မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ အပိုင်း (၂)

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ အပိုင်း (၂) - Property News in Myanmar from iMyanmarHouse.com
4 Mar 2019 10:53 am တွင် တင်ခဲ့သည်
1220 ကြိမ် ကြည့်ရှု့ပြီး

၁။ ဗာတီကန်လျှို့ဝှက်မော်ကွန်းတိုက်၊ ဗာတီကန်စီးတီး

- ဘာသာရေးလျှို့ဝှက်ချက်တွေဟာ ကမ္ဘာ့အထူးစောင့်ကြပ်ခံရဆုံးလျှို့ဝှက်ချက်တွေပါပဲ။ ဗာတီကန်မော်ကွန်းတိုက်ထက်တော့ ဘာအရာကမှ ပိုပြီးအစောင့်ကြပ်ခံရမှာ မဟုတ်ပါဘူး။ ရာစုနှစ်များစွာရဲ့လျှို့ဝှက်ချက်တွေဟာ ဗာတီကန်မြေတိုက်ခန်းတွေထဲမှာ လျှို့ဝှက်မှုတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ နာနာဘာဝဘီလူးသရဲမကောင်းဆိုးဝါးတွေရဲ့ အသွင်၊ လက္ခဏာ၊ အထောက်အထားတွေနဲ့ ၂၀ ရာစုလယ်လောက်က ဖက်ဆစ်ဝါဒနဲ့ပတ်သက်ပြီး ဗာတီကန်စီးတီးဘုရားကျောင်းရဲ့ ထောက်ပံ့ဆောင်ရွက်မှုတွေ အဲ့ဒီမြေတိုက်ခန်းတွေထဲမှာ ရှိနေတယ်လို့ ကောလာဟလတွေ ထွက်ရှိဖူးပါတယ်။ တင်းတင်းကျပ်ကျပ်ပြန်လည်စစ်ဆေးသုံးသပ်ပြီးတဲ့နောက် ဒီကနေ့ခေတ်မှာတော့ အဲ့ဒီမြေတိုက်ခန်းထဲကို အဆင့်မြင့်ကျောင်းသားတွေနဲ့ ဆရာတွေကိုတော့ ပေးဝင်တယ်လို့ သိရပါတယ်။

၂။ ချင်ရှီဟွမ်းအုတ်ဂူ၊ တရုတ်

- တရုတ်နိုင်ငံ ရှီအန်းမြို့မှာ မြေထည်စစ်သားရုပ်တွေကို တွေ့ရှိမှုဟာ သမိုင်းတစ်လျှောက်အရေးပါဆုံးတွေ့ရှိမှုတစ်ခုပဲ ဖြစ်ပါတယ်။ သက်ရှိအရွယ်အစားတိုင်းထုလုပ်ထားတဲ့ အဲ့ဒီရှေးဟောင်းစစ်သားရုပ်ထောင်ပေါင်းများစွာဟာ တရုတ်ပထမဆုံးဧကရာဇ် ချင်ရှီဟွမ်းရဲ့ မြေအောက်အုတ်ဂူတည်ရှိရာလိုဏ်ဂူကြီးထဲမှာ အပြည့်ပဲဖြစ်ပါတယ်။ အဲ့ဒီလိုဏ်ဂူကြီးဟာ တရုတ်နိုင်ငံရဲ့ အထင်ရှားဆုံးခရီးသွားဧည့်သည်ဆွဲဆောင်ရာတစ်ခုဖြစ်လာပေမဲ့လည်း အုတ်ဂူကိုတော့ တင်းတင်းကျပ်ကျပ်စောင့်ကြပ်ထားဆဲဖြစ်ပါတယ်။ အဲ့ဒီအုတ်ဂူမှာ ကျူးကျော်သူတွေရန်ကနေကာကွယ်တဲ့အနေနဲ့ လျှို့ဝှက်ထောင်ချောက်တွေ ရှိတယ်လို့ ကောလာဟလတွေရှိတာကြောင့် အုတ်ဂူဟာ အနာဂတ်မှာလည်း ပိတ်ပင်ထားနိုင်ခြေရှိပါတယ်။

