တည်ဆောက်သူများ

တည်ဆောက်သူများ - Property Knowledge in Myanmar from iMyanmarHouse.com
28 Feb 2019 10:51 am တွင် တင်ခဲ့သည်
1636 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

မည်သူမျှ လက်ရှိ ပစ္စက္ခအတိုင်း နေခွင့်မရှိပါ။သတ္တဝါတိုင်း ဘ၀ကိုမဖြစ်မနေ တည်ဆောက် ယူကြရပါမည်။

ပဋိသန္ဓေနေသည်မှစ၍ကြည့်လျှင် လူသည် အဆင့် ဆင့်ပြောင်းလဲပြီး ဘ၀ကိုတည်ဆောက်လာကြရသည်။ ကလလရည်ကြည်မှ ဥပတိရုပ်လုံးပီပြင်သည့်အဖြစ်သို့ ရောက်လာကြ ရသည်။ သို့သော် ထိုအနေအထားသည် မိဘဟူသော ပင်မ ဒေါက်တိုင်ကြီးများ၏ ကူမှီရပ်တည်ပေးခြင်းကြောင့်သာ ဖြစ်ထွန်း ကြီးမားလာရသည်။ ထိုထောက်ကူရာ ဒေါက်တိုင်တို့မရှိခဲ့လျှင် လည်း ဘ၀တည်ဆောက်ရေးသည် အုတ်မြစ်ချအဆောက်အအုံ ဖြစ်မလာနိုင်တော့သည့် အုတ်ခဲကျိုးဘ၀မှာတွင် အဆုံးသတ်ရမည့် အနေအထားမျိုး ဖြစ်သွားနိုင်သည်။

လူတိုင်းသည် မိမိတို့ခန္ဓာကိုယ်ကို လိုသလိုပုံသွင်း ထုဆစ်ခွင့်ရှိကြပါသည်။ အချို့သည် ဗီဇသဘောအရ ချို့ယွင်း သော ခန္ဓာကိုယ်ကိုလက်ခံရရှိခဲ့ကြသည်။ ထိုအနေအထား ကြောင့် ဘ၀ကိုလက်မြှောက်အရှုံးပေး သွားသူများရှိသည်။ အချို့သည် ထိုချို့ယွင်းမှု အကောင်းဆုံးဖြစ်နိုင်မည့် အနေအထား ရောက်အောင် ဘ၀ကိုကြိုးကြိုးစားစားဖန်တီး တည်ဆောက်ကြသည်။

လူအချို့သည် ကိုယ်လက်အင်္ဂါ ပြည့်ပြည့်စုံစုံနှင့် မွေးဖွားလာကြပါလျက် ဗဟိဒ္ဓပိုင်းဖြစ်သောခန္ဒာကိုယ်ကိုတောင် မှ အလှပဆုံးပြုပြင်တည်ဆောက်မှုမလုပ်ကြပါ။ ပစ်စလက်ခတ် နေကြရာ ခန္ဓာကိုယ်သည် ပိန်လှီခြင်း၊ ၀ဖြိုးလွန်းခြင်းတို့ကြောင့် မိမိစိတ်တိုင်းကျ အနေအထားမရှိတော့သည့်အဖြစ်ကို ပိုင်ဆိုင် ကြရတော့သည်။ အချိန်လွန်မှ ပြုပြင်တည်ဆောက်ဖို့ ကြိုးစား ကြရာ မလွယ်ကူသောအနေအထားသို့ ရောက်ကုန်ကြပြီဖြစ် သည်။

ခန္ဓာကိုယ်မချို့ယွင်းပါဘဲ ဘ၀ကိုအရှုံးပေးပြီး လူ့ လောကမှ ထွက်ခွာဖို့ကြိုးစားနေကြသည့်ဖြစ်စဉ်များကို တွေ့နေ ရသည်။ ဖြစ်ဖို့ရာ ရဖို့ရာခက်ခဲသည့်ဘ၀ကိုသော်မှ သေဖို့ရာ လုပ်ရဲဝံ့လျှင် ရုန်းကန်တည်ဆောက် လှုပ်ရှားကြရမည်ကို ဘာ များထူးပြီး ရှောင်လွှဲနေတော့မည်နည်း။ ရင်ဆိုင်ယှဉ်ပြိုင်ပြီး ဘ၀ကို တည်ဆောက်ယူကြရပါမည်။ သုညကစသည့်ဘ၀ ကံ ကြီးထိုက်မည့် အမှုမလုပ်သမျှ အမြတ်မရတောင် အရင်းတော့ ကျွန်ုပ်တို့ပြန်ရနိုင်ပါသည်။ ကြိုးစားတည်ဆောက်ကြည့်ပါ။

ခြေနှစ်ချောင်းချို့ယွင်းနေသည့် အားကစားသမား တစ်ယောက်ကို တွေ့ဖူးပါသည်။ ၎င်းသည် ခြေလက်အင်္ဂါပြည့်စုံ သည့် လူတစ်ယောက်ပင် မဖို့ခက်သည့် အလေးပြားများကို မပြခဲ့သည်။ ထိုလေ့ကျင့်မှုကြောင့်ပင် အချို့လူကောင်းတို့ ရရန် ခက်ခဲသည့် ခန္ဓာကိုယ်အပေါ်ပိုင်းသည် ကြွက်သားတို့နှင့်လှပ နေပေသည်။

