ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည့် တရုတ်ကုမ္ပဏီ ကမ္ဘာ့ဘဏ်၏ အမည်ပျက်စာရင်းတွင် ရှစ်နှစ်ကြာဝင်ပြီး ၂၀၁၇ တွင် ကင်းလွတ်ခဲ့

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည့် တရုတ်ကုမ္ပဏီ ကမ္ဘာ့ဘဏ်၏ အမည်ပျက်စာရင်းတွင် ရှစ်နှစ်ကြာဝင်ပြီး ၂၀၁၇ တွင် ကင်းလွတ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
8 Mar 2019 10:39 am တွင် တင်ခဲ့သည်
3198 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည့် တရုတ်ကုမ္ပဏီသည် ကမ္ဘာ့ဘဏ်၏ အမည်ပျက်စာရင်းတွင် ရှစ်နှစ်ကျော်ပါဝင်သော်လည်း ၂၀၁၇ ၌ ထိုစာရင်းမှ ကင်းလွတ်ပြီဖြစ် ကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီ (NYDC)အမှုဆောင်အရာရှိချုပ်ဦးသိမ်း ဝေက ပြောသည်။

ထိုသို့စာရင်းသွင်းခံရခြင်း သည် တရုတ်ကုမ္ပဏီသည် စီမံကိန်းရရှိရန် လာဘ်ထိုးခြင်း ကြောင့်ဖြစ်ပြီး အချို့နိုင်ငံများတွင် တရုတ်ကုမ္ပဏီပိုင်အဖြစ် သိမ်းပိုက်ခံရခြင်းသည်လည်း ထိုနိုင်ငံ အစိုးရများ၏ အဂတိကြောင့်ဖြစ် ကြောင်း ဦးသိမ်းဝေက ပြောသည်။ ‘‘တချို့နိုင်ငံတွေက နာသွား တာကြည့်လို့ရှိရင် နှစ်ဖက်စလုံး အပြစ်ရှိပါတယ်။ ဘာလို့လဲဆို တော့ Corruption (အဂတိ)နဲ့ ပတ်သက်လို့ တိုင်းပြည်ရဲ့အကျိုး ဆုံးရှုံးသွားတယ်။ အာဏာရှိသူ က အကျိုးရသွားတယ်။ အဲဒါက အပြစ်ပဲ’’ ဟု မတ်လ ၆ရက်တွင် ကုန်သည်စက်မှု အသင်းချုပ်၌ ကျင်းပသည့် NYDC TOWN HALL -2 ဆွေးနွေးပွဲတွင် ဦးသိမ်းဝေက ပြောသည်။

အဆိုပါ တရုတ်ကုမ္ပဏီ သည် ၂၀၁၄ တွင် ပြုပြင်ပြောင်း လဲမှုများပြုလုပ်ပြီးနောက် ကမ္ဘာ့ ဘဏ်၏ အမည်ပျက်စာရင်းမှ ကင်းလွတ်ခဲ့သည်ဟု ဦးသိမ်းဝေ က ပြောသည်။ လက်ရှိတွင်ကမ္ဘာ့ ဘဏ်၏ အမည်ပျက်စာရင်း၌ နိုင်ငံအနှံ့မှ ကုမ္ပဏီ ၂၀၀ ကျော် ရှိနေသည်ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး NYDC သည် အဂတိကင်းရှင်းစွာဆောင်ရွက်ရေး ဖြစ်ပြီး ယခင်ဖြစ်ခဲ့သည့်ကိစ္စရပ်များသည် ၎င်းနှင့်မသက်ဆိုင်သကဲ့သို့တာဝန်လည်းမရှိဟု ဦးသိမ်း ဝေက ပြောသည်။

ရန်ကုန်မြို့သစ်အကောင်အ ထည်ဖော်ရေး တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီနှင့် ရန်ကုန်တိုင်း အစိုးရတို့ ၂၀၁၈ ဧပြီ ၃၀ ရက် တွင် ပဏာမမူဘောင်သဘောတူညီမှုစာချုပ် (Framework Ag-reement) ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစီမံကိန်းနှင့်ပတ်သက်ပြီး စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက် ရေးအသင်းဥက္ကဋ္ဌဦးဝင်းမျိုးသူက လက်ရှိ NYDC အမှုဆောင် အရာရှိချုပ်ဦးသိမ်းဝေသည် နိုင်ငံတကာတွင် တာဝန်သိစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်၍ ရန်ကုန်တိုင်းအစိုးရက ထိုးကျွေးခြင်းဖြစ် သည်ဟု ဆိုသည်။ ထို့အတွက် စီး ပွားရေးသမားတစ်ဦးဖြစ်၍ အကျိုးအမြတ်မယူ ဆိုသည်မှာ သေချာသလားဟု ယင်းဆွေးနွေး ပွဲ၌ မေးခွန်းထုတ်ခဲ့သည်။

ထိုမေးခွန်းအပေါ် ဦးသိမ်းဝေက ‘‘ တကယ့်အမှန်ပါ။ အကျိုးမယူဘူးဆိုတာ ဂုဏ်သိက္ခာမြင့် ရေး တစ်ခုတည်းမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်တာပါ။ အကျိုးလိုလို့ သွားလုပ်ရင်ကောင်း ကောင်း၊ မကောင်းကောင်း အောင်မြင်မှာမဟုတ်ဘူး။ အောင် မြင်လည်း အကောင်းပြောခံရမှာ မဟုတ်ဘူး။ လခလည်း မယူဘူး။ အကျိုးလည်းမယူဘူး။ ကျွန်တော့် ကုမ္ပဏီတွေလည်း မပြိုင်ဘူး။ အဲဒါ အကောင်းဆုံးကာကွယ်မှု ရှိတယ်’’ ဟု ပြောသည်။

ထိုစီမံကိန်းသည် ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော်ကုန်ကျမည်ဖြစ်၍ ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ တင်ပြရမည်ဖြစ်သည်။ လက်ရှိတွင် ပြည်ထောင်စုအစိုးရက ခွင့်ပြုမိန့်ပေးရန် ကျန်ရှိနေခြင်းကြောင့် မကြာမီ ခွင့်ပြုမိန့်တင်မည်ဟု ဦးသိမ်းဝေက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service