ငွေကြေးဈေးကွက်တွင် ဒေါ်လာဈေးကျပြီး ကျပ်ငွေတန်ဖိုးမာ

ငွေကြေးဈေးကွက်တွင် ဒေါ်လာဈေးကျပြီး ကျပ်ငွေတန်ဖိုးမာ - Property News in Myanmar from iMyanmarHouse.com
28 Feb 2019 9:49 am တွင် တင်ခဲ့သည်
5928 ကြိမ် ကြည့်ရှု့ပြီး

ယခုနှစ်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၁,၅၀၀ အောက်သို့ ပထမဆုံးပြန်လည်ကျဆင်းလာသည်။

ဗဟိုဘဏ်က တစ်ရက် ကန်ဒေါ်လာ ငါးသန်းခန့် ပုဂ္ဂလိ ကဘဏ်များထံမှ ဝယ်ယူနေသော် လည်း ပြည်တွင်း ငွေကြေးဈေး ကွက်တွင် ယခုနှစ်အတွင်း ပထမ အကြိမ်အဖြစ် တစ်ဒေါ်လာလျှင် ကျပ် ၁,၅၀၀ အောက်သို့ ကျဆင်း လာသည်။

ဗဟိုဘဏ်က ဒေါ်လာတန်ဖိုး အတက်အကျကို ထိန်းလိုခြင်း ကြောင့် ဖေဖော်ဝါရီ ၂၂ ရက်က စတင်ပြီး ပုဂ္ဂလိကဘဏ်များထံမှ ဒေါ်လာ ၂၃ သန်းကို ရည်ညွှန်း ငွေလဲနှုန်းဖြင့် ဝယ်ယူခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၅၀၀ ကျော်ဖြင့် ဈေးကွက်ဖွင့်ခဲ့သော် လည်း ညနေတွင် ၁,၄၉၇ ကျပ် ဝန်းကျင်သို့ ကျဆင်းလာသည်။

အထည်ချုပ်အလုပ်သမား များ လစာပေးရန် ဒေါ်လာအဝယ် များခြင်း၊ နိုင်ငံတကာ ငွေကြေး ဈေးကွက်တွင် ဒေါ်လာတန်ဖိုးကျ ဆင်းခြင်းကြောင့် ကျပ်ငွေတန်ဖိုး မြင့်လာခြင်းဟု စီးပွားရေးလုပ်ငန်း ရှင်အချို့က သုံးသပ်သည်။

‘‘နိုင်ငံတကာမှာက အမေရိ ကန်၊ တရုတ်ကုန်သွယ်ရေးစစ်ပွဲ အခြေအနေ ကောင်းလာတော့ ဒေါ်လာတန်ဖိုးကျပြီး စတော့တန် ဖိုးတက်လာတာလည်း ပါတယ်’’ ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်းထုတ်လုပ်တင်ပို့ရောင်း ချသူများအသင်း ဥက္ကဋ္ဌ ဒေါက် တာ စိုးထွန်းက ပြောသည်။ ထို့အပြင် ဒေါ်လာတန်ဖိုး ကျခြင်း ကြောင့် ကမ္ဘာ့ရွှေဈေး တစ်အောင် စလျှင် ၁,၃၂၇ ဒေါ်လာသို့ မြင့် တက်နေသည်။

နိုင်ငံတကာ အခြေအနေ ကြောင့် လာမည့်ရက်များတွင် ပြည်တွင်း ငွေကြေးဈေးကွက်၌ ဒေါ်လာတန်ဖိုး ခန့်မှန်းရန်ခက်ခဲ ကြောင်း စီးပွားရေးလုပ်ငန်းရှင်အ ချို့က ပြောသည်။

နိုင်ငံခြားမှ တစ်ရက်လျှင် ဒေါ်လာ ၁၃၃ သန်းကျော် တင် သွင်းနေရသော မြန်မာနိုင်ငံတွင် ကျပ်ငွေတန်ဖိုးမြင့်တက်လာခြင်း က နိုင်ငံ့စီးပွားရေးအတွက်ကောင်းသည့်အလားအလာဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောကြားသည်။

သို့သော် ဒေါ်လာ ၁၁၄ သန်းကျော် ပြည်ပသို့ပို့ကုန်တင်ပို့ နေသည့် လုပ်ငန်းရှင်များအတွက် ကျပ်ငွေတန်ဖိုး ပြန်မြင့်တက်ခြင်း က အကျိုးအမြတ်လျော့နည်းစေ သည်။

‘‘ငွေလဲနှုန်းက ငြိမ်နေဖို့လိုပါ တယ်’’ ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဗဟိုအလုပ်အမှု ဆောင် ဦးမျိုးသူရအေးက ပြော သည်။ လက်ရှိအချိန်သည်ဆောင်း ရာသီတွင် မတ်ပဲအသစ်ပေါ်ချိန် ဖြစ်ပြီး အိန္ဒိယအပါအဝင် ပြည်ပ နိုင်ငံများသို့ အဓိကထားတင်ပို့ရန် စိုက်ပျိုးထုတ်လုပ်သည့် မတ်ပဲကို ဒေါ်လာဖြင့်ရောင်းချခြင်းဖြစ်ရာ ဒေါ်လာတန်ဖိုးလျော့နည်းခြင်းက မတ်ပဲဈေးကျဆင်းလာနိုင်သည် ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service