ဘီးတပ်ကုလားထိုင်နှင့် သွားနေရသည့်သူတစ်ဦးသည် လည်း ၎င်း၏ချို့ယွင်းချက်ကို အားငယ်လက်လျော့မနေဘဲ ကောင်းမွန်သည့်အပေါ်ပိုင်းကို ကြံ့ခိုင်နိုင်သမျှ ကြံ့ခိုင်အောင် လေ့ကျင့်တည်ဆောက်ပြီး နံရံတက်လေ့ကျင့်ခန်းများကို လေ့ကျင့် ပြသသည်ကို တွေ့ခဲ့ရသည်။

မွေးကတည်းက မလိုချင်လည်း လက်ခံခဲ့ကြရသည့် ချို့ယွင်းမှုများကိုသော်မှအန်တုပြီး မိမိဘ၀ကို အကောင်းဆုံး ဖြစ်အောင် တည်ဆောက်နိုင်ကြပါသည်။ ကိုယ်လက်အင်္ဂါချို့ယွင်း မှုများရှိနိုင်ကြသလို၊ အသိဉဏ်ပိုင်းအားဖြင့် ချို့ယွင်းစွာ မွေးဖွားလာကြသူများလည်း ဒုနှင့်ဒေးရှိကြပါသည်။ ပုံမှန်အတိုင်း မွေးဖွားလာကြသူများနှင့် ထို့ထက်ထူးခြားသည့် ပါရမီဓာတ်ခံတို့နှင့် မွေးဖွားလာကြသူများလည်း ရှိပါသည်။

ချို့ယွင်းသောအသိဉဏ်တို့ကို ပိုင်ဆိုင်မွေးဖွားလာ ကြသူများအနေနှင့်လည်း ၎င်းတို့နှင့်ထိုက်သင့်သည့် သင်ကြားမှု လုပ်ပေးနိုင်မည်ဆိုလျှင် လူတောသူတောတိုးနိုင်လောက်သည့် ဘ၀ထူထောင်မှုကိုလည်း ရရှိနိုင်ကြပါသည်။ ဘ၀ကိုအရှုံးမပေး ဖို့သာလိုပါသည်။

ပါရမီဓာတ်ခံကောင်းပိုင်ဆိုင်သူများအနေနှင့် အထူး ပြောဖွယ်ရာမရှိသော်လည်း အသိပညာ၊ အကျင့်အကြံတို့ကို လုံ့လထပ်မထုတ်လျှင် အကြောင်းတိုက်ဆိုင်မှုမရှိဖြစ်ပြီး ငုတ်ကောင်အဖြစ်ဖြင့် ဘ၀ကိုအဆုံးသတ် သွားကြပါလိမ့်မည်။အတိတ်က တည်ဆောက်ထားသော ပါရမီဓာတ်ခံပင်လျှင် ထိုသို့ ဖြစ်နိုင်သေးရာ ဘယ်လိုအနေအထားမျိုးနှင့်ဖြစ်ဖြစ် လူ့ဘ၀ကို ရရှိရောက်ရှိလာခဲ့လျှင် အမှန်ကိုလက်ခံပြီး ဘ၀ကိုတည်ဆောက် ယူကြရပါမည်။

သာမန် သို့မဟုတ် ပုံမှန်အသိဉဏ်လောက်နှင့်သာ မွေးဖွားလာ သူများအနေနှင့်လည်း မိမိဘ၀တည်ဆောက်မှုတွင် အခွင့်အလမ်းတို့ များစွာရှိကြသည်။ မိမိ၏အသိဉဏ်ကို မြင့်သထက်မြင့်အောင် တည်ဆောက်နိုင်ခွင့်ရှိကြသည်။ အကောင်း ဆုံးခန္ဓာကိုယ်ကို တည်ဆောက်နိုင်ခွင့်ရှိသလို ၊ အသိဉဏ်ထူး ရရှိအောင်အထိ ကြိုးစားနိုင်ခွင့်လည်း ရှိနေပါသည်။

မိမိတို့၏ ဘ၀ကိုဖန်တီးတည်ဆောက်ကြရာတွင် မည်မျှ အုတ်မြစ်ခိုင်မာမှုရှိသည်ကို လောကကြီးက စမ်းသပ်၍ စစ်တမ်း ထုတ်တတ်သည်။ ကျန်းမာပြည့်စုံသော ခန္ဓာကိုယ်ကို တည်ဆောက် မှုလုပ်မထားပါလျှင် ရောဂါပိုးမွှားတို့ ထိုးနှက်လာတိုင်း ခံရပါလိမ့်မည်။ အချိန်၏တွန်းရွေ့မှုတွင်လည်း မြန်မြန်အိုစာကျသွားပါ လိမ့်မည်။ အသိဉဏ်ပိုင်းစစ်တမ်းထုတ်မှုတွင် ဘ၀၏အမေး ပုစ္ဆာများသည် ပုံစံအမျိုးမျိုးနှင့်ဝင်လာတတ်သည်။ ဖြေနိုင်သည် များရှိသလို မဖြေနိုင်သည်များလည်း အများအပြားပင် ရှိပါလိမ့် မည်။ ကျွန်ုပ်တို့အနေနှင့် မေးခွန်တိုင်းကို ဖြေနိုင်ဖို့မဖြစ်နိုင်သလို ဖြေဖို့လည်း မလိုအပ်ပါ။ မိမိဖြေနိုင်သော၊ ဖြေရှင်းနိုင်မည်ဟု ယူဆသော ပုစ္ဆာတို့ကိုပိုင်နိုင်စွာ ရွေးချယ်ပြီး အဖြေထုတ်ရပါ လိမ့်မည်။

