တရုတ်ပြည်၏ ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော Dalian Wanda က ကုန်တိုက်ပေါင်း ၃၇ ခုကို ယွမ်ငွေ ၈ ဘီလီယံဖြင့် ရောင်းချ

တရုတ်ပြည်၏ ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော Dalian Wanda က ကုန်တိုက်ပေါင်း ၃၇ ခုကို ယွမ်ငွေ ၈ ဘီလီယံဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
19 Feb 2019 11:31 am တွင် တင်ခဲ့သည်
595 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်၏ ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော Dalian Wanda သည် ကုန်တိုက်ပေါင်း ၃၇ ခုကို ယွမ်ငွေ ၈ ဘီလီယံဖြင့် ရောင်းချလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Dalian Wanda သည် ကုန်တိုက်များကို တရုတ်လက်လီကုမ္ပဏီ Suning.com သို့ ယွမ်ငွေ ၈ ဘီလီယံနီးပါး (ကန်ဒေါ်လာ ၁ ဒသမ ၁၈ ဘီလီယံ) ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

Dalian Wanda သည် ပြည်ပတွင်ရှိသော အိမ်ခြံမြေပိုင်ဆိုင်မှုများနှင့် ပြည်တွင်းရှိ အရေးမကြီးသော ပိုင်ဆိုင်မှုများကို ကြွေးမြီလျှော့ချရေး စီမံကိန်းကြောင့် ထုတ်ရောင်းခဲ့ခြင်း ဖြစ်သည်။

Dalian Wanda ထံမှ Suning.com က ကုန်တိုက်များ ဝယ်ယူမှုကို ပထမဆုံးစတင် ထုတ်ဖော်ပြောကြားခဲ့သူမှာ Suning ၏ ဥက္ကဌ ချန်းကျင်တုံးဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပခဲ့သော ကုမ္ပဏီ၏ နှစ်သစ်ကူး အစည်းအဝေးပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်တွင် တရားဝင်အတည်ပြုခဲ့သည်။

ချန်းကျင်တုံးက ပြောကြားရာတွင် “ဒီဝယ်ယူမှုဟာ ၂၀၁၉ ခုနှစ်အတွင်း လက်လီအရောင်းကဏ္ဍ တိုးချဲ့ဖို့အတွက် Suning ရဲ့ အရေးကြီးတဲ့ ခြေလှမ်းဖြစ်ပါတယ်”ဟု ဆိုသည်။

Suning ကုမ္ပဏီက ဆက်တိုက်ဝယ်ယူမှုများ ပြုလုပ်လျက်ရှိရာတွင် ယခုဝယ်ယူမှုမှာ နောက်ဆုံးခြေလှမ်းဖြစ်သည်။

Suning သည် အိမ်သုံးပစ္စည်းများ ရောင်းချသည့်ကုမ္ပဏီအဖြစ်မှ မကြာသေးမီနှစ်များအတွင်း အလွန်တိုးတက်အောင်မြင်လာခဲ့ပြီး တရုတ်ပြည်၏ အကြီးမားဆုံးသော လက်လီရောင်းချသူများတွင် တစ်ခုအပါအဝင် ဖြစ်လာသည်။

ယခုအချိန်တွင် တရုတ်ပြည်မကြီးရှိ မြို့ကြီးပေါင်း ၇၀၀ တွင် ဆိုင်ခွဲပေါင်း ၁၆၀၀ ကျော်ကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

Dalian Wanda ထံမှ Suning.com က ကုန်တိုက်များ ဝယ်ယူမှုကို မူလက ရှန်ကျန်းစတော့အိတ်ချိန်းတွင် ကြေညာခဲ့ခြင်းမရှိချေ။

ထိုသို့မကြေညာရခြင်း၏ အကြောင်းရင်းမှာ အရောင်းအဝယ်၏ စုစုပေါင်းတန်ဖိုးသည် သတ်မှတ်ထားသည့် ပမာဏထက် မကျော်သောကြောင့်ဖြစ်သည်ဟု Suning က ထုတ်ပြန်သည်။

၂၀၁၇ ခုနှစ်၊ Suning ၏ အသားတင်ပိုင်ဆိုင်မှုမှာ ယွမ်ငွေ ၇၈ ဒသမ ၉၆ ဘီလီယံဖြစ်သည်။

ထို့ကြောင့် သတ်မှတ်ပမာဏထက်မကျော်လွန်ဟု ဆိုခြင်းမှာ ကုန်တိုက်များ၏ အရောင်းအဝယ်တန်ုဖိုးသည် ကုမ္ပဏီတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းဖြစ်သော ၇ ဒသမ ၉ ဘီလီယံထက် မကျော်လွန်ခဲ့ဟု ဆိုလိုခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်

နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ

ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...

သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ

အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်

ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်

တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး

area-one-business-complex
cherry-condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service