈေးကွက်အားကောင်းမှုကိုလည်း လှစ်ဟပြသနေသည်။

ဆန်ဂျို့မြောက်ပိုင်း၊ ဟိုလ်ဂါဝေးလမ်း၊ အမှတ် ၁၃၀ ရှိ အဆောက်အအုံတွင် Micron ၏ ဆိုင်းဘုတ်ချိတ်ဆွဲထားသည်ကို တွေ့နိုင်သည်။

“အမြင့်ပိုင်းထဲကဆိုရင် ဒီအရောင်းအဝယ်ဟာ ကမ္ဘာ့ထိပ်တန်း နည်းပညာဈေးကွက်ဖြစ်တဲ့ ဆီလီကွန်တောင်ကြားကို ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားမှုရှိနေတာကို ပြသနေပါတယ်” ဟု ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေလုပ်ငန်းကဏ္ဍများ ဆောင်ရွက်သည့် Cushman & Wakefield မှ မန်နေးဂျင်းဒါရိုက်တာ အဲရစ်ခ် ဖောက်ဇ်က ပြောကြားသည်။

ယခုအရောင်းအဝယ်သည် ဆန်ဂျို့စ်၏ ဈေးကွက်ခိုင်မာမှု ကြီးထွားလာခြင်းကိုလည်း လှစ်ဟပြသလိုက်ခြင်းဖြစ်သည်။

ဆန်ဂျို့စ်တွင် အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံသူတို့ထံမှ ဒေါ်လာများ စီးဝင်လာနေမှုနှင့်အတူ နည်းပညာကုမ္ပဏီတို့သည် ရုံးခန်းနေရာငှားရမ်းခြင်း၊ အိမ်ခြံမြေဝယ်ယူခြင်းများ ခြေလှမ်းစိပ်လာသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service