အုပ်စုဖွဲ့ အဓမ္မကျင့်ခံရသော စားပွဲထိုးမလေးအဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရခဲ့သူ ဂျိုဒီဖော်စတာက လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၅ ဒသမ ၉ သန်းဖြင့် ရောင်းချမည်

အုပ်စုဖွဲ့ အဓမ္မကျင့်ခံရသော စားပွဲထိုးမလေးအဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရခဲ့သူ ဂျိုဒီဖော်စတာက လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၅ ဒသမ ၉ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
26 Feb 2019 10:51 am တွင် တင်ခဲ့သည်
931 ကြိမ် ကြည့်ရှု့ပြီး

၁၉၈၈ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သော The Accused ရုပ်ရှင်ဇာတ်ကားတွင် အမျိုးသား ၃ ဦး၏ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုခံရသော အရက်ဘားဆိုင်မှ စားပွဲထိုးမလေး ဆာရာအဖြစ် ပါဝင်သရုပ်ဆောင်ကာ အကောင်းဆုံးဇာတ်ဆောင် မင်းသမီးအဖြစ် အော်စကာဆု ရခဲ့သူ ဂျိုဒီဖော်စတာသည် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ သူ၏စံအိမ်ကို ကန်ဒေါ်လာ ၁၅ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

ဂျိုဒီဖော်စတာ၏ အမည်ရင်းမှာ အလစ်ရှား ခရစ္စရှင်း ဖော့စတာဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့တွင် ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် မွေးဖွားခဲ့ကာ အသက် ၃ နှစ်သမီးအရွယ်ကတည်းကပင် မော်ဒယ်အဖြစ် စတင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ဂျိုဒီဖော်စတာသည် ၁၉၉၁ ခုနှစ်တွင် ထုတ်လုပ်သည့် စိတ္တဇဆန်ဆန် ရုပ်ရှင်ဖြစ်သော The Silence of the Lambs ဇာတ်ကားတွင်လည်း အကောင်းဆုံးသရုပ်ဆောင် မင်းသမီးအဖြစ် အော်စကာဆု ထပ်မံရရှိခဲ့သည်။

The Silence of the Lambs သည် စုစုပေါင်း အော်စကာဆု ၅ ဆုအထိ ရရှိခဲ့သည့်အပြင် ရိုက်ကူးစရိတ် ကန်ဒေါ်လာ ၁၉ သန်းသာ ကုန်ကျခဲ့ပြီး ကန်ဒေါ်လာ ၂၇၂ ဒသမ ၇ သန်းအထိ ဝင်ငွေရရှိခဲ့သည်။

ယခုအခါ ဂျိုဒီဖော်စတာက လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၁၅ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

၁၉၅၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး နှစ်ထပ်အဆောက်အအုံဖြစ်ကာ မွမ်းမံပြုပြင်မှု ကြီးကြီးမားမား ပြုလုပ်ထားပြီးဖြစ်ကာ အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၇၅၀၀ ခန့်အထိရှိသည်။

ဂျိုဒီဖော်စတာနှင့် သူ၏ဇနီး (မှတ်ချက်။ အမျိုးသမီးချင်း အိမ်ထောင်ပြုခြင်းဖြစ်) အလက်ဇန္ဒြား ဟယ်ဒစ်ဆင်တို့သည် အိပ်ခန်း ၅ ခန်းပါ အဆိုပါစံအိမ်ကို ၂၀၁၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၁၇၅၀၁၁၇ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

သီးသန့် အိမ်ရာဝန်းတစ်ခုအတွင်းမှ စံအိမ်ဖြစ်သောကြောင့် ဓာတ်ပုံအချို့သာ ရရှိနိုင်သေးသည်။

အရောင်းဈေးကွက်တင်သည့် ကြော်ငြာတွင် ဖော်ပြချက်အရ ကျေးလက်ရိုးရာဟန် စံအိမ်သည် လော့စ်အိန်ဂျလိ၏ တပ်မက်ဖွယ် အကောင်းဆုံးလမ်းများတွင် တစ်ခုအပါအဝင်ဖြစ်သော လမ်းပေါ်၌ တည်ရှိသည်ဟု ဆိုသည်။

“အထူးခြားဆုံးကတော့ တောင်ကုန်းတွေပေါ်မှာ တည်ရှိတာ၊ တသီးတသန့်ဖြစ်တာ၊ ခြံဝန်းကျယ်ပြောတာ၊ ရှုခင်းကျယ်တွေ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်”ဟု အရောင်းဈေးကွက်တင်ပေးခဲ့သည့် Hilton & Hyland မှ အိမ်ခြံမြေအကျိုးဆောင် ဒေးဗစ် ကရာမာက ပြောကြားသည်။

“ဒီလိုအချက်တွေအားလုံး နေအိမ်တစ်လုံးထဲမှာ စုဝေးနေတာမျိုး တွေ့ရဖို့ သိပ်ခက်ပါတယ်”ဟုလည်း ကရာမာက ဆက်လက်ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service