စင်္ကာပူရှိ ၃၅ ထပ်မိုးမျှော်တိုက်ကြီးတစ်လုံးကို ဒေါ်လာ သန်း ၇၀၀ ကျော်ဖြင့် အရောင်းအဝယ်ဖြစ်

စင်္ကာပူရှိ ၃၅ ထပ်မိုးမျှော်တိုက်ကြီးတစ်လုံးကို ဒေါ်လာ သန်း ၇၀၀ ကျော်ဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
5 Feb 2019 11:32 am တွင် တင်ခဲ့သည်
950 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးဖြစ်သော Gaw Capital Partners သည် စင်္ကာပူနိုင်ငံ၊ တန်ဂျောင် ပဂါးအရပ်ရှိ ၃၅ ထပ်မိုးမျှော်တိုက်ကြီးကို စင်္ကာပူဒေါ်လာ သန်း ၇၁၀ ဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အရောင်းအဝယ်ဖြစ်ခဲ့သော မိုးမျှော်တိုက်ကြီး၏ အမည်မှာ Robinson 77 ဖြစ်ပြီး CLSA Capital Partners ကုမ္ပဏီက ရောင်းချခဲ့ခြင်း ဖြစ်သည်။

CLSA Capital Partners သည် တရုတ်ပြည်မကြီးမှ CITIC Group က ထိန်းချုပ်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ သည်မှာ စင်္ကာပူဒေါ်လာ သန်း ၇၁၀ (ကန်ဒေါ်လာ ၅၂၆ သန်း) ဖြင့်ဖြစ်သည်။

အဆိုပါအဆောက်အအုံကြီးကို စင်္ကာပူဒေါ်လာ သန်း ၅၃၀ ဖြင့် ဝယ်ယူခဲ့ပြီး ၂ နှစ်ခန့်အကြာတွင် ယခုဈေးနှုန်းဖြင့် ရောင်းထွက်ခဲ့ခြင်းဖြစ်ရာ CITIC Group အတွက် စင်္ကာပူဒေါ်လာ သန်း ၂၀၀ နီးပါး မြတ်စွန်းခဲ့ခြင်းလည်း ဖြစ်သည်။

Gaw Capital အတွက်မူ စင်္ကာပူတွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဒုတိယမြောက်အဆောက်အအုံတစ်လုံး ပိုင်ဆိုင်လာခြင်းလည်း ဖြစ်သည်။

စင်္ကာပူတွင် ရုံးခန်းငှားရမ်းလိုသည့်ကုမ္ပဏီများ မြင့်တက်လာမှုနှင့်အတူ ရုံးခန်းနေရာများ အလွန်ရှားပါးလာမှုကြောင့် ရုံးခန်းငှားရမ်းခမှာ ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်း ၇ ဒသမ ၄ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည်။

CLSA Capital Partners သည် ယခုအဆောက်အအုံကြီးကို Savills Investment Management ၏ ကုမ္ပဏီခွဲတစ်ခုထံမှ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလအတွင်း စင်္ကာပူဒေါ်လာ ၅၂၆ သန်းဖြင့် ဝယ်ယူခဲ့ပြီး ပြန်လည်မွမ်းမံမှုလုပ်ငန်းများအတွက် စင်္ကာပူဒေါ်လာ သန်း ၃၀ အကုန်အကျခံ မွမ်းမံခဲ့သေးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service