ပေါ့ပ်ကြယ်ပွင့် ကေတီပယ်ရီ၏ လော့စ်အိန်ဂျလိရှိ နေအိမ် ဝယ်လက်ပေါ်ပေါက်သော်လည်း အရောင်းမပိတ်သေး

ပေါ့ပ်ကြယ်ပွင့် ကေတီပယ်ရီ၏ လော့စ်အိန်ဂျလိရှိ နေအိမ် ဝယ်လက်ပေါ်ပေါက်သော်လည်း အရောင်းမပိတ်သေး - Property News in Myanmar from iMyanmarHouse.com
6 Mar 2019 12:41 pm တွင် တင်ခဲ့သည်
877 ကြိမ် ကြည့်ရှု့ပြီး

ပေါ့ပ်ကြယ်ပွင့် ကေတီပယ်ရီသည် လော့စ်အိန်ဂျလိရှိ သူ၏နေအိမ်အတွက် နောက်ဆုံးတွင် ဝယ်လက်ရှာတွေ့သွားပြီဖြစ်ကြောင်း အိမ်ခြံမြေဈေးကွက်မှတ်တမ်းများအရ သိရှိရသည်ဟု နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မစ္စ ပယ်ရီသည် လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ဟေးလ်စ်အရပ်ရှိနေအိမ်ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် အရောင်းဈေးကွက်သို့ ပထမဆုံး ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုနှစ် ဒီဇင်ဘာတွင် ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းခဲ့သည်။

ယင်းနောက် ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ မတ်လတွင် ကန်ဒေါ်လာ ၉ ဒသမ ၂၈၅ သန်းဖြင့် ပြန်လည်ဈေးကွက်တင်ခဲ့ပြီး သြဂုတ်လတွင် ကန်ဒေါ်လာ ၈ ဒသမ ၉၅ သန်းသို့ လျှော့ချပေးကာ နောက်ဆုံးအကြိမ်ဈေးကွက်တင်ခဲ့သည်။

မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော နေအိမ်သည် အရောင်းဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာပြီး ဝယ်လက်တစ်ဦး၏ ကမ်းလှမ်းချက်ရရှိထားပြီဖြစ်သော်လည်း အရောင်းစာရင်းမပိတ်ထားသေးချေ။

ကေတီပယ်ရီသည် စတုရန်းပေ ၇၄၁၈ ကျယ်ဝန်းသော အဆိုပါနေအိမ်ကို အမေရိက၏ ထိပ်တန်းရေနံလုပ်ငန်းရှင် မိသားစုကြီးဖြစ်သော Getty မှ ဆင်းသက်သူ Aileen Getty ထံမှ ၂၀၁၃ ခုနှစ်၊ ဧပြီလအတွင်း ကန်ဒေါ်လာ ၈ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

မစ္စ ပယ်ရီသည် ယခုနေအိမ်အပြင် အနီးဝန်းကျင်ရှိ အခြားနေအိမ်ငယ်တစ်လုံးကိုလည်း ၂၀၁၃ ခုနှစ်၊ ဧပြီလအတွင်းတွင်ပင် တချိန်တည်း၊ တပြိုင်တည်း ဝယ်ယူခဲ့သည်။

အဆိုပါနေအိမ်ကိုလည်း မစ္စ Getty ကပင် ကန်ဒေါ်လာ ၃ သန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ ထိုနေအိမ်တွင် ရုပ်ရှင်ဒါရိုက်တာ စတီဖင် ဂျေးလင်ဟောလည်း နေထိုင်ခဲ့ဖူးပြီး မစ္စပယ်ရီက ယနေ့တိုင် ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

အရောင်းဈေးကွက်တင်ပေးခဲ့သည်မှာ Douglas Elliman ကုမ္ပဏီမှ အကျိုးဆောင်တစ်ဦးဖြစ်သူ အန်းနီ ခါးစ်ဝယ်လ် ဖြစ်သည်။

နေအိမ်တွင် အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၆ ခန်းပါဝင်သည့်အပြင် လုံခြုံရေးဂိတ်တဲအိမ်တစ်လုံး၊ နှစ်ထပ် ဧည့်ဂေဟာအိမ်နှင့် အားကစားလေ့ကျင့်ရေး အဆောက်အအုံတစ်လုံးတို့လည်း ပါဝင်သည်။

ခြံဝန်းအကျယ်မှာ ၂ ဒသမ ၃ ဧကရှိပြီး ရေကူးကန်၊ ရေကန်ဘေး နားနေနေရာနှင့် ဆိတ်ငြိမ်ပန်းဥယျာဉ်များ ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service