၃။ ဆာ့တ်ဆီကျွန်း၊ အိုက်စ်လန်

- ယူနက်စ်ကိုကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်တဲ့ ဆာ့တ်ဆီမီးတောင်ကျွန်းဟာ အိုက်စ်လန်နိုင်ငံကမ်းရိုးတန်းအပြင်ဘက် မိုင် ၂၀ ခန့်အကွာမှာ တည်ရှိပါတယ်။

သိပ္ပံပညာရှင်တွေက သဘာဝဖွံ့ဖြိုးတိုးတက်မှုတွေ၊ သစ်ပင်နဲ့ တိရစ္ဆာန်တွေနဲ့ပတ်သက်တဲ့အချက်အလက်တွေ၊ မျိုးစေ့တွေဖြစ်ပေါ်လာပုံနဲ့ မှို၊ ဘက်တီးရီးယားတို့ ဖြစ်ပေါ်လာပုံတွေနဲ့ပတ်သက်ပြီး အဲ့ဒီကျွန်းမှာ စူးစမ်းလေ့လာကြပါတယ်။

ဒီကနေ့ အဲ့ဒီကျွန်းမှာ ကျောရိုးမဲ့တိရစ္ဆာန်အမျိုးပေါင်း ၃၃၅ မျိုးနဲ့ မှိုအမျိုးအစားများစွာ တည်ရှိနေပါတယ်။ ဒါတွေ လူတွေကြောင့် ပျက်စီးမယ့်အရေးကို လျော့ပါးစေဖို့ သိပ္ပံပညာရှင်အချို့ကိုသာ စိစစ်ပြီး သွားရောက်လေ့လာခွင့်ပြုတယ်လို့ သိရပါတယ်။

၎။ မြောက်ပိုင်းသားညီအစ်ကို (North Brother) ကျွန်း၊ အမေရိကန်

- အင်မတန်လှပတဲ့ ဒီကျွန်းဟာ နယူးယောက်စီးတီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုများစွာထဲက တစ်ခုဖြစ်ပါတယ်။ ဘရွန့်စ်ကျွန်းနဲ့ ရိုက်ကာကျွန်းအကြားက အရှေ့ဘက်မြစ်ထဲမှာ တည်ရှိတဲ့ ဒီတားမြစ်ကျွန်းဟာ ၁၉ ရာစုတုန်းက ကူးစက်ရောဂါသည်တွေသီးသန်းထားတဲ့ မြစ်ကမ်းနံဘေးဆေးရုံ တည်ရှိရာနေရာဖြစ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာတော့ စစ်ပြန်တွေကို အဲ့ဒီဆေးရုံမှာ ထားရှိခဲ့ပြီး အဲ့နောက်ပိုင်းမှာ ဘိန်းစွဲသူတွေကို ဘိန်းဖြတ်ပေးတဲ့ဆေးရုံဖြစ်လာခဲ့ပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်အစောပိုင်းကာလတစ်ခုမှာတော့ ဆေးရုံကို ပိတ်ပစ်ခဲ့ပြီး ဆေးရုံဟာ အဲ့ဒီကတည်းက တစ်စတစ်စပျက်စီးလာခဲ့ပါတော့တယ်။ ပြုပြင်မှုမရှိဘဲ ကျေးငှက်တိရစ္ဆာန်တို့နဲ့ရှုပ်ထွေးပျက်စီးနေတဲ့ အဲ့ဒီကျွန်းကို ဒီကနေ့ခေတ်မှာတော့ အများပြည်သူသွားရောက်ခွင့်ပိတ်ပင်ထားပါတယ်။

