လာမည့်မတ်လတွင် မလေးရှား၌ ရင်းဂစ် ၂၂ ဒသမ ၅ ဘီလီယံတန်ကြေးရှိ အိမ်ခြံမြေများ ရောင်းထုတ်ရန် စီစဉ်လျက်ရှိ

လာမည့်မတ်လတွင် မလေးရှား၌ ရင်းဂစ် ၂၂ ဒသမ ၅ ဘီလီယံတန်ကြေးရှိ အိမ်ခြံမြေများ ရောင်းထုတ်ရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
19 Feb 2019 10:54 am တွင် တင်ခဲ့သည်
567 ကြိမ် ကြည့်ရှု့ပြီး

မလေးရှားနိုင်ငံတွင် ရောင်းမထွက်ဘဲရှိနေသာ ရင်းဂစ် ၂၂ ဒသမ ၅ ဘီလီယံတန်ကြေးရှိ အိမ်ခြံမြေများကို လာမည့် မတ်လအတွင်း ရောင်းထုတ်ရန် စီစဉ်နေကြောင်း အိုးအိမ်နှင့် ဒေသတွင်းအစိုးရဝန်ကြီး ဇူရိုင်ဒါကာမာရူဒင်က ပြောကြားသည်။

“ပြည်သူတွေအတွက် ဖြစ်နိုင်သမျှ အဆုံးစွန်လျှော့ဈေးနဲ့ ရောင်းချပေးသွားဖို့ ကျွန်မတို့ ရည်မှန်းထားပါတယ်”ဟု ဇူရိုင်ဒါက ပြောကြားခဲ့ကြောင်း ဘဏ္ဍာရေးသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Bloomberg တွင် ဖော်ပြသည်။

အဆိုပါအိမ်ခြံမြေများကို မတ်လ ၁ ရက်မှ ၃ ရက်အထိကျင်းပမည့် အိမ်ခြံမြေပြပွဲတွင် ရောင်းထုတ်သွားရန် စီစဉ်ထားပြီး developer ပေါင်း၁၈၀ ခန့်က လူနေခန်းပေါင်း ၂၂၀၀၀ ခန့်ကို လျှော့ဈေးဖြင့် ရောင်းချသွားမည်ဟု ဆိုသည်။

ရောင်းမထွက်ဘဲဖြစ်နေသော အိမ်ခြံမြေတို့၏ ဈေးနှုန်းကို မလေးရှားနိုင်ငံသားအများစု ဝယ်ယူနိုင်မည့် တန်ဖိုးသင့်ဈေးနှုန်းများအဖြစ် လျှော့ချပေးနိုင်ရန်ရည်ရွယ်သည်ဟုလည်း ဆိုသည်။

ရောင်းလိုအားများပြားနေခြင်းနှင့် ပြည်တွင်းအိမ်ခြံမြေဈေးကွက်တည်ငြိမ်မှုရှိစေရန် လုပ်ဆောင်မှုများကြောင့် အိမ်ခြံမြေဈေးကွက် ရောင်းအားမှာ နှေးကွေးနေခဲ့သည်။

မလေးရှားဗဟိုဘဏ်ဖြစ်သော Bank Negara Malaysia မှ ထုတ်ပြန်ခဲ့သော အချက်အလက်များတွင် ဖော်ပြထားသည်မျာ နိုင်ငံတကာ စံနှုန်းများအရ မလေးရှားအိမ်ခြံမြေဈေးနှုန်းများမှာ ဆိုးဆိုးရွားရွား တန်ဖိုးသင့်မဟုတ်သည့် အခြေအနေဖြစ်နေကြောင်း၊ မလေးရှားလူလတ်တန်းစားအိမ်ထောင်စုတို့၏ နှစ်စဉ်ဝင်ငွေ ၅ ဆခန့်ဖြစ်နေကြောင်း ဖော်ပြထားသည်။ ကမ္ဘာ့စံနှုန်းမှာ အလယ်အလတ်ဝင်ငွေရှိသူတို့၏ တစ်နှစ်တာဝင်ငွေ ၃ ဆဖြစ်သည်ဟု ဆိုသည်။

ဗဟိုဘဏ်၏ ခန့်မှန်းချက်အရ ပျှမ်းမျှအားဖြင့် မလေးရှားအိမ်ထောင်စုတို့ အမြင့်ဆုံးတတ်နိုင်သည့် ဈေးနှုန်းမှာ ရင်းဂစ် ၂၈၂၀၀၀ ဖြစ်ကြောင်း၊ လက်ရှိဈေးနှုန်းများမှာ ပျှမ်းမျှပမာဏထက် ၁၁ ရာခိုင်နှုန်း များပြားနေကြောင်း ခန့်မှန်းထားသည်။

အနာဂတ်တွင် လူနေအိမ်ရာစီမံကိန်းများကို အတည်ပြုချက်မပေးမီ ဒေသတွင်း ဝင်ငွေအဆင့်ကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း ဇူရိုင်ဒါက ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တစ်နှစ်မှာတစ်ခါ ပျော်ရွှင်စရာ ခရမ်းချဉ်သီးမှည့်များနဲ့ ပစ်ပေါက်ကြတဲ့ La Tomatina ခရမ်းချဉ်သီးပွဲတော်...

ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ

နိုင်ငံခြားသား ဝယ်ယူနိုင်သောကွန်ဒိုများကိုစိတ်ဝင်စားမှု မြင့်တက်နေ

သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....

အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်...

နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
pan-swal-taw
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service