ကျွန်ုပ်တို့အနေနှင့် ဘ၀ဖြစ်တည်လာပြီဆိုသည်နှင့် ရှင်သန်ရပ်တည်နိုင်ဖို့ ဘ၀တိုက်ပွဲပေါင်းများစွာ ကြုံကြရပါလိမ့် ဦးမည်။ ထိုဘ၀တိုက်ပွဲများစွာ ရင်ဆိုင်နိုင်ဖို့ ကိုယ်ခံအားကောင်း သည့် အလေ့အကျင့်များကို လေ့ကျင့်ထားဖို့လိုပါသည်။ ထိုသို့မှ မဟုတ်လျှင် မွေးသည်မှ သေသည့်ကာလအတွင်း ရှောင်လွှဲ၍ မရနိုင်သောတိုက်ပွဲတို့ မလွဲဧကန်ကြုံတွေ့ရပါမည်။ ထိုတိုက်ပွဲ တို့ကို မိမိအနေနှင့် အဘယ်မျှ ရင်ဆိုင်တိုက်ခိုက်ရင်း အောင်ပွဲ ယူနိုင်မည်နည်း။ ကိုယ်ခံအား တည်ဆောက်ထားနိုင်သမျှ အောင် ပွဲအဖြေက များပါလိမ့်မည်။ ထိုသို့မှမဟုတ်လျှင် လောကကြီးမှ နေ၍ စောစောစီးစီး ထွက်ခွာချင်စိတ်ပေါက်သွားပါလိမ့်မည်။

ဘ၀ဆိုသောသစ်သားပေါ်တွင် ချွန်ထက်သောသံ ချောင်းအတွက် နစ်ဝင်ခိုင်မြဲစွာရပ်တည်ဖို့ နေရာတို့ လွယ်ကူ လှမည်ဖြစ်သော်လည်း၊ ဘ၀ဆိုသော ကျောက်ဆောင်ပေါ်တွင် မည်မျှချွန်ထက်သည့် သံချောင်းဖြစ်ပါစေ ခိုင်မြဲအောင်ရပ်တည် ထိုးဖောက်ဖို့ မလွယ်ကူလှပေ။ အသိဉဏ်အမြင်နှင့် ကျောက်ဆောင်ကျောက်ခဲ၏ ခံနိုင်အားနည်းသည့်အစိတ်အပိုင်းကို ထိုး ဖောက်ခြေကုတ်ယူနိုင်ပါမှသာ နေရာယူရပ်တည်နိုင်ပါလိမ့်မည်။

လူသားတို့အနေနှင့် အနန္တတန်ခိုးရှင်ထိ ဖြစ်နိုင်ခွင့် တည်ဆောက်နိုင်ခွင့်ရှိသည်။ ရှင်သန်ခွင့်ရသည့် ဘ၀ကိုခက်ခက် ခဲခဲနှင့် အောင်မြင်လွတ်မြောက်အောင် တည်ဆောက်နိုင်ကြ သော လူသားတို့အနေနှင့် လူတို့နေထိုင်ရာ အဆောက်အအုံ တို့ကို ပုံစံအမျိုးမျိုး၊ ထုထည် အမျိုးမျိုးကို အစွမ်းကုန်လက်ကုန် လွှတ်၍ တည်ဆောက်နိုင်ကြပါလျက် ၀ိသမလောဘတတ်ပြီး ကိုယ့်စွမ်းရည်ကိုလျော့ပြီး မလုပ်မိကြရန်လိုပါသည်။

စာဘူးတောင်းငှက်ကလေး၏ နှုတ်သီးနှင့်ခြေထောက် တို့ဖြင့် ယှက်ထိုးတည်ဆောက်ထားသည့် သိုက်မြုံကလေးတောင် မှ ထန်းပင်မြင့်ဖျားရှိ ရွက်ထိပ်ဖျားလေးတွင် တွဲလဲခိုတည်ဆောက် ပြီး မိုးဒဏ်နှင့်လေဒဏ်ကို ရဲဝံ့စွာအန်တုပြီး ၎င်းကိုယ်တိုင်နေ၀ံ့ သော ပညာမျိုး ကျွန်ုပ်တို့လူသားများတွင်လည်း ရှိသင့်လှပေ တော့သည်။

ဘိုးသာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service