၅။ Mezhgorye (မက်ဂေါ်ယဲ) ၊ ရုရှား

- Mezhgorye ဟာ ရုရှားရှိဖက်ဒရယ်ဒေသ ဘက်ရှ်ခေါ်တိုဆန်ရဲ့ မြို့တော် ယူဖာကနေ မိုင် ၁၂၀ ခန့်အကွာရှိ ယူရယ်တောင်တန်းဒေသမှာ တည်ရှိပါတယ်။ ၁၉၇၉ ခုနှစ်ကတည်ထောင်ခဲ့တဲ့ ဒီမြို့ငယ်လေးမှာနျူကလီးယားဒုံးကျည်ရှိတယ်လို့ ပြောစမှတ်ပြုကြပါတယ်။ အတည်မပြုနိုင်ပေမဲ့လည်း အဲ့ဒီမြို့မှာ အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်လို့ရတဲ့ အလိုအလျောက်အသက်ဝင်နိုင်တဲ့ဒုံးကျည်တွေ ရှိတယ်လို့ ယူဆရပါတယ်။ အဲ့ဒီမြို့ကို ပြင်ပလူတွေဝင်လို့မရအောင် တပ်ဖွဲ့နှစ်ဖွဲ့နဲ့ စောင့်ကြပ်ထားပါတယ်။ ဒီမြို့နဲ့ပတ်သက်ပြီး ရရှိတဲ့ တစ်ခုတည်းသောအချက်အလက်ကတော့ ဂြိုဟ်တုကနေ ရိုက်ထားတဲ့ ရုပ်ပုံတွေပဲ ဖြစ်ပါတယ်။ ရုရှားအစိုးရကတော့ အဲ့ဒီနေရာကို ရုရှားခေါင်းဆောင်းတွေအတွက် အရေးပေါ်ဗုံးခိုကျင်းတစ်ခုအဖြစ်နဲ့ နိုင်ငံရတနာတွေအတွက် မြေတိုက်တစ်ခုအဖြစ် အသုံးပြုတယ်လို့ ဆိုပါတယ်။

၆။ Niihau (နိုင်အဲဟော)၊ အမေရိကန်

- ထူးခြားဆန်းပြားကျွန်းတစ်ကျွန်းဖြစ်တဲ့ Niihau ကို တားမြစ်ခံကျွန်းလို့လည်း နာမည်ပြောင်ခေါ်ဝေါ်ပါတယ်။ ကျွန်းကိုမြင်တွေ့ရဖို့တောင်မှ ခဲယဉ်းပါတယ်။ အဲ့ဒီကျွန်းကို မိသားစုတစ်ခုတည်းကပဲ ပိုင်ဆိုင်လာခဲ့တာ နှစ်ပေါင်း ၁၅၀ ကျော်လာပါပြီ။ အဲ့ဒီကျွန်းနဲ့ ပြင်ပလောက အဆက်အစပ်မရှိဖြစ်နေဆဲဖြစ်ကာ အဲ့ဒီကျွန်းရဲ့အလှကို ၁၈၆၀ ပြည့်လွန်နှစ်မှာ ဝယ်ခဲ့တဲ့ ပိုင်ရှင်မိသားစုဆွေစဉ်မျိုးဆက်နဲ့ သူတို့မဝယ်ခင်မှာကတည်းက ရှိနေခဲ့တဲ့ ကျွန်းသူကျွန်းသားတွေရဲ့ ဆွေစဉ်မျိုးဆက်တွေပဲ ခံစားခွင့်ရှိနေဆဲဖြစ်ပါတယ်။

၇။ ဘုရင်မကြီး၏ အိပ်ခန်း၊ ဗြိတိန်

- ဘက်ကင်ဟမ်နန်းတော်ဆိုတာ ဗြိတိန်ထိပ်တန်းဆွဲဆောင်မှုတစ်ခုသာမကဘဲ ကမ္ဘာ့ထိပ်တန်းဆွဲဆောင်မှုတစ်ခုလည်း ဖြစ်ပါတယ်။ ဘက်ကင်ဟမ်နန်းတော်ဟာ ဘုရင်မကြီးရဲ့ လန်ဒန်ရှိ တရားဝင်အိမ်တော်ပဲ ဖြစ်ပါတယ်။ ဘက်ကင်ဟမ်နန်းတော်ဟာ ၁၈၃၇ ခုနှစ်ကတည်းက ဗြိတိန်ဘုရင်ဘုရင်မတို့ရဲ့ နေအိမ်တော်ဖြစ်လာခဲ့တာပါ။ နန်းတော်ရှိ အခြားအခန်းအများအပြားကို သွားရောက်လေ့လာနိုင်ပေမဲ့ ဘုရင်မကြီးရဲ့အိပ်ခန်းကိုတော့ တင်းတင်းကျပ်ကျပ်တားမြစ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service