ကမ္ဘာကျော် အော်တာနေးတစ်ဗ်ရော့ခ် ဂီတအဖွဲ့ကြီး Smashing Pumpkins ၏ ရှေ့ထွက်အဆိုတော် ဘီလီကော်ဂန်က ချီကာဂိုရှိ နေအိမ်ကို ကန်ဒေါ်လာ ၂ သန်းဖြင့် အရောင်းဈေးကွက်တင်

ကမ္ဘာကျော် အော်တာနေးတစ်ဗ်ရော့ခ် ဂီတအဖွဲ့ကြီး Smashing Pumpkins ၏ ရှေ့ထွက်အဆိုတော် ဘီလီကော်ဂန်က ချီကာဂိုရှိ နေအိမ်ကို ကန်ဒေါ်လာ ၂ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
31 Jan 2019 12:02 pm တွင် တင်ခဲ့သည်
1023 ကြိမ် ကြည့်ရှု့ပြီး

Smashing Pumpkins သည် အမေရိကန် အော်တာနေးတစ်ဗ်ရော့ခ်တေးဂီတဝိုင်းကြီးဖြစ်ပြီး အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့တွင် ၁၉၈၈ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သည်။

ရှေ့ထွက်အဆိုတော် ဘီလီကော်ဂန်နှင့် ဂစ်တာသမား ဂျိမ်းစ် အိုင်ဟာတို့က ၁၉၈၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ နောက်ပိုင်းတွင် ဘေ့စ်ဂစ်တာသမား ဒါစီ ရက်ဇ်ကီနှင့် ဒရမ်သမား ဂျင်မီ ချိန်ဘာလင်တို့ ပါဝင်လာခဲ့သည်။

ဘီလီကော်ဂန်၏ နေအိမ်ကို ၁၉၀၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လာဗန်ဒါပန်းရောင် ဆေးသုတ်ထားသည့် ဝိတိုရိယဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည်။

ချီကာဂိုရှိ လိတ်ခ်ဗျူးအရပ်တွင် တည်ရှိပြီး ကန်ဒေါ်လာ ၂ သန်းဈေးခေါ်ထားသည်။

ဘီလီကော်ဂန်သည် Smashing Pumpkins ၏ ရှေ့ထွက်အဆိုတော်၊တေးရေးတစ်ဦးဖြစ်သည်။

ဘီလီကော်ဂန်သည် အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၄ ခန်းပါဝင်သော ချီကာဂိုနေအိမ်တွင် ၁၉၉၃ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ နေထိုင်ခဲ့သည်။

ကော်ဂန်က ၂၀၀၀ ပြည့်နှစ်တွင် အရောင်းဈေးကွက်စတင် တင်သွင်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ကန်ဒေါ်လာ ၁ သန်းဖြင့် ရောင်းထွက်ခဲ့သည်။

အဆိုပါနေအိမ်ကို ရောင်းချပြီးနောက် ဘီလီကော်ဂန်သည် ဖလော်ရီဒါပြည်နယ်ရှိ ရွှေကမ်းရိုးတန်းဟုခေါ်သော ဒေသတွင် အိပ်ခန်း ၂ ခန်းပါ ကွန်ဒိုခန်းတစ်ခန်းကို ကန်ဒေါ်လာ ၂ ဒသမ ၉၅ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း ချီကာဂို ထရီဗြွန်းတွင် ဖော်ပြသည်။

ဘီလီကော်ဂန်သည် ကမ္ဘာကျော်အမျိုးသမီးတေးသံရှင် ကော့တ်နေးလာ့ဗ်နှင့် ချစ်ကြိုးသွယ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။

(ကော့တ်နေးလာ့ဗ်သည် Nirvana အဖွဲ့ကြီးမှ အဆုံးစီရင်သွားသော အဆိုတော် ကတ်ကိုဘိန်း၏ ဇနီးဟောင်းဖြစ်သည်။)

လက်ရှိပိုင်ရှင်များသည် ၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်အကြား အန်းဘုရင်မကြီးဟန် ဝိတိုရိယဗိသုကာဖြင့် ဆောက်လုပ်ထားသည့် နေအိမ်ကြီးတွင် ကြမ်းပြင်မှ မျက်နှာကြက်အထိ ပြုပြင်မွမ်းမံမှု များစွာပြုလုပ်ခဲ့သည်။ပြင်သစ်တံခါးများပေါ်ရှိ လက်ရာများ၊ သစ်ထည်လက်ရာများ၊ လှေကားခွင်၊ ကော်နစ်လက်ရာများ၊ နံရံမှ အပြင်သို့ စွန်းထွက် ခုံးထွက်ကာ ဆောက်လုပ်ထားသည့်ပြတင်းများ၊ သစ်သားဘောင်တန်းများ(သို့မဟုတ်) အခြားသော မှန်ဘောင်တန်းများသည် စီရရီ တန်းစီလျက် ဖွဲ့စည်းထားပြီး ပီယာနိုခလုတ်များနှင့် တူနေသောကြောင့် piano window ဟုခေါ်သော ပြတင်းများ အစရှိသည့် အရာအားလုံးကို အပြစ်အနာဆာမရှိစေရန် မွမ်းမံထားသည်ကို တွေ့ရသည်။

အောက်ထပ် ဧည့်ခန်းတွင် မီးလင်းဖိုကြီးတစ်ခုတွေ့ရပြီး ညစာစားခန်းတွင်လည်း မီးလင်းဖိုတစ်ခု ထပ်မံတွေ့ရကာ မီးလင်းဖိုအတွင်း သလင်းဖန်မီးဆိုင်းကြီးတစ်ခုလည်း တပ်ဆင်ပေးထားသည်။

ယနေ့ကာလ စံနှုန်းများကို အမီလိုက်ရန် မီးဖိုဆောင်ကို အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်ခဲ့ရာ နှမ်းဖတ်ကျောက် စားပွဲမျက်နှာပြင်များ၊ five-burner ပါဝင်သော မီးဖိုထည့်သွင်းပေးခြင်းများ ပြုလုပ်ထားသည်။

စုစုပေါင်း အိပ်ခန်း ၇ ခန်း ပါဝင်သည့်အနက် ၆ ခန်းမှာ ဒုတိယနှင့် တတိယထပ်များတွင် တည်ရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service